ချစ်သူက အသက်မပြည့်သေးလို့ အမြန်နီးရဖို့ အခက်အခဲဖြစ်နေပါတယ် ဘယ်လိုလုပ်ရမလဲ ?

Dear Shwemom …

ကျွန်တော်ကတော့ အသက် 28 နှစ်ရှိပါပြီ။ ကျွန်တော့်ချစ်သူက အခုနှစ်မှ ဆယ်တန်းတက်နေတာပါ။ အသက်မပြည့်သေးတဲ့အတွက် ကျွန်တော့်မှာ ကြံရခက်နေပါတယ်။ သူက လှတော့ ကျွန်တော်က စိတ်မချဘူးဗျာ။ ဒါကြောင့် ကျွန်တော်က
ပိုင်ဆိုင်ချင်နေပါတယ်။ ခိုးပြေးမယ်ဆိုရင်တော့ သူက လိုက်ပါ့မယ်လို့ ပြောပါတယ်။ သူငယ်ချင်းတွေက အသက်မပြည့်
သေးလို့ အန္တရာယ်များကြောင်း သတိပေးနေကြပါတယ်။ ကျွန်တော် ဘာလုပ်သင့်ပါသလဲ … ?။

Shwemom မှ ပြန်လည် ဖြေကြားပေးလိုက်ပါတယ် …

အသက်မပြည့်သေးသူများကို ပေါင်းသင်းနေထိုင်ပါက ဥပဒေအရ ‘အသက်မပြည့်သေးသူအပေါ်မှာ လိင်မှုကိစ္စကျူးလွန်ခြင်း’နဲ့ ငြိစွန်းပါတယ်။ ဒီကိစ္စမှာ ကောင်မလေးက ဘယ်လောက်ပဲ ကျေနပ်ကျေနပ် မိဘတွေက ၎င်းတို့အုပ်ထိန်းမှု
အောက်မှာ ဥပဒေအရ ရှိနေသေးတဲ့သမီးအတွက် အမှုလုပ်မယ်ဆိုရင် သက်သာဖို့မရှိတဲ့ အမှုဖြစ်ပါတယ်။ ဒီကြားထဲမှာ ကောင်မလေးက မိဘပြောစကားနားထောင်ပြီး သူက သမီးကို ဖျားယောင်းသွားတာပါဆိုရင် ကိုယ့်လူ အမှုက ကြီးသထက် ကြီးသွားနိုင်ပါတယ်။

READ
ပထမရည်းစားရဲ့ရန်ကို ဘယ်လို ကာကွယ်ရမလဲ ... ?

လူတိုင်း ကိုယ့်ချစ်သူအပေါ်မှာ စိုးရိမ်ကြတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စိုးရိမ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရိမ်မလွန်ပါနဲ့။ အစိုးရိမ်လွန်လို့ တရားမ၀င်တဲ့ နည်းလမ်းဘက်ကနေ ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ပိုဝေးသွား
တတ်ပါတယ်။ ဒါကို ကြပ်ကြပ်ဂရုစိုက်ရပါမယ်။

နောက်တစ်ချက်က ကလေးမလေးက အခုမှ ဆယ်တန်းရှိသေးတယ်လို့ သိရပါတယ်။ သူ့ကို ဆယ်တန်းတော့ အောင်အောင် ဖြေခိုင်းစေချင်ပါတယ်။ ပိုကောင်းတာကတော့ သူ့ပညာရေးဟာ ဒီအတူနေဖို့ကိစ္စလေးလောက်နဲ့ အထိအခိုက် မဖြစ်စေချင်ပါဘူး။ ဘွဲ့ရတဲ့အထိ အောင့်နိုင်ရင် အောင့်ထားပါဦး။ Shwemom ကတော့ ခိုးပြေးတဲ့နည်းလမ်းကို သဘောတူ
ထောက်ခံခြင်း မရှိပါဘူး။ တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းကြည့်ပါဦးလို့။

တစ်ခုတော့ ရှိပါတယ်။ Shwemom က အကြံပေးရုံသာဖြစ်ပါတယ်။ သင့်ချစ်သူက သင်စိုးရိမ်တဲ့အတိုင်း တကယ်ဖြစ်သွားရင် Shwemom က အောင့်ခိုင်းလို့ ငါအောင့်ထားရတာဆိုပြီး အပြစ်တင်မှာတော့ မလိုလားပါဘူး။ ဒီတော့ ဥပဒေအရ ဒီလို ရှိတယ်၊ ဖြစ်တတ်တဲ့ သဘောလေးတွေက ဒီလိုဖြစ်တတ်တယ်လို့ သတိပေးရုံမျှသာ ဖြစ်ပါတယ်။ သင့်ဆုံးဖြတ်ကိုသာ
သင် အပြည့်အ၀ တာဝန်ယူရမှာ ဖြစ်ပါတယ်။

READ
ဘော့စ်က ထိကပါးရိကပါးလုပ်တာကို ဘယ်လိုကာကွယ်ရမလဲ ... ?

လေးစားစွာဖြင့် …

Shwemom

SHARE