နှုတ်ခမ်းလှလှလေးစူစေရန် ဆေးထိုးခဲ့သည့် သူနာပြု နှုတ်ခမ်းလှီးပစ်ရဖွယ်ရှိ

တူရကီနိုင်ငံ တောင်ဘက်ပိုင်းရှိ အဒါနာ မြို့ (Adana)တွင်နေထိုင်တဲ့ နာပ်စ်မ တစ်ဦးဖြစ်သူ မာဗ်ကေးလ် (Merve Kales )ဟာ သူမရဲ့ နှုတ်ခမ်းလှစေရန်အတွက် ပေါင် ၂၂၀ (မြန်မာငွေ ၃ သိန်း ၈ သောင်း)ခန့် အကုန်အကျခံပြီး သူမရဲ့ ဆံပင်ညှပ်သူဆီမှာ တရားဝင် ခွင့်ပြုထားခြင်းမရှိတဲ့ နှုတ်ခမ်းလှဆေးကို ထိုးခဲ့ပါတယ်။

မာဗ်ကေးလ် ရော သူမကို ဆေးထိုးပေးခဲ့တဲ့ ဆံပင်ညှပ်ဆရာမရော နှုတ်ခမ်းလှဆေးထဲမှာ ဘာပါဝင်ပစ္စည်းတွေ ပါဝင်သလဲဆိုတာကို မသိခဲ့ကြဘူးလို့ဆိုခဲ့ကြပြီး ဆေးထိုးခဲ့ပြီးတဲ့ အခါမှာတော့ မာဗ်ရဲ့ နှုတ်ခမ်းဟာ အင်မတန်ထော်နေခဲ့ပြီး ရောင်ကိုင်းနေခဲ့ပါတယ်။သူမတို့ ထိုးခဲ့တဲ့ နှုတ်ခမ်းလှဆေးကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသခြင်းကို ဒီတစ်ပါတ်အတွင်း ပြုလုပ်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။ဒါပေမဲ့ ခွဲစိတ်ဆရာဝန်များက မာဗ်တို့ ထိုးခဲ့တဲ့ နှုတ်ခမ်းလှဆေးဟာ အထဲမှာ ဘာဖြစ်နေလဲဆိုတာကို သေချာ မသိတဲ့အတွက် ခွဲစိတ်မှုမအောင်မြင်ရင် နှုတ်ခမ်းကို ဖြတ်ထုတ်ပစ်ရမယ် လို့ ဆိုခဲ့ပါတယ်။

READ
Botox မလိုတဲ့ အရွယ်တင်နုပျိုလှပစေမယ့် သဘာဝပစ္စည်းများ

မာဗ်ကို နှုတ်ခမ်းလှဆေးထိုးပေးခဲ့တဲ့ ဆံပင်ညှပ်ဆရာမ ကို သတင်းထောက်များ သွားရောက်မေးမြန်းခဲ့တဲ့အခါမှာတော့ ဆံညှပ်ဆရာမက သူမမှာ တာဝန်မရှိကြောင်းပြောဆိုခဲ့ပါတယ်။

” မာဗ်ကို ကျွန်မက ဒေါက်တာ တစ်ယောက်ဖြစ်တယ် လို့ ကျွန်မ မပြောခဲ့ပါဘူး။ကျွန်မတို့ တစ်ည အရက်သောက်အပြီးမှာ မာဗ်က ကျွန်မကို နှုတ်ခမ်းလှဆေးထိုးပေးဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။သူမဟာ ကျွန်မ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်ပါ။မာဗ်ဟာ နောက်နေ့ကျတော့ နှုတ်ခမ်းလှဆေးကို ယူလာခဲ့ပါတယ်။ကျွန်မ သူကို မထိုးပေးနိုင်ဘူးလို့ ငြင်းခဲ့သေးပေမဲ့ မာဗ်က ကျွန်မကို အတင်းထိုးခဲ့ခိုင်းတာ ဖြစ်ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

မာဗ်တစ်ယောက် နှုတ်ခမ်းလှရန် ထိုးသွင်းရသည့်ဆေးကို ဘယ်က ၀ယ်ယူလာသလဲဆိုတာကိုတော့ သိရခြင်းမရှိပါဘူး။နှုတ်ခမ်းလှဆေးများဟာ ကမ္ဘာကျော်မော်ဒယ်ဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာ သူမရဲ့ နှုတ်ခမ်းကို ဆူပြီး ပြည့်ဖြိုးစေရန်အတွက် ထိုးကြပြီးနောက်ပိုင်း မိန်းကလေးတွေကြားမှာ ခေတ်စားလာတဲ့ ပြုပြင်မှု တစ်မျိုးလည်း ဖြစ်ပါတယ်။သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီ ကတော့ သဘာဝအတိုင်း ပြည့်ဖြိုးစွာ စူနေတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး မိန်းကလေး အများစုဟာ သူတို့ နှုတ်ခမ်းကို ပြည့်ဖြိုးစွာ စူစေရန်အတွက် ဆေးခန်းများမှာ လာရောက်ပြုလုပ်မှုများနေတယ် လို့သိရပါတယ်။အင်္ဂလန်နိုင်ငံမှာ ဆိုရင် နှုတ်ခမ်းစူရန်ဆေးထိုးပေးတဲ့ ဆေးခန်းများဟာ ခေတ်စားနေပြီး ဆေးပညာရှင်များကတော့ ဒီလို ထိုးဆေးထိုးခြင်းများကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတယ် လို့သိရပါတယ်။

READ
ခြေဖနောင့်ကွဲတာတွေကို မီးဖိုချောင်သုံးပစ္စည်းများနဲ့ ကုသနည်း

Shwemom

Ref : The Sun

SHARE