မန်ယူအသင်းဟာ သူ့ကို ယူရို သန်း ၂၀၀ အသုံးပြုပြီး ခေါ်ယူနိုင်ကြောင်း ပြောဆိုခဲ့တဲ့ နေမာ

မန်ချက်စတာ ယူနိုင်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့အတွက် ပေါင် ၁၆၈.၅ သန်း (ယူရို သန်း ၂၀၀) အသုံးပြုပြီး ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဘာကာ ကစားသမားဖြစ်သူ နေမာက သူ့ရဲ့ သူငယ်ချင်းတွေကို ပြောဆိုခဲ့ပါတယ်။အဓိက အားထားရတဲ့ တိုက်စစ်မှူး အီဗရာဟီ မိုဗစ် ဒဏ်ရာရာသွားခဲ့တဲ့ အတွက်ကြောင့် မော်ရင်ဟိုက တိုက်စစ်မှူးများကို  ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

နေမာဟာ ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ရင်းနှီးတဲ့ သူငယ်ချင်းများကို ပြောဆိုခဲ့တာ ဖြစ်ပြီး မော်ရင်ဟိုက သူ့ကို ခေါ်ယူဖို့ ပိုစိတ်ဝင်စားနေပြီး ယူရို သန်း ၂၀၀ ခန့် အထိ သုံးနိုင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

READ
မက်ဆီရဲ့သွင်းဂိုးတွေနဲ့ ရီးရဲယ်ကို အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

မန်ယူအသင်းမှာ ဒူးဒဏ်ရာရာသွားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် အီဗရာဟီ မိုဗစ်ကြောင့် မော်ရင်ဟိုက အသင်းမှာ စွမ်းဆောင်ရည်အကောင်းဆုံး တိုက်စစ်မှူးများကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းမှာ ဖလားနှစ်လုံး ရယူပေးစဉ် ကာလကလည်း ကလပ်အသင်းမှာ ကမ္ဘာအဆင့်မှီ တိုက်စစ်မှူးများဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ၊ကော်စတာနဲ့ မီလီတိုတို့ကို ခေါ်ယူပြီး နည်းပြခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့နောက်မှာသာရပ်တည်နေရပြီး  ဘာစီလိုနာမှ သတင်းရင်းမြစ်များအရ နေမာဟာ အသင်းရဲ့ တိုက်စစ်အတွက် မက်ဆီနဲ့ နေမာတို့ နောက် တတိယအဆင့်သာ ဖြစ်နေတဲ့ အခြေအနေကို မပျော်မရွှင်ဖြစ်နေတယ် လို့သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အဒ် ၀ုဒ် တစ်ယောက် စီမံခန့်ခွဲရေး ဒု  ဥက္ကဠဖြစ်လာပြီးနောက်ပိုင်း တန်ဖိုးမြင့်ခေါ်ယူမှုတွေဖြစ်တဲ့ မော်ရင်ဟို၊ပေါ့ဘာ တို့ကို ခေါ်ယူခဲ့သူဖြစ်ပြီး တန်ဖိုး မြင့်ကစားသမားတွေကို ခေါ်ယူခြင်းဟာ ကလပ်အသင်းကို ဘဏ္ဍာရေးအရ အမြတ်စွန်းများလာစေတယ် လို့လက်ခံတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

READ
မော်ရင်ဟိုရဲ့တရားဝင်မိတ်ဆက်ပွဲမှာပြောသွားတဲ့အဓိကအချက်များ

မော်ရင်ဟိုကတော့ နေမာကို ခေါ်ယူဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာကို အင်တာဗျုးတစ်ခုမှာ ”  ကျွန်တော်က လက်တွေ့ဆန်ဆန် ဆောင်ရွက်တတ်တဲ့ သူတစ်ယောက်ပါ။နေမာကို ခေါ်ယူဖို့ဆိုတာ ရူးကြောင်ကြောင် စိတ်ကူးတစ်ခုပါပဲ။ဘာစီလိုနာလို အသင်းမျိုးက နေမာကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။မက်ဆီဟာလက်ရှိမှာ ခြေစွမ်းပြနေဆဲ ဖြစ်ပြီး အသက်လည်း သိပ်မကြီးသေးဘူးဆိုပေမဲ့ ၃၀ နားကပ်နေပါပြီ။မက်ဆီပြီးရင်နေမာဟာ ဘာစီလိုနာ အသင်းအတွက် အဓိက ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ဒါကြောင့် မဖြစ်နိုင်တာကိုတော့ ကျွန်တော်လုပ်ဖို့ စိတ်ကူးမရှိပါဘူး ” ESPN နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။

Arkar Hein (Shwemom)

Ref : Mirror

SHARE