စင်္ကာပူကိုမသွားခင် သိထားသင့်တဲ့ ဥပဒေများ

စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တိုးတက်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံသားတွေကို ဒီမိုကရေစီစနစ်အရ ဥပဒေဖြင့် ပြစ်မှုပြစ်ဒဏ်တွေကို စီရင်တာဖြစ်ပေမယ့် အချို့ဥပဒေတွေကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်နေတာမျိုးတွေလည်း ရှိနေပါသေးတယ်။ လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးခြင်းစနစ်ကို ရပ်ဆိုင်းထားပေမယ့် ကြိဏ်ဒဏ်ပေးခြင်းစနစ်ကတော ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကာပူကိုမသွားခင် မြန်မာတို့ သိသင့်တာလေးတွေကို Shwemom ကနေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကွမ်း/ပီကေ၀ါခြင်း/တံထွေးထွေးခြင်း

ကွမ်း/ပီကေ၀ါးခြင်းကို စင်္ကာပူမှာ ဥပဒေအရ တားမြစ်ထားပါတယ်။ အိမ်မှာဟော်တယ်မှာတော့ စားလို့ရပြီး လူမြင်ကွင်းမှာ ရှောင်ရှားဖို့ လိုပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ရှေးရှုပြီး အခုလို တားမြစ်ထားတာလို့ သိရပါတယ်။ တွေ့ရှိပါက အပြစ်
အကြီးအသေးပေါ်မူတည်ပြီး ဒေါ်လာ (၁၀၀) မှ (၅၀၀) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

(၂) အမှိုက်စွန့်ပစ်ခြင်း

အမှိုက်စွန့်ပစ်ခြင်းကို စင်္ကာပူမှာ အထူးတင်းကြပ်ပါတယ်။ အမှိုက်အသေးအဖွဲ့လေးပစ်မိသည်ကိုပင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် မပေးဘဲ ဒဏ်ငွေ ဒေါ်လာ (၃၀၀) အထိ ရိုက်ခံရနိုင်ပါတယ်။ ရေသန့်ဘူး၊ ဘီယာပုလင်းကဲ့သို့သော အမှိုက်ဆိုရင် တရားရုံးမှာ တရားရင်ဆိုင်ရနိုင်တဲ့အထိ ကြီးကျယ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ကိုလည်း အရမ်းကာရော သောက်လို့မရပါဘူး။ ကိုယ်ပိုင်အခန်းမှာမဟုတ်ရင် လမ်းပေါ်မှာ သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်ဖို့ ဧရိယာလေးတွေ ရှိပါတယ်။ ဒါကို ရှောင်လွှဲပြီး ဥပဒေကို ကျော်လွန်ကာ ဆေးလိပ်သောက်မယ်ဆိုရင် ဥပဒေအရ အရေးယူခံရပါမယ်။ 2009 ခုနှစ်နောက်ပိုင်းမှာ ဆေးလိပ်သောက်ခြင်းကို အထူးကြပ်မက်ခဲ့ပြီး ဆေးလိပ်သောက် ဧရိယာတွေကို လျှော့ချခဲ့ပါတယ်။

READ
တကိုယ်တော်ခရီးသွားအမျိုးသမီးများအတွက် လည်ချင်စရာနေရာများ

(၄) လိင်တူအချစ်ရေး

စင်္ကာပူနိုင်ငံမှာ ပုံမှန်မဟုတ်သော၊ သဘာဝနည်းဖြင့် ဆန့်ကျင်သော အချစ်ရေးကိစ္စကို ကျူးလွန်ကြောင်းထင်ရှားလျှင် ဥပဒေအရ ရာဇ၀တ်မှု မြောက်ပါတယ်။ ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး ဒဏ်ငွေပမာဏလည်း များပြားပါတယ်။

(၅) လမ်းဖြတ်ကူးခြင်း

လမ်းဖြတ်ကူးခြင်းကိုလည်း နမောနမဲ့ ကူးလို့မရပါဘူး။ နေရာအနှံမှာ သတ်မှတ်ထားတဲ့ လမ်းဖြတ်ကူုးရန် နေရာတွေ ရှိပါတယ်။ ယဉ်မောင်းတွေလည်း လမ်းဖြတ်ကူးရန်နေရာမှာ အရှိန်လျှော့မမောင်းရင် မြင့်မားတဲ့ ဒဏ်ကြေးပေးရပါတယ်။ လမ်းဖြတ်ကူးရာမှာ စည်းကမ်းမလိုက်နာရင် ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။

(၆) ဓာတ်လှေကားထဲမှာ အပေါ့သွားမိခြင်း

လူမမြင်ကွယ်တဲ့ ဓာတ်လှေကားထဲမှာ အပေါ့သွားမိရင်လည်း ပြဿနာတက်နိုင်ပါတယ်။ အကြောင်းကတော့ ဆီးအနံ့ရတာနဲ့ ကိရိယာတွေက အနီးဆုံးလုံခြုံရေးအရာရှိကို အသံမြည်ပြီး အသိပေးပါတယ်။ တံခါးလည်း ဖွင့်မရတော့ပါဘူး။ လုံခြုံရေးအရာရှိ လက်ပူးလက်ကြပ်ဖမ်းနိုင်အောင် စီမံထားတာ ဖြစ်ပါတယ်။ အချို့ဆို အပေါ့သွားနေရင်း တန်းလန်း ဖမ်းမိတာတောင် ရှိပါတယ်။ ဒဏ်ငွေအနည်းဆုံး (၁၀၀)ကနေ (၅၀၀) အထိ ရှိပါတယ်။

READ
ခွေးချစ်သူများအတွက် ဘန်ကောက်မြို့က True Love Café ဆိုင်

(၇) လက်သရမ်းဖျက်ဆီးခြင်း

စင်္ကာပူမှာ ပြည်သူပိုင်ပစ္စည်းတွေကို လက်သရမ်းဖျက်ဆီးခြင်းကို အထူးနှိပ်ကွပ်ထားပါတယ်။ ထောင်ဒဏ်နှစ်လနဲ့ ပြင်းထန်သော ကြိမ်ဒဏ် (၈)ချက်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဒဏ်ငွေစနစ်မရှိပါ။ ပြစ်မှုကြီးရင် ထောင်ဒဏ်တိုးသွားတာပဲ ရှိပါတယ်။

(၈) ဆေးဝါး

စင်္ကာပူကို သွားမယ်ဆိုရင် အိမ်သုံးဆေးဝါးပဲဖြစ်ဖြစ်၊ အခြားနည်းလမ်းဖြင့် စီးပွားရေးအရပဲဖြစ်ဖြစ် ဆေးဝါးသယ်ယူခွင့် မရှိပါဘူး။ ၎င်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဆေးဝါးဖြစ်ရင်တောင် အကန့်အသတ်နဲ့သာ သယ်ခွင့်ရှိပါတယ်။ စင်္ကာပူရဲတွေဟာ ရုတ်တရက် ခရီးသွားတွေကို တရားမ၀င်ဆေးဝါး(၎င်းနိုင်ငံမှာမှတ်ပုံတင်မထားလျှင် ဘယ်ဆေးဖြစ်ဖြစ် တရြားမ၀င်ဆေးဝါ) စစ်ဆေးမှုတွေ လုပ်တတ်ပြီး ငွေကြေးရှာရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ မဖြစ်မနေ ဒီဆေးကို သောက်ရမည်ဆိုတဲ့ ထောက်ခံချက်ပါလျှင်တော့ မည်သည့်ပြဿနာမျှ မဖြစ်နိုင်ပါ။ ဒါကြောင့် ကျန်းမာရေးကြောင့် မဟုတ်လျှင် ဆေးဝါးကိုလည်း စင်္ကာပူရောက်မှ ၀ယ်သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။

နတ်စည်တော် (Shwemom)

sm

SHARE