နွေရာသီ မိတ်ကပ်ပြင်ဆင်မှုအတွက် သိထားသင့်တဲ့ အချက်များ

ပူပြင်းတဲ့ နွေရာသီမှာ ချွေးထွက်များတာကြောင့် လိမ်းချယ်ထားတဲ့ မိတ်ကပ်တွေ အလွယ်တကူပျက်ကုန်တတ်ပါတယ်။နွေနေဘယ်လောက်ပူပူ  မိတ်ကပ်အလှမ ပျက်ပဲ အမြဲတမ်းလှနေချင်သူတွေအတွက် နည်းလမ်းရှိပါတယ်။နွေရာသီအတွက် မိတ်ကပ်လိမ်းချယ်မှုအတွက်သိထားသင့်တဲ့ အချက်တွေ ကတော့..

(၁)oil-free moisturizer နဲ့အရင်စပါ

နွေနေပူမှာ ချွေးထွက်များပြီး မိတ်ကပ်တွေ မပျက်ရအောင် ချွေးတွေကြောင့် မိတ်ကပ်မကွက်ရအောင် oil-free moisturizer ကို သုံးပါ။ဒီနည်းဟာ မိတ် ကပ်ပညာရှင်တစ်ယောက် ပြောခဲ့တဲ့ လျှို့ဝှက်နည်းပါ။ တစ်ခုတော့ရှိပါတယ်။ ကိုယ်အသားအရေနဲ့လိုက်ဖက်တဲ့ moisturizer  ကိုရွေးသုံးဖို့တော့ လိုပါတယ်။ချွေးထွက်တဲ့ရာသီဖြစ်တာကြောင့်

(၂)အောက်ခံလိမ်း

moisturizer ပြီးရင်တော့ အောက်ခံမိတ်ကပ်ကို လိမ်းပေးပါ။လိမ်းတဲ့နေရာ မှာလည်း အရမ်းအထူကြီး လိမ်းတာမျိုးမလုပ်ပါနဲ့။

(၃)Bronzer သုံးပါ

Bronzer(ပါးနီအညိုရောင်)ကို သုံးပါ။ Bronzer သုံးမှ မျက်နှာလေးက ပိုတောက်ပလာမှာပါ။လန်းဆန်းတဲ့ natural Colour မျိုးကိုရွေးပါ။ နဖူး၊ ပါးရိုးမေးနဲ့နှာခေါင်းမှာ ချယ်ပါ။

READ
ယောက်ျားတစ်ယောက်ကို အချစ်ဖြစ်ပေါ်ခံစားစေနိုင်တဲ့အချက်များ

(၄)လက်လက် ထနေတဲ့ အပြင်အဆင်ကို ရှောင်ပါ

ရာသီဥတုကြောင့် စိတ်တွေပူအိုက်နေတဲ့ အချိန်ဖြစ်တာကြောင့် လက်လက်ထေ န တဲ့ မိတ်ကပ်အပြင်အဆင်မျိုးကိုရှောင်ပါ။မျက်နှာမှာ မိတ်ကပ် အထူကြီး ချယ် သ နေတာထက် သဘာဝနဲ့အနီးစပ်ဆုံး မိတ်ကပ်အပြင်အဆင်ကို ရွေးပါ။ ဒါကြောင့် မျက်လုံးကို Colour ချယ်တဲ့အခါမှာလည်း အရမ်းတောက်တဲ့ အရောင်မျိုးကို မရွေးပါနဲ့။

(၅)ရေစိုခံ (waterproof)ကိုရွေးသုံး

မိုးရာသီမဟုတ်တာကြောင့် ရေစိုခံ mascara ကို သုံးဖို့ မလိုဘူးလို့ မထင် လိုက်ပါနဲ့။ချွေးထွက်တဲ့ရာသီဖြစ်တာကြောင့် ချွေးနဲ့ရောပြီး mascara တွေ ပျံ့ကုန်တာမျိုးမဖြစ်ရအောင် waterproof mascara ကိုရွေးချယ်ပါ။ waterproof eyeliner (liquid  သို့ pencil) သုံးမယ်ဆိုရင် သူတစ်ခု တည်း မသုံးပဲ eye shadow  နဲ့တွဲသုံးပေးခြင်းအားဖြင့် တစ်နေကုန်ပိုခံစေ ပါတယ်။

READ
ကောင်လေးတွေသင့်ကိုမချဉ်းကပ်တဲ့အကြောင်းအရင်းများ

(၆)နှုတ်ခမ်းနီကို အရောင်ဖျော့ရွေး

အရောင်တောက်တောက်နှုတ်ခမ်းနီတွေကို အထူကြီးဆိုးတာမျိုး မလုပ်ပါနဲ့ ။နှုတ်ခမ်းနီအခြောက်အစား အစိုကို ရွေးသုံးပါ။နှုတ်ခမ်းနီအပြင် နှုတ်ခမ်း အစိုဓါတ်ရဖို့ colour မပါတဲ့ အဆီချည်းသက်သက် နှုတ်ခမ်းအဆီမျိုးကိုပါ သုံးပေးသင့်ပါတယ်။ပန်းရောင်အနု၊အသားအရောင်အဖျော့ အစရှိတာတွေကို ရွေးသုံးပေးပါ။

Ref;goodhousekeeping

SHARE