လီယွန်နယ်မက်ဆီရဲ့ အကြောင်း လူသိနည်းတဲ့ အချက်(၅)ချက်

လီယွန်နယ်မက်ဆီသည် အာဂျင်တီနားဘောလုံးသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီနားလက်ရွေးစင်အသင်းတို့တွင် ရှေ့တန်းနှင့် တောင်ပံတိုက်စစ်နေရာတွင် အကောင်းဆုံးခြေစွမ်းပြကစားနေသည့် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မက်ဆီ FIFA Ballon d’Or ဆုကို (၅)ကြိမ်တိုင်တိုင်ရရှိထားပြီး အာဂျင်တီနား ဂန္တ၀င်ကစးသမား မာရာဒိုနာကိုယ်တိုင်က သူနေ့ရာကို အကောင်းဆုံးဆက်ခံနိုင်တဲ့ ကစားသမားလို့ ချီးမွှန်းခဲ့တဲ့ ကမ္ဘာအကောင်းဆုံး ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ မက်ဆီရဲ့အကြောင်းကို လူတော်တော်များများကသိပြီး လူသိပ်မသိတဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေဟာ ဘာတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်….

(၁) မက်ဆီလက်ထက် ဘုရားပေးသောလက်

မက်ဆီဟာ ၂၀၀၆/၂၀၀၇ ဘောလုံးရာသီတွင် ဘာစီလိုနာနဲ့ အစ်စပန်ညိုတို့ 2-2 သရေကျတဲ့ ပွဲစဉ်တွင် ဘုရားပေးသောလက်ပုံစံမျိုး ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ Diego Maradona’s ရဲ့ ၁၉၈၆ ကမ္ဘာ့ဖလား ပွဲစဉ်တွင် အင်္ဂလန်အသင်းဘက်သို့ကန်သွင်းခဲ့တဲ့ဂိုးကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။

READ
ဘေးလ်က အကောင်းဆုံးကစားဖော်အဖြစ် ရော်နယ်ဒိုကို မရွေးပဲ အခြားတစ်ယောက်ကိုရွေးချယ်ခဲ့

 

(၂) Unicef ရဲ့ ambassadors

၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ မက်ဆီဟာ Unicef ရဲ့ ambassadors တစ်ယောက်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မက်ဆီဟာ ကလေးတွေရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ မွေးရပ်မြေ Rosario မှာ တည်ရှိတဲ့ ကလေးဆေးရုံ ပြန်လည်မွမ်းမံဖို့အတွက် €600,000 လှူဒါန်းခဲ့ပါတယ်။

(၃) စံချိန်များချိုးသူ

မက်ဆီဟာ ၂၀၁၂ ခုနှစ်မှာ တစ်နှစ်အတွင်း ၉၁ ဂိုးသွင်းယူခဲ့ပြီး ဂင်းနစ်မှတ်တမ်းတွင်း ဂိုးသွင်းအများဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  နောက်ထပ် စံချိန်တင်ခဲ့တာတွေကတော့ နိုင်ငံတကာပွဲတွေပွဲ တစ်နှစ်တည်းသွင်းဂိုး (၂၅) ဂိုးသွင်းယူခဲ့ပြီး ကလပ်အသင်းအတွက် ဥရောပမှာ တစ်ရာသီသွင်းဂိုး (၇၃) ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါအပြင် FIFA World Player ဆုနဲ့ Ballon d”Or ဆုကိုလည်း တစ်နှစ်ထဲမှာ တပြိုင်တည်းရယူနိုင်ခဲ့ပါတယ်။

READ
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ စိတ်ဝင်စားနေတဲ့ လိုင်ယွန်တိုက်စစ်မှူးလာကာဇက်

(၄) မိသားစုကိုချစ်မြတ်နိုးသူ

မက်ဆီဟာ သူရဲ့ ပထမဆုံး ကလေး Thiago ကို မွေးဖွားပြီးတဲ့နောက် ဘယ်ဘက် ခြေသလုံးမှာ သူအမေနဲ့ သားရဲ့နာမည်ကို ဂုဏ်ယူစွာနဲ့ ရေးထိုးခဲ့ပါတယ် ။

(၅) နိုင်ငံကိုချစ်မြတ်နိုးသူ

မက်ဆီဟာ အာဂျင်တီနားလက်ရွေးစင်အသင်းမှာ ပါဝင်မကစားခင်က စပိန်နိုင်ငံလက်ရွေးစင်အသင်းမှာ လာရောက်ကစားဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ မက်ဆီဟာ အာဂျင်တီနား လက်ရွေးစင်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်လို့ ယုံကြည်မှုကြောင့် စပိန်လက်ရွေးစင်ကစားသမားဘ၀ကို ငြင်းပယ်ခဲ့ပါတယ်။ မက်ဆီဟာ အခုဆိုရင် အာဂျင်တီနားလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်ပါဝင် ကစားပေးနေပြီး နိုင်ငံအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား ဖိုင်နယ် ၊၂၀၀၈ နွေရာသီ အိုလံပစ်ချန်ပီယံ ၊ ၂၀၀၇ Copa America ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

Myo Ko (shwemom)

SHARE