မိန်းကလေးတိုင်း ဖတ်ကြည့်သင့်တဲ့ ဆရာမဂျူးရဲ့ စာအုပ်များ

ဂျူးဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့တော်တော်များများ အထူးသဖြင့် အမျိုး သားတွေက Feminist တစ်ယောက်လို့ပဲ မြင်ကြပါတယ်။ဒါပေမယ့် မိန်းကေ လးတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်စေချင်တဲ့ စေ တနာတွေကိုတော့ ဆရာမရဲ့ စာအုပ်တွေကို ဖတ်ဖူးသူတိုင်းသိပါတယ်။ ဆရာမ ရဲ့ စာအုပ်တွေတိုင်းမှာဗဟုသုတဖြစ်စရာနောက်ခံအကြောင်းအရာကိုပါ အြေ ခပြုပြီး ဇာတ်အိမ်တည် လေ့ရှိပါတယ်။ဆရာမဂျူးရဲ့ စာအုပ်ကောင်းတွေ အများ ကြီးရှိပါတယ်။အဲ့ဒီထဲကမှ ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်ချို့ကို  Shwemom ပရိသတ်တွေအတွက် ညွှန်းချင်ပါတယ်။

(၁)အမှတ်တရ

ဒီစာအုပ်လေးကို ရွေးရတဲ့ အကြောင်းရှိပါတယ်။အဲ့ဒါကတော့ အမှတ်တရနဲ့ ဆရာမဂျူး၊ဆရာမဂျူးနဲ့ အမှတ်တရဆိုတာ အမြဲတွဲမြင်မိတတ် တာရယ်၊အရမ်းေ ကာင်း၊အရမ်းကြိုက်ခဲ့ရတဲ့ ၀တ္ထုလေးဖြစ်တာကြောင့်ပါ။ဆရာမရဲ့ ၀တ္ထုတွေ ထဲမှာတော့ အချစ်ကိုပေါ်လွင်အောင် အပြနိုင်ဆုံးစာအုပ်လို့ ထင်မိပါတယ်။ ဖတ်လိုက်တဲ့ အချိန်တိုင်းမှာ ခံစားရတာက ၀တ္ထုတစ်ပုဒ်ကို ဆိုတာထက် ဒိုင် ယာရီစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ခံစားရပါတယ်။ဘယ်နှစ်ကြိမ်၊ ဘယ်နှ စ်ခေါက်ပဲ ပြန်ဖတ် ပါစေ  ဇာတ်ကောင် စုစုထွေးဆိုတဲ့ မိန်းကလေးရဲ့ နေရာမှာ ကိုယ်ရောက်သွားသလိုမျိုး ခံစားနေရတုန်းပဲ။ဖတ်ခဲ့ဖူးတဲ့ အမှတ် တရရဲ့ ပုံနှိပ်မှတ်တမ်းဆိုတဲ့ နေရာမှာ (၁၉၈၇)၊စက်တင်ဘာ လမှာ အင်ကြင်း မြိုင်စာေ ပမှ ပထမဆုံး ပုံနှိပ်ထုတ်ဝေတယ်လို့ ရေးထားတာ ကိုကြည့်ခြင်းအားဖြင့် ဒီစာအုပ်လေးရဲ့ သက်တမ်းကို သိနိုင်ပါတယ်။တော်တော် များများတော့ ဖတ်ဖူးကြမှာပါ။ တက ယ်လို့ မဖတ်ရသေးတဲ့ သူရှိရင်လည်း သေချာပေါက်ဖတ် ကြည့်ဖို့ တိုက်တွန်းချင် ပါတယ်။

READ
အေဗရာဟမ်လင်ကွန်းအကြောင်း လူသိနည်းတဲ့အချက်(၁၂)ချက်

(၂)ပင်လယ်နဲ့တူသောမိန်းမများ

ဆရာမဂျူးရဲ့အပြောင်မြောက်ဆုံးလက်ရာတွေထဲကတစ်ခုပါ။အဖွား၊အမေနဲ့မြေး(မငွေအိမ်၊အိမ်စိုးမေ၊ ငွေအိမ်စံ)အထိ မျိုးဆက်(၃) ဆက်ကိုပုံဖော်ထားပါတယ်။ ကိုလိုနီခေတ်၊ရေနံမြေသပိတ်နဲ့ လွတ်လပ်ရေးမရခင်နဲ့ရပြီးခေတ်တွေက နိုင်ငံေ ရးအခြေအနေတွေကို ဇာတ်အိမ်တည်ထား တာပါ။ တခါကဧရာဝတီညများ ဆို တဲ့ နာမည်နဲ့ ရုပ်ရှင်အဖြစ် ပြန်ရိုက်ကူးတော့လည်း အမှန်အတိုင်းပြောရင် မူရင်း စာအုပ်လောက်တော့ မကြိုက်ပေမယ့် တကယ်ကောင်းတဲ့ ဇာတ်ကားတစ် ကား ဆိုတဲ့ အချက်ကိုတော့ လက်ခံပါတယ်။အိမ်စိုးမေ ဆိုတဲ့ ဇာတ်ကောင်လို  တော် လည်းတော်၊ ရဲလည်းရဲရင့်၊ထက်မြက်ပြတ်သားတဲ့ မိန်းကလေးဖြစ်ချင်လိုက်တာ လို့ တွေးမိတဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။ “မမအိမ်စိုးမေ” ဆီကနေ စာဖတ်သူ မိန်းကလေးတွေအနေနဲ့ အတုယူစရာတွေ အများကြီးကို ရမှာ လုံးဝသေ ချာ ပါတယ်။

(၃)မရှိမဖြစ်မိုး

မရှိမဖြစ်မိုး ဆိုတဲ့ နာမည်ကို ကြားလိုက်ရင် မျက်စိထဲမှာ အရင်ပေါ်လာတက တွင်းတောင်၊ စပီရူလိုင်းနား ပါ။တွင်းတောင်ကို တကယ့်အပြင်မှာတော့ တစ်ခါမှ မရောက်ဖူးပေမယ့် မရှိမဖြစ်မိုး ကို ဖတ်ဖူးသူတိုင်းကတော့ စာအုပ်ထဲကနေ မကြာခဏရောက်ဖူးကြမှာပါ။ဇာတ်ကောင် ခင်မိုးမြင့်(မိုး)သာမက သူမရဲ့ အလုပ်ဖြစ်တဲ့ စပီရူလိုင်းနား သုတေသနလုပ်ငန်းအကြောင်းကို စာဖတ်သူတွေ စိတ်ထဲ ၀င်သွားအောင် ထည့်ပေးနိုင်ပါတယ်။Strong ဖြစ်ပြီး ထက်မြက်တဲ့ မိုးရဲ့ ဇာတ်ကောင်က စာဖတ်သူ မိန်းကလေးတွေအတွက် အတုယူစရာတွေရ မှာသေချာပါတယ်။မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ဇာတ်ကောင် မိုး ဆီကနေ တခုခုတော့ ရပါလိမ့်မယ်။

READ
ခေါင်းချင်းထပ်ပြီး လှေကားပေါ်တတ်ပြကာ ဂင်းနစ်မှတ်တမ်းတင်ခဲ့တဲ့ ဗီယက်နမ်နှစ်ဦး

(၄)ကြယ်ကြွေတို့ရဲ့ အတောင်ပံ

ဆရာမဂျူးရဲ့ ဒီစာအုပ်ထဲကဇာတ်ကောင်အမျိုးသမီးက ဆရာမရဲ့ စာအုပ်တော်ေ တ်ာများများမှာ တွေ့ရတဲ့ မိန်းကလေးဇာတ်ကောင်တွေလို  မထက်မြက်သလို၊ ပညာတတ်မိန်းမတစ်ယောက်မဟုတ်ပါဘူး။ကျေးရွာတစ်ရွာမှာနေနေတဲ့ သာ မန် ရွာသူတစ်ယောက်ပါ။ဒါပေမယ့် ဒီမိန်းကလေးမှာ တခြား မိန်းကလေးတွေ မှာ မရှိတဲ့သတ္တိ သူမမှာ ရှိပါတယ်။သူမရဲ့ အလိုဆန္ဒလုံးဝမပါပဲ အိမ်ထောင်သည်ေ ယာက်ျားတစ်ယောက်က အနိုင်ကျင့်စော်ကားတာခံလိုက်ရပြီး ကိုယ်ဝန်ရခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။အရှက်က အသက်ထက် အရေးကြီးတယ်ဆိုတဲ့ မြန်မာလူ့အသိုင်းအ၀ိုင်းကြားမှာ ဒီ ကလေးကို မွေးပြီး အကောင်းဆုံး ပြုစုပျိုးေ ထာင်ပေးခဲ့ပုံအကြောင်းရေးထားတဲ့ စာအုပ်ပါ။ကိုယ်ကြိုက်နှစ်သက်ခဲ့တဲ့ စာအုပ် တစ်ချို့ကို ပြန်ပြီး ဝေမျှပေးခြင်းသာဖြစ်ပါတယ်။ ဆရာမဂျူးရဲ့ စာအုပ်တွေ ထဲက မှ မိန်းကလေးတွေအတွက် ခွန်အားဖြစ်စေမယ့်စာအုပ်(ဒါမှမဟုတ်) အကြိုက် ဆုံး တခြားစာအုပ်တွေရှိရင်လည်း Comment Box မှာ ၀င်ရောက်အကြံပြုနိုင် ပါတယ်။

Nilar(Shwemom)

SHARE