၉ ပေအရှည်ရှိတဲ့ ငါးမန်းကိုနပမ်းလုံးပြီး ဖမ်းဖို့ကြိုးစားခဲ့သည့်အမျိုးသား ငါးမန်းကိုက်ခံရ

ဩစတျေးလျနိုင်ငံ အရှေ့မြောက်ဘက်ပိုင်း ကွင်းစ်လန်းပြည်နယ် ဝေပါမြို့ တွင် ဂျိုးစ် ဖာရက် နဲလီ(Josh “Ferrett” Neille)ဆိုသူ ဩစေတ်းလ် အမ်ဳိးသားတစ္ယာက္ဟာ ၉ ပေခန့် အရှည်ရှိတဲ့ ငါးမန်းကို နားပမ်းလုံးခဲ့ပြီး ကြိုးနဲ့ချည်ဖို့ ကြိုးစားခဲ့ရာမှာ ငါးမန်းက သူရဲ့ ခြေထောက်ကိုကိုက်ခဲ့ပါတယ်။

ဖာရက် နဲလီဟာ ဩစတျေးလျနိုင်ငံ မြောက်ပိုင်းမိကျောင်းနဲ့ ငါးမန်းများပေါတဲ့ နေရာမှာ ကြိုးတစ်ချောင်းထဲနဲ့ ငါးမန်းကို ဖမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူရဲ့ လုပ်ဆောင်ချက်ကို ဗီဒီယိုပါရိုက်ကူးခဲ့ပါသေးတယ်။ဗီဒီယိုထဲမှာဆိုရင် ဖာရက် နဲလီ ဟာ ပင်လယ်ဘက်ကို မော်တော်တစ်စင်းနဲ့ ထွက်သွားခဲ့ပြီး ငါးမန်းကို အမြှီးက ကိုင်ဖမ်းဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ဖာရက် နဲလီဟာ ပထမ ငါးမန်းကို ထိန်းနိုင်ဖို့ တော်တော်ကြိုးစားခဲ့ပြီး နောက်ပိုင်းမှာ ငါးမန်းဟာ ဖာရက် နဲလီရဲ့ လက်မှ ချော်ထွက်သွားကာ သူ့ရဲ့ ညာဘက်ပေါင်ကို  ကိုက်ခဲ့တာ ဖြစ်ပါတယ်။

READ
ထူးဆန်းစွာလူမျက်နှာနဲ့ ဆိတ်တစ်ကောင်မွေးဖွား

ဖာရက် နဲလီကို ဗီဒီယိုရိုက်ကူးပေးနေတဲ့ သူငယ်ချင်းများဟာ အစပိုင်းမှာ ရယ်နေကြပေမဲ့ နောက်ပိုင်းမှာ ဖာရက် နဲလီ ငါးမန်းကိုက်ခံခဲ့ရတာသိတော့ဆွဲတင်ပေးခဲ့ကြပါတယ်။

” ကျွန်တော် ငါးမန်းတစ်ကောင်ကို ဖမ်းချင်လို့ပါ။ဒါကြောင့် ကြိုးတစ်ချောင်း ယူသွားပြီး ကွင်းစ်လန်း မြောက်ဘက်မှာရှိတဲ့ ငါးမန်းပေါတဲ့ နေရာမှာ ငါးမန်းကို နပန်းလုံးပြီး ကြိုးနဲ့ ချည်မလို့ပါ။နပန်းလုံးရင်း ၁၅ စက္ကန့်လောက်အကြာမှာ ငါးမန်းက ကျွန်တော် ညာဘက်ပေါင်ကို ကိုက်လိုက်ပါတယ်။ဒဏ်ရာ ကြီးကြီးကျယ်ကျယ် မရခဲ့တာ ကျွန်တော်ကံကောင်းတာပါပဲ။အဖြစ်ပျက်ဟာ မြန်ဆန်လွန်းပါတယ်။ဒါဟာ နောင်တရစရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါ။ဒါပေမဲ့ ကျွန်တော်က ငါးမန်းကို မှိန်းနဲ့ ထိုးမသတ်ဘဲ ကြိုးနဲ့ ချည်ဖမ်းချင်ခဲ့တာ ဖြစ်ပါတယ်။ဝေပါမြို့ ဆေးရုံဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။သူတို့က ကျွန်တော်ကို ဂရုတစိုက်ကုသပေးခဲ့ပါတယ်။ ” လို့ ဖာရက် နဲလီ ကပြောဆိုခဲ့ပါတယ်။

READ
အမျိုးသားတစ်ယောက်ကို သူငယ်ချင်းအဖြစ်ပေါင်းမိလို့ အင်ဒိုအမျိုးသမီးကို ကြိမ်ဒဏ်ချမှတ်

ဓာတ်ပုံတွေထဲမှာတော့ ငါးမန်းကို အသေဖမ်းဆီးရမိခဲ့တာကိုတွေ့ရနိုင်ပြီး ဖာရက် နဲလီကတော့ သူရဲ့ ညာဘက်ပေါင်မှာ ငါးမန်းကိုက်ခံရတဲ့ ဒဏ်ရာကိုတွေ့ရပါတယ်။

ဖာရက် နဲလီဟာ ဆေးရုံကို တက်ရောက်ကုနေပြီး သူဟာ တိရစ္ဆာန်များကို စွန့်စွန့်စားစားနဲ့ အမဲလိုက်ရတာ ၀ါသနာပါသူတစ်ယောက်ဖြစ်တယ် လို့လည်း သိရပါတယ်။

Shwemom

Ref : Mirror

SHARE