ရီးယဲလ် VS မန်စီးတီး (ပွဲကြိုခန့်မှန်းချက်-အထူး)

ရီးယဲလ်  VS  မန်စီးတီး

ကစားမည့်ကွင်း – Estadio Santiago Bernabéu, မက်ဒရစ်မြို့။
အချိန်/နေ့ရက် – နံနက်(01:15)နာရီ၊ 5-5-20116
ဒိုင်လူကြီး – D. Skomina

ပထမအကျော့မှာ ရီးယဲလ်အသင်းဟာ စီရော်နယ်ဒိုမပါဘဲ မန်စီးတီးအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မန်စီး
တီးဟာ အိမ်ကွင်းအားသာချက်နဲ့ ရီးယဲလ်ကို သရေရလာဒ်ရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ရီးယဲလ်အသင်း
အနေနဲ့ ခြေစွမ်းပိုင်း သာလွန်တယ်လို့ ယူဆလို့ မရဘဲ၊ တစ်ပြန်စီ တိုက်စစ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ အခု ဒုတိယအ
ကျော့ပွဲစဉ်မှာတော့ စီရော်နယ်ဒို ပြန်ပါလာဖို့ ရှိပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာ စီရော်နယ်ဒို၊ ဘန်ဇီမာ၊ ဘေးလ်တို့ တိုက်
စစ်မှာ ပွဲထွက်လာမယ်လို့ ယူစရပြီး ကွင်းလယ်ကိုတော့ လူကာမိုဒရစ်၊ Casemiro နဲ့ တိုနီခရူးစ်တို့က တာဝန်ယူပါလိမ့်
မယ်။ ခံစစ်ပိုင်းမှာတော့ မာဆယ်လ်လို၊ ရာမို့စ်၊ ပီပီ၊ ကာဗာဂျယ်လ်တို့ပဲ ပွဲထွက်ဖို့ရှိပါတယ်။ 4-3-3 ကစားကွက်ကိုပဲ ခင်း
ကျင်းဖို့ရှိပြီး မန်စီးတီးကို ဧည့်ခံပါလိမ့်မယ်။

READ
တိုက်စစ်မှူးလုံးဝမပါပဲ ချယ်လ်ဆီးကို ဒီညရင်ဆိုင်ရတော့မယ့် မော်ရင်ဟိုရဲ့မန်ယူ

ဧည့်သည်အဖြစ် လာရောက်ယှဉ်ပြိုင်မယ့် မန်စီးတီးအသင်းကတော့ အဓိကကစားသမားတွေ ဒဏ်ရာရပွဲပယ်စာရင်းက
ကင်းလွတ်နေပါတယ်။ ရီးယဲလ်အသင်းကို အနိုင်ကန်ကစားဖို့ထက် သရေရလာဒ်ကိုသာ ဦးတည်ကစားဖွယ်ရှိနေပြီး ခံ
စစ်ကို အထူးပြင်ဆင်ထားဖို့ များပါတယ်။ 4-5-1 ပုံစံနဲ့ပွဲထွက်ဖို့ရှိပြီး တိုက်စစ်မှုး အဂူရိုကို အထောင်ထားကာ ကွင်းလယ်
မှာ ဒေးဗစ်ဆေးလ်ဗားက key player အဖြစ်ကစားပါလိ့မ်မယ်။ ဒီဘရွိုင်းနဲ့နာဗက်တို့ကတော့ ဖာနန်ဒင်ဟို ဖာနန်ရိုတို့နဲ့
ချိန်ဆက်ပြီး လိုအပ်ရင် ခံစစ်နှစ်ထပ်ကစားတဲ့ပုံစံကို ပြောင်းလဲပါလိမ့်မယ်။ နောက်တန်းစွယ်နှစ်ဘက်ကိုတော့ ကလစ်ချီနဲ့
ဆဂ်ညှာတို့က တာဝန်ယူဖို့ရှိပြီး အိုတမန်ဒီနဲ့ ကွန်ပနီက ဗဟိုခံစစ်ကို တာဝန်ယူပါလိမ့်မယ်။

သုံးသပ်ချက်အနေနဲ့ ပြောရရင်တော့ စီရော်နယ်ဒိုပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မန်စီးတီးအနေနဲ့ ရီးယဲအိမ်ကွင်းမှာ အ
သာရဖို့ မလွယ်ပါဘူး။ အချက်အလတ်အရဆိုရင်လည်း အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ အသင်းပေါင်း 29 သင်းမှာ 9 သင်းသာ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် မန်စီးတီးနောက်တစ်ဆင့်တက်ဖို့ 31% သာ ရှိတယ်
လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရီးယဲလ်ကွင်းမှာ မန်စီးတီးကို 2012 ခုနှစ် စက်တင်ဘာ 19 ရက်နေ့မှာ နောက်ဆုံး ဧည့်ခံကစား
ခဲ့ပြီး ရီးယဲလ်က 3-2 ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ ပရီးမီယားလိဂ်အသင်းများနဲ့ နောက်ဆုံး 9 ကြိမ်တွေ့ဆုံရာမှာ လီဗာပူးအသင်းတစ်သင်းတည်းကိုသာ 2008/09 ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ဖူးပြီး ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရ
ပါတယ်။ လက်ရှိခြေစွမ်းအရ ရီးယဲလ်အသင်းက အသာရနေသလို၊ အိမ်ကွင်းအားသာချက်လည်း ရှိနေလို့ အိမ်ရှင်ဖြစ်တဲ့
ရီးယဲလ် အနည်းဆုံး နှစ်ဂိုးလောက်နဲ့ နိုင်ဖို့ရှိပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုး သုံးဂိုးနဲ့အထက် ရှိနိုင်ပါတယ်။

READ
လူတွေသတိမထားမလိုက်တဲ့ ဘောလုံးသမားအချင်းချင်းပြောခဲ့တဲ့စကားများ

ဖြစ်နိုင်ဖွယ်ရလာဒ်

ရီးယဲလ်  2-0  မန်စီးတီး
ရီးယဲလ်  2-1  မန်စီးတီး
ရီးယဲလ်  3-1  မန်စီးတီး

shwemom-post-photo-1-1

SHARE