ခိုးရာလိုက်ဖို့ကြံစည်ဖူးလို့ လက်ရှိချစ်သူက တန်ဖိုးမထားတော့ဘူး။ အကြံပေးပါအုံး..

Dear Shwemom …

လေးစားတန်ဖိုးထားရတဲ့ Shwemom ကို တိုင်ပင်ချင်တာလေး ရှိလို့ပါ။ ကျွန်မက အခု ဈေးဝယ်စင်တာတစ်ခုမှာ အလုပ်
လုပ်နေပါတယ်။ ကျွန်မနဲ့ ကျွန်မချစ်သူဟာ အရင်က အတော်လေးကို ချစ်ခင်ကြပြီး မျက်စိအောက်က အပျောက်မခံနိုင်
ကြပါဘူး။ ဒါပေမယ့် မလိုတမာသူတွေက ကျွန်မ တက္ကသိုလ်ကျောင်းသူဘ၀တုန်းက ယောက်ျားနောက် လိုက်ခဲ့ဖူးတယ်-ဆိုပြီး ကျွန်မချစ်သူကို ကျွန်မချစ်သူကို ပြောခဲ့ကြပါတယ်။ အဲဒီအတွက် နှစ်လလောက် အဆက်အသွယ် ဖြတ်ခံခဲ့ရပါ
တယ်။ အခု ပြန် အဆင်ပြေနေတယ်လို့ ဆိုလို့ရပေမယ့် အရင်ကလို တန်ဖိုးမထားတော့ဘူးလို့ ကျွန်မ ခံစားနေရပါတယ်။

ယောက်ျားနောက် ကြံစည်ဖူးတယ်ဆိုတဲ့ကိစ္စကိုလည်း ကျွန်မ ရှင်းပြပါရစေ။ အဲဒီတုန်းက အိမ်ကနေ ခိုးအထွက်မှာ မိဘ
တွေက ချက်ချင်းရိပ်မိခဲ့လို့ (ခိုးမယ့်သူနဲ့တောင် မတွေ့ရသေးပါဘူး) မိနစ် 20 လောက်မှာ အိမ်ကို ပြန်ခေါ်တာ ခံခဲ့ရပါ
တယ်။ ဒါကလည်း အိမ်ကနေ ဖိအားတွေ အများကြီးခံစားနေရလို့ စိတ်ထွက်ပေါက်အရ လုပ်မိတာပါ။ တကယ်ကို ဘုရားစူး အထမမြောက်ခဲ့ပါဘူး။ အခုတော့ အဲဒီ ခိုးမယ်ဆိုတဲ့လူလည်း သားနဲ့မယားနဲ့ ရှိနေပါပြီ။

READ
ကွာရှင်းခဲ့တဲ့ဇနီးဟောင်းကို ပြန်လက်ခံသင့်သလား?

ဒါပေမယ့် ကျွန်မရဲ့ လက်ရှိချစ်သူက ကျွန်မကို ဆက်ဆံတဲ့ပုံစံဟာ အရင်ကလို လေးနက်မှုမရှိတော့ဘဲ အေးစက်နေတယ်
လို့ ခံစားရပါတယ်။ ကျွန်မ ဘယ်လိုလုပ်သင့်သလဲဆိုတာ အကြံပေးပါဦး။

Shwemom မှ ပြန်ကြားပေးလိုက်ပါတယ် …

ဒီကိစ္စဟာ တိမ်မယောင်နဲ့ ခက်ပါတယ်။ ကိုယ်ဟာ အခုချိန်ထိ အသန့်လေးဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက် အဆင်ပြေတဲ့ အကြောင်းပြချက်ကလည်း မရှိပါဘူး။ နောက်ပြီး ကိုယ့်ချစ်သူကိုယ်တိုင်က နင်က ဘာဖြစ်တယ် ညာဖြစ်တယ် စွပ်စွဲလာလို့ အမှန်အတိုင်း ရှင်းပြရတယ်ဆိုရင်လည်း နည်းနည်း ယုတ္ထိရှိတဲ့ အခြေအနေပေါ့။ အခုတော့ သူက မယုံသလိုလို ဖြစ်တာကလွဲပြီး အထင်သေးသလိုလို ဖြစ်နေတာမျိုးက ဘယ်က စရှင်းလို့ ရှင်းရမှန်းမသိ ဖြစ်နေတာကို Shwemom က အပြည့်အ၀ နားလည်ပေးပါတယ်။

READ
ရည်းစားဟောင်းနဲ့ ဇာတ်လမ်းပြန်စပြီးနောက် ၊ ခင်ပွန်းကိုထားခဲ့ဖို့ သင့်မသင့် ဆုံးဖြတ်ပေးပါ

ဒီတော့ အဖြစ်သင့်ဆုံးကို အကြံပေးရရင် သူနဲ့ ကိုယ်ကိုယ်တိုင်က မတွေ့ဘဲ နှစ်ပတ်၊ တစ်လလောက် နေကြည့်လိုက်ပါ။ ဒီကြားထဲမှာ သူက ဆက်သွယ်ဖို့ ကြိုးစားရင် သင့်ဘက်က ” ဘေးစကားတွေကြောင့် ကျွန်မကို မယုံဘူးထင်လို့ အ
လိုက်သိသိနဲ့ ရှောင်နေတာပါ “လို့ ပြောလိုက်ပါ။ သူ့ဆီက တုန့်ပြန်မှုကို သင် မဖြစ်မနေ ကြားရပါလိမ့်မယ်။ နောက်မှ သင့်ကိစ္စကို အမှန်အတိုင်း ရှင်းပြလိုက်ပါ။ ဒီလိုမှ သူ့ သံသယက မပြေလည်ဘူးဆိုရင် သူက စိတ်ဓာတ်မပြည့်ဝသေးလို့ အ
ချစ်ကို ကောင်းကောင်း မခံစားတတ်သေးလို့ဆိုပြီး သဘောပေါက်နားလည်ကာ၊ ကိုယ့်ကို တစ်ကယ်နားလည်ပေးမယ့်
လက်တွဲဖော်အသစ်ကို ကြိုဆိုသင့်ပါကြောင်း။

လေးစားစွာဖြင့် …

Shwemom

SHARE