ကျွန်မတို့Living Togetherနေတာကြာပေမယ့် သူကလက်ထပ်ခွင့်မတောင်းသေးဘူး။

Dear Shwemom,

ကျွန်မတို့၂ယောက်စလုံးက အရင်က စင်္ကာပူမှာအလုပ်လုပ်ခဲ့ကြတာပါ။ နောက်တော့မြန်မာပြည်ပြန်ရောက်လာပြီး
ဒီမှာပဲ နေဖြစ်တော့ပါတယ်။ ကျွန်မတို့၇ဲ့မိဘတွေက နယ်မှာပဲနေကြတာပါ။ စင်္ကာပူမှာတုန်းကတော့ချစ်သူတွေပဲဖြစ်
ခဲ့ပြီး အတူမနေကြပါဘူး။ ဒီရောက်ချိန်မှာတော့ အတူတူနေဖြစ်သွားပါတယ်။ ဒါပေမယ့် လက်မထပ်ရသေးပါဘူး။
ကျွန်မသူ့ကိုချစ်သလို သူကလည်း ကျွန်မကိုချစ်ပါတယ်။ ဒါပေမယ့် ကျွန်မစိုးရိမ်လာတာက အခုတစ်နှစ်လောက်ရှိ
ပေမယ့် သူကလက်ထပ်ခွင့်မတောင်းသေးလို့ပါ။ ကျွန်မစိုးရိမ်လာပါပြီ။ ပတ်ဝန်းကျင်မှာလည်း လက်ထပ်ပြီးသယောင်
ကျွန်မတို့နေခဲ့တာပါ။ ဒါပေမယ့် တကယ်လက်မထပ်ရသေးတော့ သူကျွန်မကို ချစ်ရဲ့လား သံသယဖြစ်လာပါတယ်။
ကျွန်မဘာလုပ်သင့်လဲ အကြံပေးပါအုံး။

Shwemom မှအကြံပြုချက်

ညီမရဲ့ပြဿနာမျိုးက နိုင်ငံခြားမှာအဖြစ်များပါတယ်။ နိုင်ငံခြားမှာကတော့ လက်မထပ်ပဲ အတူတူနေလည်းဘာမှမဖြစ်
ပေမယ့် ဒီမှာတော့ လူအများစုကအထင်သေးမှာပါ။ တစ်နှစ်လောက်အတူလက်တွဲပြီးပြီဆိုရင်တော့ လက်ထပ်သင့်
တယ်လို့ထင်ပါတယ်။ အထူးသဖြင့် အတူလည်းနေပြီးတဲ့အတွက်ကြောင့်ပါ။ ညီမအနေနဲ့ အရိပ်အမြွက်ရောပြောဖူး
လား၊ သူကရော အဲ့ဒိလိုအခြေအနေမျိုးမှာ ဘယ်လိုတုန့်ပြန်လေ့ရှိလဲ။ ညီမအနေနဲ့ အရိပ်အမြွက်မျိုးဖော်ပြသင့်တယ်
ထင်ပါတယ်။ သူ့အနေနဲ့ပေါ်တင်ကြိးရိပ်မိရဲ့သားနဲ့ စကားလမ်းကြောင်းလွှဲနေရင်တော့ သူလက်မထပ်ချင်သေးတာသေ
ချာပါတယ်။ အကယ်၍ ရိပ်မိပြီး ဘာလို့လက်မထပ်သေးတာလဲဆိုတာကို အချက်ကျကျရှင်းပြနိုင်ရင်တော့ တစ်မျိုးပေါ့။
အကယ်၍သူကလက်မထပ်ချင်ရင်တောင် ညီမစိတ်ဆိုးဖို့မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ညီမက သဘောတူပြီး
နေခဲ့လို့ပါ။ မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်နေချင်ရင်တော့ Living Together ကို လက်မခံခဲ့သင့်
ပါဘူး။ အခုတော့ အရိပ်အမြွက်မျိုးပြောကြည့်ပါ။ သူရိပ်မိပြီး ညီမကိုလက်ထပ်မယ်လို့ မျှော်လင့်ပါတယ်။

READ
အွန်လိုင်းပေါ်မှာကောင်လေးတစ်ယာက်ကိုချစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ?

(ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကိုမေးလို့ရပါပြီ။ မေးသူရဲ့
နာမည်ကိုဘယ်တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက [email protected] သို့အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။ အီးမေးလ်မှ တစ်ယောက်
ချင်းတော့ပြန်ကြားပေးမှာ မဟုတ်ပါဘူး။ ဒီဝက်ဘ်ဆိုဒ်ပေါ်က တစ်ဆင့်ပဲ ပြန်လည်ဖြေကြားပေးသွားမှာပါ။)

shwemom-post-photo-1-1

 

SHARE