ကျောက်ခဲတမျှမာသည့်အစားအစာကိုသာ ကျွေးမွေးသည့် မြောက်ကိုရီးယား လေကြောင်းလိုင်း

လေကြောင်းလိုင်း ကုမ္မဏီတွေဟာ သူ့ထက်ငါ ပရိုမိုးရှင်းတွေပြုလုပ်ပြီး လက်မှတ်ဈေးနှုန်းတွေ ချကာ၊ ၀န်ဆောင်မှုအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြတာကို မကြာခဏ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီယားလေကြောင်းလိုင်းကတော့ ဒီလိုမဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာ အစားအစာ တစ်ကြိမ်သာလျှင် ကျွေးတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ဟိုတယ်/ခရီးဝန်ကြီးဌာနကတော့ လာမည့် 2020 မှာ သူတို့နိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသွား 2 သန်းအထိ ရှိစေရမယ်လို့ ကြုံးဝါး ထားပါပေမယ့် လက်ရှိအချိန်မှာတော့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် 1 သိန်း ၀င်ဖို့ မနည်းရုန်းကန်နေရတယ်လို့ အခြားသတင်းတစ်ရပ်က ထုတ်ဖော်ထားပါတယ်။

ဒီလိုပဲ ခရီးသည်တွေ အဓိက အမှတ်ပေးတဲ့ လေကြောင်းဆိုင်ရာဝန်ဆောင်မှုတွေကလည်း တစ်ကမ္ဘာလုံးနဲ့ယှဉ်တဲ့အခါ အနိမ့်ဆုံးညွှန်းကိန်းကို ပြနေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အစိုးရစာရိတ်နဲ့ ပျံသန်းပြေးဆွဲနေတဲ့ မြောက်ကိုရီယား လေကြောင်းလိုင်းတိုင်းမှာ ခရီးသည်တွေ အမြဲတမ်း သတိတရရှိနေစေမယ့် အစားအစာကတော့ Koryo burger လို့ အမည်ရတဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့ ဘာဂါဖြစ်ပါတယ်။

READ
တူရကီစစ်သား နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ IS အဖွဲ့

အခြားဘာဂါတွေလို အသားတွေ၊ အသီးအနှံတွေ အမောက်အလျှံနဲ့ စီမံထားတာမျိုးမဟုတ်ပဲ၊ ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့် ခပ်ပါးပါးလေးကို ယိုတို့စည်သွပ်အစားအစာအနည်းငယ် သုတ်ပြီး၊ စလက်ရွက် 2 လက်မပတ်လည်လောက်ကလေးနဲ့ စီမံထားလေ့ရှိပါတယ်။ ဘာဂါဟာ အေးစက်မာကြောလွန်းလို့ စားမိရင် အစာအလွယ်တစ်ကူ မကြေညက်နိုင်ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ LA Time ဂျာနယ်လစ် Kim Murphy က ရေးသားထားပါတယ်။

ကြောက်ခဲတမျှ မာကြောလှပြီး၊ လေယာဉ်ခရီးစဉ်တစ်လျှောက်လုံးမှာတော့ Koryo ဘာဂါဟာ အခမ်းအနားဆုံး အစားအ စာ ဖြစ်ပါလိမ့်မယ်။ အခြားသတင်းတွေထဲမှာတော့ Koryo ဘာဂါဟာ ကမ္ဘာပေါ်မှာ အရသာအဆိုးဝါးဆုံးဘာဂါလို့ ရေးသားခြင်းကိုပင် ခံထားရတဲ့ အစားအစာပါ။ Jamie Fullerton ကတော့ ဘန်းမုန့်ပုံစံ ဘာဂါမှာ အသားအနည်းငယ် ပါဝင်
ပြီး၊ ကြက်သား ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

READ
ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် ကူညီခဲ့တဲ့ လစ်ဗာပူးလ်အမျိုးသမီးRugbyအသင်း

James က ” ကျနော်လည်း တို့ကနန်းဆိတ်ကနန်းတော့ စားကြည့်ပါသေးတယ် .. မကုန်ပါဘူး .. အထူးသဖြင့်တော့ ၀ါးရတာ ပေါ့ရွှတ်ရွှတ်မာဆက်ဆက်နဲ့ အစာကြေလွယ်မယ့် အစားအစာ မဟုတ်ပါဘူး “လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားခရီးသွား အော်ပရေတာဖြစ်တဲ့ Simon Cockerell ကလည်း ” ဒီမှာနေမယ်ဆိုရင်တော့ အရသာမရှိတဲ့ အသားနဲ့ကပ်ထားတဲ့ ပေါင်မုန့်ပဲ ရှိပါတယ် .. ခင်ဗျားတို့ စားဖူးတဲ့ အစားအစာတွေထက် ပိုပြီး ဆိုးဝါးတဲ့ အရသာ ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
source : mirror.co.uk

SHARE