ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး

ဆံပင်တွေကျွတ်နေပါသလား.?ဆံပင်ဖြီးလိုက်တိုင်း ဘီးမှာ အထွေးလိုက် ပါလာတဲ့ ဆံပင်တွေကို ကြည့်ပြီးစိတ်ညစ်နေရသူတွေအတွက် ကူပြီး အဖြေ ရှာပေးချင်ပါတယ်။ဆံပင်ကျွတ်တာကို လျော့ပါးသက်သာအောင် မလုပ်ခင်၊ အရင်ဆုံးလုပ်ရမယ့် အရာက အကြောင်းအရင်းပါ။ဆံပင်ကျွတ်ရတဲ့ အကြော င်းအရင်းတွေ အများကြီးရှိပါတယ်။အဲ့ဒါတွေကတော့ ….

(၁)စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေအရမ်းများလာရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။စွမ်းအင် (Energy)တွေကို အများကြီးထုတ်သုံးနေရပြီး၊စိတ်ဖိစီးမှုတွေ ခံစားနေရ သူတွေဟာ ဒီလိုအခြေအနေနဲ့ရင်ဆိုင်ရတတ်ပါတယ်။စိတ်ဖိစီးမှုဟာ ဆံပင် ကျွတ်တာတွေကို သာမက တခြားသောကျန်းမာရေးပြဿနာတွေကိုပါ သယ်လာ တတ်ပါတယ်။ဒါကြောင့် ဆံပင်တွေ အရမ်းကျွတ်နေရင် စိတ်ဖိစီးမှုတွေရှိနေ သလား စဉ်းစားပါ။ရှိရင်တော့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်နိုင်ဖို့ ကြိုးစားပါ။

(၂)မျိုးရိုး

မျိုးရိုးလိုက်ပြီး ဆံပင်ကျွတ်တာမျိုးပါ။မျိုးရိုးထဲမှာ ထိပ်ပြောင်၊ဆံပင်ပါးတဲ့သူေ တွရှိ တယ်ဆိုရင် ဆံပင်ကျွတ်တာဟာ မျိုးရိုးကြောင့်ဖြစ်နိုင်ပါတယ်။

(၃)ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ

READ
မြန်မာအမျိုးသမီးတွေသတိပြုသင့်တဲ့ အသားအရေပြဿနာ(၅)မျိုး

ဒါတွေကတော့ ဆံပင်အခြောက်ခံတဲ့ hair Dryer ၊ဆဲပင်ဖြောင့်စက်၊ကောက် စက်တွေနဲ့ အရမ်းထိတွေ့တာများလွန်းရင်လည်း ဆံပင်ကျွတ်တတ်ပါ တယ်။ဒါကြောင့် ဆံပင်ကျွတတ်တာတွေ သိပ်များလာရင်တော့ အဲ့ဒီပစ္စည်းတွေ ကို အသုံးပြုတာ တတ်နိုင်ရင်ရှောင်ပါ။မရှောင်နိုင်ရင်တော့ တတ်နိုင်သမျှလျှော့ ပါ။

(၄)ဓါတုပစ္စည်းတွေ

ရှန်ပူ၊ဆံပင်ပျော့ဆေးတွေကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်း အရင်းပါ။ ဓါတုပစ္စည်းပါတဲ့ ဒီလို ပစ္စည်းတွေကို အရမ်းအသုံးပြုလွန်းရင်လည်း ဆံပင် ကျွတ်စေပါတယ်။တစ်ချို့ ရှန်ပူနဲ့ပျော့ဆေးတွေမှာဆိုရင် ဆံသားကို ပျက်စီးစေတဲ့ ဓါတု ပစ္စည်းတွေပါတာကို တွေ့ရပါတယ်။ဒါကြောင့် ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ရှန်ပူ၊ပျော့ဆေးကို ရွေးချယ်တတ်ဖို့လိုပါတယ်။

(၅)အာဟာရမမြောက်တဲ့ (Junk food)

အာဟာရမမြောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးပြဿနာတော်တော်များ များရဲ့ တရားခံပါ။အဲ့ဒီလိုအစားအစာတွေကို ခန္ဓာကိုယ်အတွက် အာဟာရ မမြောက်ပါဘူး။ဒီလိုအစားအစာတွေကို စားတာများရင် ဆံပင်ကျွတ်၊ ထိပ်ပြောင် တာတွေဖြစ်စေပါတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက် မှုပုံစံလိုပါတယ်။စားသောက်မှုပုံစံမူမမှန်တာတွေက ဆံပင်ကိုပါ ထိခိုက်စေပါ တယ်။တခြားအကြောင်းအရင်းတွေဖြစ်တဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းဓါတ်မ ညီမျှ တာ၊ရာသီဥတုအခြေအနေကြောင့်၊ကျန်းမာရေးကြောင့်ဆေးသောက်နေရရင် အဲ့ဒီဆေးတွေကြောင့်  အစရှိတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဆံပင် ကျွတ်တတ်ပါတယ်။

READ
ဆံပင်ပါးသူ၊ဆံပင်အရှည်မြန်ချင်သူများအတွက် နည်းလမ်းကောင်းများ

Ref;thehealthsite

SHARE