ကျောင်းသူလေးကို ရက်ရက်စက်စက် ဆံပင်ဆွဲကာ ဒရွတ်တိုက်ဆွဲခေါ်တဲ့ ဆရာမ

တရုတ်နိုင်ငံမှာတည်ရှိတဲ့ မူလတန်းပြဆရာမတစ်ယောက်ဟာ ပေကပ်ကပ်လုပ်နေတဲ့ လူမမယ်အရွယ် ကျောင်းသူလေးကို ဆံပင်ဆွဲကာ ဒရွတ်တိုက်ဆွဲခေါ်သွားမှုအား အနီးအနားလူတစ်ယောက်က ဗွီဒီယိုမှတ်တမ်း တင်ခဲ့ပါတယ်။ သတင်းဆောင်းပါးပါ မူလဖော်ပြချက်ထဲမှာတော့ ကျောင်းသားမိဘတွေရဲ့ ယုံကြည်မှုကို အလဲသုံးစားလုပ်တဲ့ ဆရာမလို့ ရေးသားခဲ့ပါတယ်။

တကယ်လည်း မိဘတွေဟာ ၎င်းတို့ရဲ့ ရင်နှစ်သည်းခြာ သားသမီးတွေကို အုပ်ချုပ်စီမံကြတဲ့ ဆရာဆရာမျာအား ဒုတိယမိဘများလို့ ယုံမှတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ဆိုးဝါးလွန်းလှတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ စုံရတတ်သလို၊ တစ်ခါတလေကျပြန်တော့လည်း အလွန်ဆိုးဝါးတဲ့ မိမနိုင်ကလေးတွေနဲ့လည်း ဆရာတွေ ရင်ဆိုင်ရတတ်ပါတယ်။

အခုအဖြစ်အပျက်မှာတော့ ဆရာမဟာ ကျောင်းသူဘက်က မည်မျှ မှားသည်ဖြစ်စေ၊ အရွယ်မမယ် ကလေးငယ်လေး ဖြစ်တဲ့အပြင် တစ်ခြားနည်းနဲ့ ရအောင်ခေါ်လို့ ရရက်သားနဲ့ ဆံပင်ကို ဆွဲခေါ်တာမျိုးကတော့ ဘယ်လိုမှ မသင့်တော်ပါဘူး။ ကနဦးတုန်းကတော့ ဆရာမဟာ ကျောင်းသူလေးကို လက်ကနေ အတင်း ဒရွတ်ဆွဲခေါ်နေပါတယ်။

READ
ရထားရှေ့ကို ခုန်ဆင်းကာ အဆုံးစီရင်ခဲ့တဲ့ ကလေး(၄)ယောက် မိခင်တစ်ဦး

နောက်ပိုင်းမှာတော့ ဆရာမဟာ အလွန်ပေကပ်ကပ်နိုင်တဲ့ ကျောင်းသူမလေးကို စိတ်အလွန်ဆိုးသွားပုံရပြီး၊ ဆံပင်ကနေ ဆွဲခေါ်ပါတယ်။ သူမဟာ နိုင်ငံခြားဘာသာရပ်သင်ဆရာမတစ်ယောက်လို့ သိရပြီး၊ ဂွမ်ဒေါင်စီရင်စု ဒေါင်ဂွမ်ပြည်နယ်က ပုဂ္ဂလိက မူလတန်းနိုင်ငံခြားဘာသာသင်ကျောင်းမှ သင်ကြားရေးဝန်းထမ်း ဖြစ်ပါတယ်။

ကင်မရာသမား မှတ်တမ်းတင်နေတာကို အဆိုပါ ဆရာမ သိရှိသွားချိန်မှာ အပြန်အလှန်စကားများကြပြီး၊ ဒီကိစ္စဟာ ရှင်နဲ့
ဘာမှမဆိုင်ကြောင်း၊ သူမရဲ့ သမီးအရင်း ဖြစ်ကြောင်း၊ ခေါ်တာမရလို့ ဒီလိုလုပ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကလေးမလေးကလည်း အိမ်ပြန်ချင်တယ်-လို့သာ တွင်တွင်အော်နေတာကို အတိုင်းသား ကြားရပါတယ်။

ဒီအဖြစ်အပျက်ဟာ တာဝန်ရှိသူတွေဆီအထိ ပေါက်ကြားသွားပြီး မိမိသားသမီးအရင်း ဖြစ်နေစေကာမူ၊ ဒီလိုလုပ်ရပ်မှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ သူတို့ချင်း ဆွေမျိုးတော်စပ်နေစေကာမူ ဆရာမယူနီဖောင်း၊ ကျောင်းသူဝတ်စုံဝင်ဆင်ထားတဲ့ သူနှစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် အခြားကျောင်းသားမိဘတွေအတွက် အထင်လွဲစရာဖြစ်နိုင်ကြောင်း ယူဆပြီး စုံစမ်းစစ်
ဆေးနေစဉ် ကာလအတွင်း ကာယကံရှင်ဆရာမကို ရာထူးမှ ခေတ္တဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

READ
(11)နှစ်အတွင်း ဆယ်ကျော်သက်မလေး 150 ကျော်ကို အဓမ္မကျင့်ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးကဲဟောင်း

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE