ပွဲပြီးအင်္ကျီလဲဖို့ တောင်းဆိုခဲ့ဖူးတာ ကစားသမားတစ်ဦးသာရှိကြောင်းဆိုခဲ့တဲ့မက်ဆီ

ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မိမိကစားသမားဘ၀တစ်လျှောက်မှာ အခုအချိန်ထိ ပွဲကကစား ပြီးချိန် အင်္ကျီလဲဖို့ တောင်းဆိုခဲ့ဖူးသူမှာ ရီးယဲလ်ဂန္ထ၀င်ကွင်းလယ်ကစားသမား ဇီးဒန်းတစ်ဦးတည်းသာ ရှိခဲ့ကြောင်း ထုတ်ဖော်ဝန်ခံ ခဲ့ပါတယ်။ ဇီဒန်းနဲ့ မက်ဆီတို့ဟာ စီနီယာ-ဂျူနီယာပြိုင်ဘက်များအဖြစ် နိုင်ငံနဲ့ ကလပ်အသင်းတွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့ ဖူးသူတွေ ဖြစ်ပါတယ်။

ဇီးဒန်းရဲ့နာမည် ထုတ်ဖော်မှုအတွက် မက်ဆီကို ဘာစီလိုနာပရိသတ်တစ်ချို့က စိတ်ဆိုးနေကြတယ်လို့လည်း သတင်းစာ မှာ ဖော်ပြခဲ့ပါတယ်။ မက်ဆီကတော့ ဇီဒန်းတစ်ဦးတည်းကိုသာ ပွဲပြီးချိန်မှာ အင်္ကျီလဲဖို့ တောင်းဆိုခဲ့ဖူးကြောင်း၊ အကြိမ်ရေ မှာလည်း အလွန်နည်းပါးကြောင်း ၀န်ခံခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ပြိုင်ဘက်ကစားသမား တော်တော်များများဟာ ပွဲအပြီးမှာ မက်ဆီနဲ့ အင်္ကျီလဲဖို့ တောင်းဆိုတာကို လည်း ဘာကာကစားတဲ့ပွဲတိုင်းနီးပါး မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့ပြီး ကလပ်အသင်းအတွက် ဂိုး 500 ပြည့်မြောက်ခဲ့ပါတယ်။

READ
နိုင်ငံတကာ ဂိုးသွင်းများဆုံး ကစားသမားစာရင်းတွင် ၀င်ရောက်လာတဲ့ ရော်နယ်လ်ဒို

မက်ဆီက ” ကျနော် အင်္ကျီလဲလှယ်ဖို့ တစ်ခြား ဘယ်ကစားသမားကိုမှ မတောင်းဆိုခဲ့ဖူးပါဘူး … တစ်ယောက်ပဲ ရှိခဲ့ပါ တယ် … ဇီဒန်းပါ … ပြိုင်ဘက်ထဲမှာတော့ ဂူတီပေါ့ … သူက ကျနော့်ကို နှစ်ကြိမ်အထိ အင်္ကျီလဲလှယ်ဖို့ တောင်းဆို ဖူးတယ် … ဒီမှာရော သူတို့ကွင်း(ရီးယဲအိမ်ကွင်း)မှာရော … တောင်းဆိုခဲ့ဖူးပါတယ် “လို့ ထုတ်ဖော်ခဲ့ပါသေးတယ်။

မက်ဆီဟာ ယခုနှစ်ရာသီအတွက် 49 ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ရီးယဲလ်အသင်းနဲ့ El Clásico ပွဲစဉ်မှာ နှစ်ဂိုးအထိ သွင်းယူပေးကာ ချန်ပီယံမျှော်လင့်ချက်ကို ရှင်သန်စေခဲ့
တာ ဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE