အမ်မရီကန်ရဲ့ လှလှပပ ဂိုးနဲ့အနိုင်ရသွားတဲ့ လီဗာပူး

 

ဒီတစ်ပတ် တနလာင်္နေ့မှာ ကန်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်တွင် လီဗာပူးအသင်းဟာ ကွင်းလယ်ကစားသမား အမ်မရီကန်ရဲ့မှော်ဆန်ပြီး လှပသေသပ်တဲ့ Bicycle Kick ဖြင့် ရရှိသော တစ်လုံးတည်းသော ပထမပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အမ်မရီကန်ရဲ့ သွင်းဂိုးကြောင့် လီဗာပူးအသင်းဟာ အခြားထိပ်သီးအသင်းများဖြစ်သော Manchester United နှင့် Manchester City အသင်းတို့ အမှတ်လျော့နေချိန်တွင် အခွင့်အရေးယူနိုင်ခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်မှာ ပိုမိုအားကောင်းလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာလည်း ပိုမိုစိတ်လှုပ်ရှားဖို့ကောင်းလာခဲ့ပါတယ်။

Myo ko (Shwemom)

Source: The Sun

SHARE