Botox မလိုတဲ့ အရွယ်တင်နုပျိုလှပစေမယ့် သဘာဝပစ္စည်းများ

မျက်နှာမှာ အရေအကြောင်းတွေမရှိပဲ ချောမွတ်ပြီး တင်းနေတဲ့ မျက်နှာကို ပိုင်ဆိုင်ဖို့ ပလတ်စတစ်ဆာဂျရီလုပ်တာတွေ Botox ထိုးတာတွေ မလုပ်ပဲ သဘာဝနည်းနဲ့လည်း လုပ်လို့ရပါတယ်။အလှအပ beauty blogger တစ်ယောက်ဖြစ်တဲ့ Lucy Sheref ရွေးချယ်ပေးတဲ့ သဘာဝပစ္စည်းေ လးတွေ ကို ဖော်ပြပေးချင်ပါတယ်။

(၁)တလည်းသီး

တလည်းသီးဟာ မျက်နှာမှာအရေးအကြောင်းတွေသက်သာပြီး မျက်နှာလေး တင်းရင်းနုပျိုလှပစေပါတယ်။တလည်းသီးကိုစားတာပဲဖြစ်ဖြစ် သောက်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးမယ်ဆိုရင် မျက်နှာမှာအရေးအကြောင်းတွေ သက်သာလျော့ပါးစေ မှာဖြစ်ပါတယ်။

sti_87984554jpg-js139702737

(၂)သကြား

အလွန်အကျွံစားမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် အေ ရပြားကို ပွတ်တိုက်ပေးတဲ့အရာအဖြစ်သုံးမယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ ပစ္စည်းတစ်မျိုးပါ။ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။

(၃)လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း(green tea)ဟာ အရေပြားကို နေကြောင့်ထိခိုက်ပျက်စီး တာမျိုးကို လျော့ပါးအောင်ကူညီပေးနိုင်ပါတယ်။နေရောင်ဟာ အရေပြားကို အလွယ်တကူပျက်စီးစေ၊အရွယ်ရင့်စေတဲ့ အရာတစ်ခုဖြစ်တာကြောင့် လက် ဖက်ရည်ကြမ်းသောက်ပေးခြင်းဟာလည်း အရေပြားအိုမင်းရင့်ရော်တာတွေကို သက်သာလျော့ပါးစေပါတယ်။

READ
အသက်နဲ့မလိုက်တဲ့ အရွယ်ကို ပိုင်ဆိုင်ထားတဲ့အမျိုးသမီးများ

(၄)ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကတော့ အသားအရေအတွက်ကောင်းတယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ရှားစောင်းလက်ပတ်မှာ ရေဓါတ်ပါတာကြောင့် အသားအရေကို စိုပြေ တောက်ပစေပါတယ်။ရှားစောင်း လက်ပတ်၊သခွား သီးနဲ့ဒိန်ချဉ်တို့ကိုရောပြီး အိမ်မှာနေရင်းနဲ့မျက်နှာအတွက် mask လုပ်လို့ ရပါတယ်။

sti_gettyimages-464023797jpg-js248377949

(၅)ပျားရည်

ပျားရည်ဟာလည်း သဘာဝပိုးသတ်ဆေးတစ်မျိုးပါ။ဒါ့အပြင် cleanser  တစ်ခု လည်းဖြစ်ပါတယ်။ပျားရည်ကို ပန်းသီးနဲ့( chia)စေ့တို့ကိုရောပြီးအ သုံးပြုပေြး ခင်းအားဖြင့် မျက်နှာအသားအရေကို တောက်ပ စေပါတယ်။

(၆)ထောပတ်သီး

အရမ်းကောင်းတဲ့စားစရာတစ်မျိုးပါ။ထောပတ်သီးမှာ အသားအရေအစို ဓါတ် ကိုပေးစွမ်းနိုင်တဲ့ vitamin E ပါရှ်ပါတယ်။ထောပတ်သီး၊ဒိန်ချဉ်(lactic acid) နဲ့ဂျုံမြက်(wheatgrass) ဖျော်ရည် (vitamin A)တို့ဟာ မျက်နှာအစိုဓါတ်အ တွက် တကယ်ကောင်းတဲ့ face mask ဖြစ်ပါတယ်။

Ref;thesun

SHARE