အရမ်းတွယ်ကပ်လွန်းတဲ့ ရည်းစားကြောင့် စိတ်ညစ်နေသူများအတွက် ဖြေရှင်းနည်း

အချစ်ခံရတာတော့ ကောင်းပေမယ့် သိပ်များလွန်းရင်လည်း မကောင်းပါဘူး ။ချစ်တယ်လို့ အကြောင်းပြပြီး ဟိုနေရာလည်းပါချင်၊ဒီနေရာလည်း ပါချင် ၊နေ ရာတကာတစ်ကောက်ကာက်လိုက်နေရင်တော့ ဒါဟာကြည်နူးမှုအဆင့်ကို ကျော်ပြီး စိတ်ရှုပ်စရာဖြစ်လာပါပြီ။လူတိုင်းမှာ သီးသန့်ကိုယ်ပိုင် Life ၊ကိုယ်ပိုင် အချိန်ဆိုတာ လိုပါတယ်။နေရာတကာမှာ ၀င်ပါလွန်းပြီး၊24/7 အနားမှာ လိုက်ေ နတဲ့  တွယ်ကပ်နေတဲ့ ချစ်သူကို ပိုင်ဆိုင် ထားလို့ စိတ် ညစ်နေရတယ်ဆိုရင် ဒီနည်းလမ်းတွေကို သုံးပြီး ဖြေရှင်းကြည့်ပေးပါ။

#1 အကြောင်းအရင်းကို အဖြေရှာပါ

ချစ်သူက ကိုယ့်ရဲ့နောက်မှာ တစ်ကောက်ကောက်ဘာကြောင့် အချိန်ပြည့် တွယ်ကပ်နေချင်ရတာလဲဆိုတာကို အရင်ဆုံးစဉ်းစားပါ။သူတို့ရဲ့ စိတ်မ လုံ ခြုံမှုကြောင့်၊အရူးအမူးစွဲလန်းလွန်နေတဲ့ စိတ်ကြောင့်လား ဆိုတာကိုအဖြေ ရှာပါ။သူ့ရဲ့ ပင်ကိုယ်အပုန်းစိတ်(သိမ်ငယ်တဲ့စိတ်၊စိတ်မလုံခြုံမှု)ကြောင့် ဆို ရင်တော့ ချစ်သူကိုလည်း စိတ်ထိခိုက်မသွားအောင်၊နားလည်း နားလည်အောင် ကိုယ့်ဖက်ကနေ အေးအေးဆေးဆေး သူနားဝင်အောင် ပြောပြပေးပါ။သ၀န်တို တာကြောင့် ဆိုရင် သူသ၀န်မတိုအောင် ဘယ်လို လုပ်မ လဲ စဉ်းစားပါ။အ ရင် ဆုံး အကြောင်းအရင်းကို ရှာမှ ဘယ်လိုနည်းလမ်းသုံးပြီး အကောင်းဆုံးဖြေရှင်းရ မလဲဆိုတာ အဖြေပေါ်မှာပါ။

READ
ချစ်သူကောင်လေးကို မပြောသင့်တဲ့စကား(၅)ခွန်း

#2 ပွင့်ပွင့်လင်း ပြော

ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဖြေရှင်းတာဟာ အကောင်းဆုံးပါ။ ဘာေ ကြာင့် အခုလို အလွန်အကျွံတွယ်ကပ်နေရတာလဲ လို့ မေးပါ။မေးပြီးရင် သူဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ပါ။တစ်ခါတစ်လေမှာ သင့်ချစ်သူဟာ သူကိုယ်တိုင်တောင် မသိလိုက်ပဲ သင့်အပေါ် အလွန်အကျွံတွယ်ကပ်မိနေတာ မျိုးလည်း ရှိနိုင်ပါတယ်။

#3 တခြား သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ အကြံပေးပါ

ဒါကတော့ အလိမ္မာနည်းသုံးလိုက်တာပါ။လူဆိုတာ အသိုင်းအ၀ိုင်းနဲ့နေရမှာ ဖြစ်ကြောင်း၊သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ပုံမှန်အဆက်အသွယ်လုပ်သင့် ၊ပုံမှန်တွေ့ဆုံ သင့်တဲ့အကြောင်း တစ်ဖက်လှည့်နဲ့ ပြောပေးပါ။တစ်ခါတစ်လေမှာ သင့်အတွက်ပေးမယ့် အချိန်တွေကို သူငယ်ချင်းတွေအတွက်လည်း ဖဲ့ပေးဖို့ နားဝင်အောင်အေးဆေးပြောပြပေးပါ။

#4 အချိန်ပြည့် ဖုန်းဖြေနေဖို့ မအားကြောင်းပြောပါ

အလုပ်ထဲကို ရောက်နေတာတောင်မှ မကြာခဏမက်ဆေ့ခ်ျပို့၊ဖုန်းခေါ်တာတွေ လုပ်နေပြီး၊ကိုယ့်ဘက်က ph မကိုင်၊msg reply ချက်ချင်းမပြန်မိတာနဲ့ တရ ဆတ် msg ပို့၊Ph ခေါ်တာတွေ လုပ်တတ်လား.?ဒါဆိုရင်တော့ သင်ဟာ အ ချိန်ပြည့်၊အမြဲတမ်းဖုန်းအနားမှာ ရှိမနေကြောင်း၊ဖုန်းဖြေဖို့ အမြဲတမ်း အားမေ နကြောင်း အေးဆေးရှင်းပြပါ။လုပ်ငန်းခွင်ထဲရောက်နေချိန်မှာ ဒီလိုတွေ ပြုမှု တာဟာ သင့်အတွက် အလုပ်မှာ ထိခိုက်စေကြောင်း ပြောပြပါ။ချက်ချင်းမဖြေနိုင်၊ Reply မလုပ်နိုင်ပေမယ့် အားတဲ့ အချိန်ကျရင်တော့ အချိန်ပေးပြီး သင့်ဘက်က ဖုန်းခေါ်၊msg ပြန်ပေးပါ့မယ်ဆိုတာကိုပါ ထည့်ပြောပေးပါ။ဒီလိုပြောနေတဲ့ ကြားကမှ သူ့ဘက်က နားလည်မှုမပေးဘူးဆိုရင်တော့ ဖုန်းခေါ်၊msg ပို့ တဲ့ အချိန်မှာ၊သူ့ဟာသူဘယ်လောက်ပဲ ခေါ်ချင်သလောက်ခေါ်နေပါစေ ဒီအတိုင်း မသိကျိုးကျွန်ပြုထားလိုက်ပါ။

READ
ချစ်သူကောင်လေးရဲ့ မွေးနေ့မှာ ပေးသင့်တဲ့လက်ဆောင်(၆)မျိုး

#5 ချစ်သူရဲ့ သူငယ်ချင်း၊မိသားစုတွေဆီက အကြံတောင်းပါ

သင်တစ်ယောက်တည်း ဖြေရှင်းလို့ မနိုင်တော့ဘူးဆိုရင်တော့ တခြား သူတွေဆီကပါ အကူအညီတောင်းပါ။ချစ်သူရဲ့ သူငယ်ချင်းတွေ၊မိသား စုတွေဆီ ကနေ ဒီကိစ္စကို ဘယ်လို လုပ်ရင်ကောင်းမလဲ၊ဘယ်လိုဖြေရှင်းရင်အကောင်းဆုံး လဲဆိုတာကို မေးပါ။သူတို့ဆီကနေ အကြံတောင်းပါ။

#6 ချစ်သူကို အလုပ်ရှုပ်နေအောင်ထားပါ

ဘယ်လိုမှ လုပ်လို့မရတော့ရင်တော့ ကိုယ့်ချစ်သူကို အလုပ်ရှုပ်အောင်ထား ပါ။သူဝါသနာပါတဲ့ အရာတစ်ခုခုကို လုပ်ခိုင်းပါ။ဥပမာ- ချစ်သူကို သင်တန်း တတ်ခိုင်းတာ၊Gym ဆော့ခိုင်းတာ၊တခြားသူဝါသနာပါတဲ့ အရာတစ်ခုခုကို ပုံမှန်လုပ်ဖို့ အကြံပြုပေးပါ။သူဟာနဲ့သူအလုပ်တွေရှုပ်နေရင် သင်ဆီကို တော က်လျောက်တွယ်ကပ်လိုက်နေတာလည်း လျော့သွားပါလိမ့်မယ်။

Nilar (Shwemom)

Ref;lovepanky.

SHARE