ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းမများ

ကားမောင်းရတာ စိတ်ပင်ပမ်းမှုတွေကို ပြေပျောက်စေပြီး လူကို လန်းဆန်း သွားစေတယ်လို့ ထင်တဲ့သူတွေဟာ သေချာပေါက်ဒီလိုလမ်းတွေကို မမောင်း ဘူးလို့ပါ။ယခုဖော်ပြပေးမယ့်လမ်းတွေကတော့ သေချာပေါက် ကားမူး တဲ့ ဝေဒ နာကို ခံစားရလောက်ပါတယ်။ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလမ်းတွေလို့ သတ်မှတ်ခံထားရတဲ့ လမ်းတွေကတော့ ..

316405-CrazyRoads04-900-6e2f867251-1484142741

(၁)Khardung La

အိန္ဒိယနိုင်ငံမှာ တည်ရှိပါတယ်။ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာပါ ကမ္ဘာ့ အရှည် ဆုံး တောင်ကြားလမ်းလို့ သတ်မှတ်ခံထားရတာပါ။

316455-CrazyRoads06-900-6e2f867251-1484142741

(2)Guoliang Tunnel

Henan ပြည်နယ်မှာရှိတဲ့ Taihang တောင်တန်းတစ်လျှောက်ကို ပတ်ဖောက် ထားတာဖြစ်ပြီး၊လိုဏ်ခေါင်းတွေထဲကို ဖြတ်သွားရတဲ လမ်းပါ။လိုဏ်ခေါင်းရဲ့ အရှည်ကတော့ မီတာ(၁၂၀၀)ရှိပါတယ်။

316555-CrazyRoads03-900-d447e921fe-1484142741

(3)Dalton

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှာတည်ရှိပါတယ်။နှင်းတွေထူ ထပ်နေပြီး တသီးတစ်သန့် လမ်းမကြီးပါ။လမ်းတွေက ချောနေ တာကြောင့် ကား တာယာမကောင်းရင် လုံးဝမသွားသင့်တဲ့ လမ်းမျိုးပါ။

READ
မိကျောင်းတွေနဲ့ အနီးကပ် မျက်နှာချင်းဆိုင် ဓါတ်ပုံရိုက်ကူးခဲ့သူများ

316605-01-900-40a3b913d0-1484142741

(4)Eshima Ohashi

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ တံတားပါ။တံတားနဲ့မတူပဲ ရိုလာကိုစတာနဲ့တူနေပါ တယ်။အောက်ပိုင်းမှာ သင်္ဘောကြီးတွေ အလွယ်တကူ သွားလို့ရအောင် တည်ဆောက်ထားတာကြောင့် တံတားကခုလို ပုံဖြစ်နေတာပါ။

316655-5-900-b7da5cfb5c-1484142741

(5)အတလန္တိတ်သမုဒ္ဒရာလမ်း

နော်ဝေနိုင်ငံမှာတည်ရှိတာပါ။ခရီးသွားတွေကတော့ ဒီလမ်းကို နှစ်သက်ကြပြီး ၊လမ်းရဲ့ တစ်ဖက်တစ်ချက်ဆီကနေ သမုဒ္ဒရာလှိုင်းလုံးတွေက လာပြီး ရိုက် ခတ်နေမှာဖြစ်ပါတယ်။

316705-CrazyRoads01-900-4ca6c8e46d-1484142741

(6)Zoji La

အိန္ဒိယမှာ တည်ရှိပြီး Ladakh နဲ့  Kashmir ကိုဆက်သွယ်ထားတာပါ။ေ ဘးမှာချာက်ကမ်းပါးရှိပြီး၊လမ်းက ကျဉ်းတဲ့ ကြမ်းတဲ့အပြင် တိရစ္ဆာန်တွေကို ပါ ရှောင်ပြီး မောင်းနေရတဲ့ အလွန်အန္တရာယ်များတဲ့ လမ်းပါ။

316805-CrazyRoads09-900-6e2f867251-1484142741

(7)Kolima

ရုရှားနိုင်ငံမှာ တည်ရှိပြီး၊“the death road,” လို့တောင် နာမည်ပေးထားရတဲ့ လမ်းပါ။(၁၉၃၂)က အကျဉ်းသားတွေနဲ့ဖောက်လုပ်ခဲ့တဲ့ လမ်းဖြစ်ပြီး (၁၉၅၃) အထိတောင် ဖောက်လုပ်ခြင်းလုပ်ငန်းတွေက မပြီးစီးနိုင်ဖြစ်ခဲ့ပါတယ်။ လမ်းရဲ့ ပုံစံကတော့ သရဲ ခြောက်လှန့်တတ်တဲ့ ကျောချမ်းစရာလမ်းမကြီးနဲ့ တူပါတယ်။
Ref;shareably
SHARE