သင့်ဘ၀ကိုပြောင်းလဲသင့်နေပြီဆိုတာကို သတိပေးနေတဲ့အချက်များ

သင့်ဘ၀ကိုပြောင်းလဲချင်နေပြီလား။ဘ၀ကိုအပြည့်အ၀ ရှင်သန်မနေထိုင်ဘဲ အလဟဿ    ကုန်ဆုံးသွားမှာ နှမြောဖို့ကောင်းလွန်းပါတယ်။ဒီအချက်တွေအတိုင်းသင်ဖြစ်နေတယ်ဆိုရင် သင့်ဘ၀ကို ပြောင်းလဲသင့်နေပါပြီ။

၁။အားလပ်ရပ်တွေကိုပဲ သင် မျှော်နေတတ်တယ်။

အားလပ်ရက်ဆိုတာကောင်းပါတယ်။ဒါပေမဲ့ သင်တကယ်မြတ်နိုးတဲ့အလုပ်တစ်ခုမှာ နေ့ရက်တိုင်းကပျော်ဖို့ကောင်းနေမှာပါ။သင်ဘ၀ကြီးဟာ မလုပ်ချင်တဲ့အလုပ်တွေမှာ လုပ်နေရပြီးတော့ ပိတ်ရက်တွေမှာမှ ပျော်ဖို့ကောင်းနေတယ်ဆိုရင် သင်အပြောင်းအလဲတစ်ခုခုလုပ်သင့်နေပါပြီ။သင်ပိတ်ရက်တွေအတွက် အစီအစဉ်ကြိုတင်ဆွဲထားလို့ရပါတယ်။ဒါပေမဲ့ ပိတ်ရက်တွေမှာမှ သင်တကယ်ပျော်ရွှင်ရတယ်ဆိုရင်တော့ သင့်ဘ၀ရဲ့နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အပြောင်းအလဲတစ်ခုလုပ်သင့်နေပါပြီ။ ” ဘ၀မှာအောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ သင်လုပ်နေတဲ့အရာကို သင်မြတ်နိုးဖို့ပါပဲ။သင်မြတ်နိုးတဲ့အရာကိုမတွေ့သေးဘူးဆိုရင် ဆက်လက်ရှာဖွေနေပါ ” လို့ SteveJobs ကပြောခဲ့ပါတယ်။1

၂။သင်အပန်းဖြေ ခရီးထွက်ပြီး အနားယူဖို့ပဲစဉ်းစားနေတတ်တယ်။

အပန်းဖြေခရီးထွက်တယ်ဆိုတာ အင်မတန်ပျော်ဖို့ကောင်းတဲ့အရာတစ်ခုပါ။ဒါပေမဲ့ သင်အလုပ်ကနေပြီးတော့ အပန်းဖြေခရီး ထွက်စရာတောင် မလိုအပ်တဲ့ဘ၀မျိုးပိုင်ဆိုင်ထားတာ ပိုပြီးကောင်းပါတယ်။” သင်ရဲ့နောက်ထပ် အပန်းဖြေခရီးက ဘယ်ကိုသွားရင်ကောင်းမလဲလို့ စဉ်းစားနေခြင်းထက် အပန်းဖြေခရီး တစ်ကူးတက ထွက်စရာမလိုအောင် ကောင်းမွန်တဲ့ ဘ၀မျိုးတည်ဆောက်နေတာက ပိုကောင်းပါတယ် ” လို့ Seth Godin ဆိုသူဈေးကွက်စီးပွားရေးပညာရှင်နဲ့ စာရေးဆရာ တစ်ဦးကပြောပါတယ်။သင်ရဲ့ အပန်းဖြေခရီးထွက်တဲ့ ရက်အတွင်းမှာပဲ ပျော်ဖို့ကောင်းတာမဟုတ်ဘဲ သင့်ဘ၀ရဲ့အချိန်များမှာ ပျော်ရွှင်နေတာ ပိုကောင်းပါတယ်။၂

READ
အပေါ်ကိုမော့ကြည့်လို့ညောင်းရင် အောက်ကိုလည်းငုံ့ကြည့်ပါ။

၃။သင်အခု ခဏရပ်ပြီးတွေးကြည့်လိုက်ပါ။သင်ဟာသင့်ဘ၀အတွက် ဦးစားပေးကိစ္စတွေအတွက် ရှင်သန်နေရဲ့လား။

သင့်ရဲ့ ဦးစာပေးအချက် ၃ ကိုချရေးကြည့်လိုက်ပါ။သင်ဘ၀မှာ ယခုလုပ်ဆောင်နေတဲ့ ကိစ္စ ၃ ခုကိုချရေးကြည့်ပါဦး။သင်ဘ၀အတွက် ဦးစားပေးအရာတွေကိုလုပ်ဆောင်ဖြစ်ရဲ့လား။သင့်ဘ၀ရဲ့ ဦးစားပေးကိစ္စတွေကို အမြဲလုပ်ဆောင်နေရတာဟာ သင်ဘ၀ကိုကျေနပ်စေမဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။သင်ဘ၀အတွက်အရေးကြီးအရာတွေကိုတောင် မလုပ်ဆောင်နိုင်သေးဘူးဆိုရင်တော့ သင့်ဘ၀ကိုပြောင်းလဲသင့်ပါပြီ။8832f793b10a24f547d6a55b4ac8ac67၄။ သင်ဘ၀မှာ ဘာကိုဝါသနာပါလဲဆိုတာ သင်မသိသေးဘူး၊သင့်အဲ့ဒီအရာကိုလည်း မရှာဖွေနိုင်သေးဘူး။

သင်ရဲ့ ၀ါသနာပါတာ  ဘာလဲဆိုတာကိုမသိသေးဘူးဆိုရင် သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကျအတိုင်းဆက်နေနေမယ်ဆိုရင် နှစ်တွေကြာသွားရင်တောင် သင်သိဦးမှာမဟုတ်ပါဘူး။သင်ဘာကို ၀ါသနာပါလဲဆိုတာသိချင်ရင် သင်ဟာ ဘယ်သူလဲ၊သင့်ရဲ့အားသာချက်တွေက ဘာတွေလဲ၊သင်ဘယ်အရာတွေမှာစိတ်ဝင်စားလဲဆိုတာကို သိဖို့ အချိန်ယူပါ။အသစ်သောအရာတွေကို သင်ယူပါ။စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ လူတွေဆီချည်းကပ်ပါ။သင့်ကို စိတ်လူပ်ရှားစေတဲ့ အရာတွေကို ရှာဖွေပါ။light၅။သင်ဟာ အမြဲတမ်း မနာလိုငြူစူနေလေ့ရှိတယ်။

သင်ကိုယ်သင် တစ်ယောက်ယောက်ကို မနာလိုငြူစူနေတတ်တာကို တွေ့ရတယ်ဆိုရင် ချက်ခြင်းပြောင်းလဲဖို့အချက် ၃ ချက်ရှိပါတယ်။

READ
ရည်မှန်းချက်ပျောက်နေလား လူငယ်?

၁။ သူဘာလုပ်နေတယ်၊ဘာဖြစ်နေတယ်ဆိုတာကိုသိပ်မတွေးပဲ သင်ဘ၀ကိုပဲ အာရုံစိုက်ထားပါ။လိုအပ်လာရင် Social media ကိုလျှော့သင့်ရင် လျှော့ပါ။

၂။ သင်မနာလိုဖြစ်နေတဲ့သူဆီကနေ သင်ထက်သာနေတဲ့အချက်တွေကိုအတုယူပါ။သူထက်သာအောင်ကြိုးစားကြည့်ပါ။

၃။ သင့်ဘ၀မှာ သင်မနာလိုဖြစ်နေတဲ့လူကြောင့် သင်ပိုကြိုးစားချင်လာတာပါ။ဒါကြောင့်သူ့ကို မနာလို မဖြစ်ပဲ သင်ကျေးဇူးတောင် တင်သင့်ပါတယ်။သင်တစ်ယောက်ယောက်ကို မနာလိုဖြစ်နေပြီဆိုရင် ဘာကြောင့်မနာလိုရတာလဲဆိုတာစဉ်းစားကြည့်ပါ။သင်ဘ၀ကို သင်ကိုယ်တိုင်တည်ဆောက်ပါ။သင့်ဝါသနာ၊သင်လုပ်ရမဲ့အလုပ်တွေကိုသင်လုပ်ပါ။တခြားတစ်ယောက်လိုမဖြစ်ချင်ပါနဲ့။jealous

Quotes by The Success
သင်ရေလိုက်ငါးလိုက်ပဲ နေနေမယ်ဆိုရင်တော့ သင့်ဘ၀မှာ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး

၆။သင်ဘ၀မှာ အထူးတလည်မကြိုးစားဘဲ ရေလိုက်ငါးလိုက်နေ နေတာ တော်တော်ကြာနေပါပြီ။

အမေရိကန်စာရေးဆရာတစ်ဦးဖြစ်သူ Neale Donald Walsch ပြောခဲ့တာကတော့ ဘ၀ဆိုတာ ရုန်းကန်ကြိုးစားခြင်းပါပဲ။သင်ပိုကြိုးစားနေလေလေ သင်ဘ၀က အံ့ဩဖို့ကောင်းလေလေပါပဲတဲ့။သင်လုပ်နိုင်တဲ့အရာတွေကိုမလုပ်ခဲ့ပဲ သင်ဘ၀ကုန်ဆုံးသွားရမှာ နှမြောဖို့ကောင်းလွန်းပါတယ်။သင်ဘ၀ကို သင်ပြောင်းလဲဖို့အချိန်တန်ပြီဆိုရင်အသေးဆုံး ခြေလှမ်းကလေးကနေ စတင်ပြီးကြိုးစားကြည့်ပါလို့အားပေးချင်ပါတယ်။

Lumos(shwemom)

Ref : Lifehack

SHARE