Antoine Griezmann ကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူနိုင်ခဲ့သည့် မန်ယူ

မန်ချက်စတာယူနိုက်တက်စ်အသင်းသည် အက်သလက်တီကို ကြယ်ပွင့်ကစားသမား အန်တိုနီယို ဂရစ်ဇမန်းကို ပုဂ္ဂိုလ်ရေး အရသဘောတူညီမှုအရ ယူနိုင်ခဲ့ပါတယ်။ ဂရစ်ဇမန်းကို မန်ယူအသင်းက ပြောင်းရွေ့ကြေး ပေါင်သန်း (၈၉) သန်း နှင့် တစ်ပတ်လုပ်အားခ (ပေါင် ၂သိန်း ၈ သောင်း) ငါးနှစ်စာချုပ်ဖြင့် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

 

မန်ယူနည်းပြမော်ရင်ဟို၏ နံပါတ်(၁) အဓိကပစ်မှတ် ဂရစ်ဇမန်းကို အပြောင်းအရွှေ့ရာသီမတိုင်ခင် ခေါ်ယူနိုင်တာဟာ လာမည့်ရာသီ ပရီမီယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းနိုင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဂရစ်ဇမန်း၏ စာချုပ်ဖြတ်သိမ်း ပြောင်းရွေ့ကြေးမှာ ပေါင် (၈၉) သန်းဖြစ်သော်လည်း အဆိုပါကစားသမား၏ လုပ်ခလစာနှင့် ဘောနပ်များအားလုံးပေါင်းလျှင် ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း (၁၇၀) ထိ ရှိလာနိုင်ပါတယ်။

READ
မန်ယူအသင်းလေ့ကျင့်ရေးစခန်းသို့ဖာဂူဆန်ကိုဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ၄င်းတို့၏ အဓိကကစားသမား ဂရစ်ဇမန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် ပြန်လည်အစားထိုးခေါ်ယူမှုအတွက် အာဆင်နယ် တိုက်စစ်ကစားသမား Alxeis Sanchez နှင့် လိုင်ယွန် အသင်းတိုက်စစ်မှုး Alexandre Lacazette တို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဂရစ်ဇ်မန်းရဲ့ စကေးနဲ့ ဂိုးတွေကို အောက်ပါ ဗီဒီိယိုမှာကြည့်နိုင်ပါတယ်။

Myo Ko (Shwemom)

Source : The Sun

 

SHARE