ဘာစီလိုနာရဲ့ နိုင်ပွဲမှာဂိုးသွင်းခဲ့တဲ့မက်ဆီကို ဂုဏ်ပြုခဲ့ကြတဲ့ မော်ဒယ်လေးများ

စပိန်နိုင်ငံမှာ ဘာစီလိုနာအသင်းကို အားပေးသူဖြစ်တဲ့ ဆူဇီ ကော်တက်ဇ် ( Suzy Cortez)ဆိုသူ မော်ဒယ်မလေးဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဘာစီလိုနာ အသင်းအတွက် ဂိုး ၅၀၀ သွင်းနိုင်ခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုသော အနေဖြင့် ဘာကာ အသင်းဝတ်စုံများနဲ့ အဖော်အချွတ်ဓာတ်ပုံများကို တင်ခဲ့ပါတယ်။

ဒါ့အပြင် ဘာကာအသင်းပရိတ်သတ်ဖြစ်တဲ့ ဂျုဒစ် ဘီနာဘန်တီ (Judit Benavente) ဆိုတဲ့ မော်ဒယ်မလေးကလည်း နောက်ဆုံး မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုသောအားဖြင့် အပြိုင်အဆိုင် ဓာတ်ပုံများကို တင်ခဲ့ပါတယ်။

ဘီနာဘန်တီ ဟာ ဘာစီလိုနာ မြို့မှာနေထိုင်သူတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံတစ်ပုံထဲမှာတော့ သူမရဲ့ရင်သားကို ဘာစီလိုနာအသင်း လည်စည်းနဲ့ ပါတ်ပြီး ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ဘီနာဘန်တီ ဟာ Twitter မှာ Follower ၄ သောင်းကျော်ရှိသူဖြစ်ပြီး ဆူဇီကတော့ ၁ သိန်း ကျော်ရှိတဲ့ မော်ဒယ်များလည်း ဖြစ်ကြပါတယ်။

READ
ဘုန်းမောက်ကို ရှုံးသွားတဲ့ မန်ယူကို သုံးသပ်ခြင်း

ဘီနာဘန်တီဟာ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပြီး စပိန် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ အင်တာဗျုး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အဖော်အချွတ်ဓာတ်ပုံနဲ့ ပါဝင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။အဲကလပ်စီကို ပွဲစဉ်မှာ အနိုင်ယူခဲ့တဲ့ ဘာကာအသင်းကို ဂုဏ်ပြုတဲ့ မော်ဒယ်နှစ်ယောက်လုံးရဲ့ အဖော်အချွတ်ဓာတ်ပုံများဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးလျက်ရှိနေပါတယ်။

မော်ဒယ်နှစ်ယောက်ရဲ့ ဓာတ်ပုံများကို ကြည်ရှုရတဲ့ သူများကလည်း မက်ဆီနဲ့ ဘာကာအသင်းကိုကျေးဇူးတင်နေကြပါတယ်။

ဘီနာဘန်တီရဲ့ ဓာတ်ပုံထဲမှာတော့ ” ဘာစီလိုနာအသင်းဟာ လာလီဂါ ဖလားကို ရနိုင်ခြေရှိပြီး ဘာကာအသင်းနဲ့ အားပေးသူတွေအားလုံး လာလီဂါ ဖလားရဖို့ ဆက်ကြိုးစားရပါမယ် ” လို့ရေးသားခဲ့ပါတယ်။

Shwemom

Ref : The Sun

SHARE