မေးနှစ်ထပ်ဖြစ်လာလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့ အတွက် လွယ်ကူ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးချင်ပါတယ်။မေးနှစ်ထပ်ဖြစ်ရတဲ့ အကြောင်း အရင်းတွေကတော့ ၀လာလို့၊မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့ တောင့်တင်းမှုေ လျာ့လာလို့ပါ။ဘာကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အောက်မှာ ဖော်ပြ ထားတဲ့ လေ့ ကျင့်ခန်းလေးတွေကို အချိန်အနည်းငယ်ပေးပြီး နေ့စဉ်ပုံမှန်လုပ်ရုံနဲ့ လှပတဲ့ မေးစေ့လေးကို ပိုင်ဆိုင်နိုင်ပါတယ်။သတိထားရမှာက လေ့ကျင့်ခန်းတွေအားလုံး ကို ဖြည်းဖြည်းေ လးပဲလုပ်ပါ။
(၁)ကော်ခပ်တဲ့ ပါးစပ်လေ့ကျင့်ခန်း
အရင်ဆုံးပါးစပ်ကိုဖွင့်ပါ။အောက်နှုတ်ခမ်းကို အောက်သွားဆီရောက်အောင် လိပ် သွင်း လိုက်ပါ။အောက်မေးရိုးနဲ့ ရေကို ခပ်ကော်လိုက်သလိုပုံစံမျိုး လုပ်ရမှာပါ။ အဲ့လိုလိပ်သွင်းချိန်မှာ ခေါင်းကို နည်းနည်းအောက် နှိမ့်ပါ။ခေါင်းပြန်မော့ရင်တော့ ပါးစပ်ကို ပုံထဲကအတိုင်း ပိတ်ပါ။(၅)ကြိမ်မှ(၇)ကြိမ်အထိ လုပ်ပေးပါ။
(၂)နှာခေါင်းကို ထိဖို့ကြိုးစားပါ
မေးနှစ်ထပ်ဖြစ်ရတာဟာ hyoid ဆိုတဲ့ ကြွက်သားတွေအားနည်းမှုကြောင့်ပါ။ ဒါကြောင့် ပုံမှာပြထားတဲ့ အတိုင်း လက်ကို မေးအောက်မှာထား၊လျှာကို အပေါ် ထုတ်ပေးရမှာပါ။နှုတ်ခမ်းတွေကိုတော့ ပုံထဲက အတိုင်း ပဲထားပါ။ငါးကြိမ်ေ လာက် လုပ်ရင် ရပါပြီ။
(၃)အနမ်း
စိတ်ထဲမှာကိုယ့် ထက်အရပ်ရှည်တဲ့ လူတစ်ယောက်ကို နမ်းနေတယ်လို့ တွေးပါ။မျက်နှာကို အောက်မေးရိုးပါ ပါအောင်မော့ပြီး ပုံထဲကအတိုင်း ပင့်ထား ပါ။ပြီးရင်တော့ တစ်ယောက်ယောက်ကို နမ်းသလိုပုံမျိုး နှုတ်ခမ်းကို စူ ထားပါ။ ဒီပုံစံအတိုင်း(၅)စက္ကန့်(သို့)(၈)စက္ကန့်လောက် ကြာအောင်ထားပါ။ငါးကြိမ်ေ လာက် လုပ်ရင်ရပါပြီ။
(၄)ပြုံးပါ
ဒီတိုင်းပြုံးရုံနဲ့မရပါဘူး။အံကို တင်းတင်းကြိတ်ပြီး ပုံထဲက အတိုင်း ပြုံးရမှာပါ။ နှုတ်ခမ်းထောင့်စွန်းတွေကို တင်းတင်းဆွဲဆန့်ပါ။(၅)ကြိမ်ကနေ (၈)ကြိမ်အထိ လုပ်ပေးပါ။
(၅)နှုတ်ခမ်းစူ
ပါးစပ်နဲ့ အသက်ပြင်းပြင်းရှုသွင်းပါ။ပါးစပ်ထဲမှာ လေပြည့်နေပါစေ။ပြီးရင်တော့ ပုံထဲကအတိုင်း လက်နှစ်ဖက်ကို ပါးပေါ်ကို ဖိတင်ပါ။(၃)စက္ကန့်(၅)စက္ကန့်ေ လာက် ကြာအောင်ထားပါ။ဒီလေ့ကျင့်ခန်းကိုတော့ (၄)ကြိမ်၊(၅)ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။
Ref;brightside