မျက်လုံးပေါက်ကျဉ်းသူများအတွက် မိတ်ကပ် လိမ်းချယ်နည်း

မျက်လုံးမှေးတဲ့သူတွေ၊မျက်လုံးပေါက်ကျဉ်းတဲ့သူတွေအတွက် မျက်လုံးပေါက် ပို ကြီးလာတယ်လို့ ထင်ရစေတဲ့ မိတ်ကပ်လိမ်းချယ်နည်း တစ်ချို့ကို ပြောပြပေးချင် ပါတယ်။မျက်လုံးကြီးတဲ့ ကျယ်တဲ့ သူတွေဟာ ပိုစွဲဆောင်မှုရှိစေတယ်လို့ ထင်ရ တတ်ပါတယ်။ဒါကြောင့် ပင်ကိုယ် မျက်လုံးပေါက်ကျဉ်းတဲ့ သူတွေအနေနဲ့ လုံးဝ အားငယ်စရာမလိုပါဘူး။အဲ့ဒီအတွက် နည်းလမ်းရှိပါတယ်။

(၁)မျက်ခုံးမွှေးကို ဂရုစိုက်ပါ

မျက်ခုံးမွှေးအလှဟာ  အရေးမပါဘူးလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ဒါပေ မယ့် တကယ့်တော့ မျက်ခုံးမွှေးဟာ မျက်နှာတစ်ခုလုံးကို ပြောင်းလဲေ စနိုင်ပါတ ယ်။အဲ့ဒီလိုပြောလို့ နေ့တိုင်း အလှပြင်ဆိုင်တွေဆီသွားပြီး မျက်ခုံးမွှေးပုံသွင်းတာ ရိတ်တာတွေ လုပ်ဖို့ မလိုပါဘူး။နှစ်ပတ်တစ်ကြိမ်လောက် သွားရင် လုံလော က်ပါပြီ။ဒါပေမယ့် လိုအပ်ရင်တော့ မျက်ခုံးမွှေးတွေ ပုံကျနေဖို့  eyebrow gel ကို သုံးပေးသင့်ပါတယ်။ဒါမှသာ ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးအလှကို ပိုင်ဆိုင်နိုင်မှာပါ။

READ
အသက်၂၀ကျော်အရွယ်မှာ အသားရေလှပစေဖို့

(၂)eyeshadow မသုံးခင် အောက်ခံလိမ်းပေး

မျက်ခွံပေါ်မှာ ဘာမှ မလိမ်းခင် အရင်ဆုံး အောက်ခံမိတ်ကပ် လိမ်းပေးဖို့ လိုပါတယ်။အဲ့ဒီလို အောက်ခံလိမ်းပေးမှသာ eyeshadow ကိုပိုကြာကြာ ခံစေမှာဖြစ်သလို eyeshadow တွေပြန့်ကုန်တာမျိုးကို မဖြစ်စေမှာပါ။

(၃)concealer သုံးပါ

မျက်လုံးကို ချယ်သတဲ့နေရာမှာ မျက်ကွင်းတစ်ဝိုက်က ညိုမဲနေတာတွေကို ဖုံး ကွယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ဒါမှသာ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။ဒါကြောင့်  concealer ကိုသုံးပါ။ပုံမှာပြထားတဲ့ အတိုင်း မျက်လုံးအောက်မှာ တြိဂံပုံဆွဲပြီး အဲ့ဒီအတိုင်း ချယ်သပါ။

(၄)အဖြူရောင်(White Eyeshadow)ကိုသုံးပါ

မျက်ဝန်းမှာ အောက်ခံမိတ်ကပ် လိမ်းချယ်ပြီးရင်တော့  မျက်ခွံမှာ အဖြူရောင်  eyeshadow ကို အသုံးပြုပါ။ပြီးရင်တော့ မျက်လုံးအတွင်းပိုင်းထောင့်နားမှာ လည်း အဖြူရောင် eye pencil ကိုသုံးပြီးချယ်သပါ။ဒီနည်းဟာ မျက်လုံးကို ရှိရင်းစွဲအရွယ်အစားထက် ပိုကြီး ပိုကျယ်သယောက် ထင်ရစေပါတယ်။ နောက် တစ်နည်းကတော့ မျက်လုံးအပြင်ဘက်မှာ(ပုံမှာပြထားအတိုင်း)နက်မှောင်တဲ့ Colour ကိုသုံးပြီးချယ်သပါ။

READ
နုပျိုလှပအောင်မျက်နှာကိုဆေးထိုးရာမှ ပုံပျက်ပန်းပျက်ဖြစ်ကာမျက်လုံးတစ်ဖက်ကွယ်ခဲ့ရသူ

(၅)eyeliner သုံးပါ

eyelinerတွေအများကြီးရှိတဲ့ အထဲကမှ liquid eyeliner ကိုပိုညွှန်းချင်ပါ တယ်။ဒါပေမယ့် liquid eyeliner ကိုကောင်းကောင်းမသုံးတတ်ဘူး ဆို ရင်တော့ ကိုယ်အတွက် သုံးရတာအဆင်ပြေတဲ့ တခြား Eyeliner ကို သုံးပါ ။အဆုံးပိုင်းမှာခပ်ထူထူလေးသုံးပေးခြင်းအားဖြင့် မျက်လုံးကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။မျက်လုံးပေါက်ကျဉ်းတဲ့ သူတစ်ယောက်အတွက် ဆောင် ထားသင့်တဲ့ တခြားပစ္စည်းတွေကတော့ မျက်တောင်ကော့စက်၊Mascara နဲ့ nude pencil တစ်ချောင်းပါ။

Ref;styletips

 

SHARE