မိမိနဲ့သင့်တော်တဲ့ အလုပ်ကို အမြန်ဆုံးရှာတွေ့နိုင်မယ့် နည်းလမ်း(၅)မျိုး

Unemployment Workers.

ဝါသနာနဲ့လည်း ကိုက်ညီပြီး မိမိကို ကျေနပ်မှုပေးနိုင်မယ့်၊ပျော်ရွှင်စေနိုင်မယ့် သင့်တော်တဲ့အလုပ်ကို ရှာတွေ့ဖို့ ဆိုတာဟာ တကယ့်ကိုခက်ခဲပါတယ်။ ဒါပေမယ့် မိမိနဲ့သင့်တော်လိုက်ဖက်တဲ့ အလုပ်ကို အမြန်ဆုံးရှာတွေ့ အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေ ကတော့…

(၁)အမြဲတမ်းပြင်ဆင်ပါ

အခွင့်အလမ်းဆိုတာဟာ ကိုယ့်ဆီကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဆိုက် ဆိုက် မြိုက်မြိုက်ရောက်လာတတ်ပါတယ်။ဒီတော့ မိမိအနေနဲ့ အခွင့်အရေးက ကိုယ့်ကို တံခါးခေါက်လာတဲ့ အချိန်မျိုးမှာ ကိုယ်ကိုတိုင်က အသင့်ဖြစ်နေဖို့ လိုပါတယ်။ဒါကြောင့် အသင့်ဖြစ်နေအောင် အမြဲတမ်းပြင်ဆင်ထားပါ။သူများေ တွနှစ်သက်သဘောကျတဲ့အသွင်အပြင်(impression)ကောင်း ကောင်းရှိဖို့လိုပါတယ်။မိမိဟာ တကယ်ပဲ အတူအလုပ်လက်တွဲလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ပုံမျိုးပေါက်နေဖို့တော့ လိုပါတယ်။

Full length of business people waiting for job interview in a bright office

(၂)ဆက်စပ်မှုရှိတဲ့ အလုပ်ကို လျှောက်ပါ

အလုပ်လျှောက်တဲ့နေရာမှာ ကိုယ့်ရဲ့အတွေ့အကြုံ၊ကိုယ့်အရည်အချင်းနဲ့ ကိုက် ညီမယ့် အလုပ်မျိုးကို ရွေးချယ်လျှောက်ဖို့လိုပါတယ်။မိမိလျှောက်မယ့်အလုပ်နဲ့ လုံးဝ ကွက်တိကျပြည့်စုံနေဖို့ မဖြစ်မနေ လိုအပ်သလားဆိုရင်တော့ လုံးဝကွက် တိကျနေဖို့ မလိုပါဘူး။ဒါပေမယ့်လည်း ပတ်သက်ဆက်စပ် ဆီလျော် မှုရှိဖို့တော့ လိုပါတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေတိုင်းမှာ တွေ့တဲ့ အလုပ်ပေါင်းစုံကို အကုန်လိုက်လျှောက်တာဟာ အလုပ်ရဖို့တော့ မြန်ချင်မြန်ပါ လိမ့်မယ်။ဒါပေမယ့် မိမိနဲ့တကယ်သင့်တော် လိုက်ဖက်ဖို့ဆိုတာကတော့ ရာခိုင်နှုန်းနည်းနိုင်ပါတယ်။

READ
သူငယ်ချင်းတွေစုပြီး စီးပွားရေးလုပ်မယ်ဆိုဒါတွေအရင်စဉ်းစားပါ။

(၃)အလုပ်လျှောက်လွှာ

အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် အရင်ဆုံးအရေးကြီးတာက CV ဆိုတဲ့ အလုပ်လျှောက်လွှာပါ။ဒါဟာ အလုပ်ကောင်းကောင်းကိုရှာဖွေပေးနိုင်ဖို့ အတွက် အဓိက ကူညီပေးနိုင်မယ့် အရေးကြီးတဲ့အရာတစ်ခုဖြစ်သလို၊ အလုပ်ရနိုင်ဖို့ အခွင့်အရေးပိုများနိုင်တဲ့ လက်နက်ကိရိယာတစ်ခုဆိုလည်း မမှားပါဘူး။ဒါကြောင့် CV ကောင်းတစ်ခုကို သေချာပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မသိရင်တော့ အွန်လိုင်းပေါ်မှာ နမူနာပြထားတဲ့ ပုံစံတွေကို ကြည့်ပြီး အဆင်ပြေရာကို ရွေးချယ် အသုံးပြုနိုင် ပါတယ်။

cv

(၄)လူမှုဆက်ဆံရေး

ဒါဟာလည်း အလုပ်ကောင်းရနိုင်ဖို့ ကူညီပေးနိုင်တဲ့ အဓိကအခန်းကဏ္ဍ မှာပါ ၀င်နေတဲ့ အရာတစ်ခုပါ။ကိုယ့်ဟာနဲ့ကိုယ်ကြိုးစားရှာရင်လည်း အလုပ်ကောင်း မတွေ့နိုင်ဘူးလားဆိုတော့ တွေ့နိုင်ပါတယ်။ဒါပေမယ့်လည်း ကိုယ့်မှာ သူငယ် ချင်းအပေါင်းအသင်းများမယ်ဆိုရင် အဆက်အသွယ်ပိုများလာမှာဖြစ်ပြီး တကယ် ကိုယ်နဲ့သင့်တော်လိုက်ဖက်တဲ့ အလုပ်ကို ရှာတွေ့နိုင်ချေပိုများပါတယ်။ မိမိမိတ်ဆွေအပေါင်းအသင်းတွေက ကိုယ်ဘယ်လို အလုပ်မျိုးကိုကြိုက်တယ်၊ ဘယ်လိုမျိုးနဲ့ဆိုရင် ကိုယ်နဲ့သင့်တော်နိုင်တယ်ဆိုတာကို နားလည်ထား သူတွေ ဖြစ်တာကြောင့် လူမှုဆက်ဆံရေးကောင်းသူ၊မိတ်ဆွေပေါများသူတွေ ဟာ တခြားသူတွေထက် အလုပ်ကောင်းကောင်း ရနိုင်ချေ ပိုများပါတယ်။

READ
အသက်၂၀နဲ့၃၀ကြားထဲမှာ ချမ်းသာလာဖို့လျှို့ဝှက်ချက်(၇)ခု

shutterstock_53794126

(၅)ရည်မှန်းချက်အတွက် ကြိုးစားပါ၊လက်မလျှော့ပါနဲ့

တကယ်လို့ မိမိမှာ ကိုယ်လိုချင်တဲ့ career life (သို့)လမ်းကြောင်းတစ်ခု ရှိတယ်ဆိုရင် ဒီရည်မှန်းချက်အတွက် အမြဲတမ်းကြိုးစားပါ။မိမိလိုချင် ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်ဆီကို ရောက်အောင်သွားပါ။နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတိုင်းက ရည်မှန်းချက်ဆီ ရောက်အောင် သွားနေတဲ့ ခြေလှမ်းတွေဆိုတာ သေချာ ပါစေ။အောင်မြင်သူတွေ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းဆီကို ရောက်အောင် သွားတဲ့ နည်းလမ်းတွေ အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်တွေကို ဖတ်ပါ။အောင်မြင်သူ၊ထူးချွန်ထက်မြက်သူတွေထံကနေအကြံဥာဏ်တွေ   တောင်းခံပါ။

Ref;.lifehack

SHARE