အွန်လိုင်းချစ်သူ အင်ဒိုကောင်လေးရှိရာသို့ ငွေစုပြီးအရောက်လာခဲ့တဲ့ အီတလီကောင်မလေး

ဒီနှစ်ကတော့ အာရှသားတွေ စန်းပွင့်နေတဲ့ နှစ်လို့ တောင်ဆိုရမှာပါ။ ဒီနေ့ခေတ်မှာဆိုရင်တော့ အင်တာနက်ကို ခေတ်သစ်မြှားနတ်မောင်လို့ တောင် ပြောင်းလဲပြီး ခေါ်ရမလို ဖြစ်နေပါပြီ။စမတ်ဖုန်းတွေ များပြား လာပြီး၊လူတစ်ယောက်နဲ့ တစ်ယောက်ကို ဆက်သွယ်ပေးနို င်တဲ့ ဆို ရှယ်မီဒီယာတွေကြောင့် ကမ္ဘာကြီးဟာ တကယ်ပဲ ရွာကြီးတစ်ရွာလို့ ဖြစ်လာပါပြီ။online dating ဆိုတဲ့ စကားလုံးဟာလည်း တဖြ ည်းဖြည်း တွင်ကျယ်လာပြီး အွန်လိုင်းပေါ်မှ တစ်ဆင့် ချစ်ကျွမ်းဝင်ပြီး လက်ထပ်တဲ့ စုံတွဲအရေအတွက် ဟာ တဖြည်းဖြည်း ပိုများလာပါပြီ။အွန်လိုင်းချစ်သူ စုံတွဲတွေထဲမှာ အီတလီကောင်မလေးနဲ့ အင်ဒိုနီးရှား ကောင်လေး တို့ စုံတွဲလည်း ပါဝင်ပါတယ်။

အသက် (၂၁)နှစ်အရွယ် အီတလီအမျိုးသမီး Ilari ဟာ အသက် (၂၃)နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသား Dzulfikar နဲ့ အွန်လိုင်းပေါ် မှာ ဆုံတွေ့ခဲ့ပါတယ်။တစ်ဦးနဲ့တစ်ဦး Facebook ပေါ်မှာ ဆက်သွ ယ်ပြော ဆိုရာကနေ တစ်ဖြည်းဖြည်း သံယောဇဉ်တွေတိုးလာပြီး တစ် ဦးနဲ့တစ်ဦး မေတ္တာသက်ဝင်ခဲ့ကြပါတယ်။ဒါပေမယ့် သူတို့ရဲ့ အချစ်ဟာ virtual world ထဲမှာပဲ ရှိပြီး တကယ့်လက်တွေ့ဘ၀ထဲမှာတော့ ဖြစ်မလာခဲ့ပါဘူး။အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် မဆုံတွေ့နိုင် ခဲ့ပါဘူး။ဒါပေမယ့် လက်ထပ်ကြမယ်လို့ ကတိပြုခဲ့ကြပါတယ်။

READ
ကလေးတွေ ကျောင်းတက်ဖို့ ငြင်းဆန်ရတဲ့အထိ သောင်းကျန်းနေတဲ့ သရဲများ

ပုံမှန်အားဖြင့်ဆိုရင်တော့ အွန်လိုင်းပေါ်က ချစ်ဇာတ်လမ်းတွေ တော်ေ တ်ာများများဟာ အချိန်တန်တော့ လေထဲမှာပဲ ပျောက်ကွယ်သွား တ တ်ကြပါတယ်။ဒါပေမယ့် ရေခြားမြေခြားပြီး နိုင်ငံချင်းကလည်း အရမ်းေ ၀းကွာပေမယ့် သူတို့စုံတွဲရဲ့ ချစ်ဇာတ်လမ်းကတော့ တကယ်ပဲ အေ ကာင်အထည် ဖော်နိုင်ခဲ့ပါတယ်။Ilaria က အီတလီမှာရှိတဲ့ သူမရဲ့ မိဘတွေကို ခွင့်တောင်းပြီး ချစ်သူရှိရာ အရပ်ကို စွန့်စွန့်စားစား ထွက် လာခဲ့ပါတယ်။ကောင်လေးရှိတဲ့ အရပ်ကို လိုက်လာဖို့ နှစ်နှစ်ေ လာက် အချိန်ယူခဲ့ရပြီး ဧပြီလ(၁၈)ရက်နေ့မှာတော့ ချစ်သူ Dzulfikar နေတဲ့ အင်ဒိုနီးရှားနိုင်ငံ Kandeman  ခရိုင်မှာရှိတဲ့ Tragung  ဆိုတဲ့ ရွာကို လိုက်လာခဲ့ပါတယ်။

 

နိုင်ငံခြားသူတစ်ယောက် ရွာကို ရောက်လာတော့ တစ်ရွာလုံးက ထူး ဆန်း အံ့သြနေခဲ့ကြပါတယ်။Dzulfikar ရဲ့ အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။ရဲတွေကလည်း Dzufikar ရဲ့ အိမ်ကို စစ်ဆေးဖို့ ရောက်လာခဲ့ပါတယ်။ဒီလိုရွာလေးကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကို မေးခဲ့ပါတယ်။” အင်ဒိုနီးရှား ကိုလာဖို့ အီတလီက စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး နှစ်နှစ်လောက် ငွေစုခဲ့ရတယ်” လို့ Ilaria ကပြောခဲ့ပါတယ်။အွန်လိုင်းပေါ်က အချစ်ဟာ မလေးနက် ဘူး ဆိုတဲ့ စကားဟာ Ilaria နဲ့ Dzulfikar အတွက်ကတော့ လုံးဝကို ဆန့်ကျင်နေပါတယ်။

READ
ဗြိတိန်ရဲ့ မုတ်ဆိတ်အရှည်ဆုံးလူသားဆုကို ရယူနိုင်ခဲ့သူ

Nilar(Shwemom)

Ref;worldofbuzz

SHARE