တစ်ပတ်မှာ(၄)ရက်သာ အလုပ်လုပ်သင့်လို့ သိပ္ပံပညာရှင်တွေပြော

အလုပ်ချိန်များလေ အလုပ်များများပိုပြီးလေလို့ လူတော်တော်များများက ထင်လေ့ ရှိပါတယ်။ဒီအယူအဆကို လုပ်ငန်းရှင်တော်တော်များများက လက်ခံ ထားကြပါ တယ်။ဒီလိုနဲ့ပဲ ဒီအယူအဆဟာ တကယ်ပဲလို့ အားလုံးက ယုံကြည်လက်ခံ လာကြပါတယ်။ဒါပေမယ့် ဒါဟာ တကယ်တော့မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေ က ပြောလိုက်ပါတယ်။ဒီကနေ့ခေတ်မှာတော့ ၀န်ထမ်းတစ်ယောက်ရဲ့ တစ်ပတ် အလုပ်ချိန်စုစုပေါင်းဟာ နာရီ(၅၀)၊(၆၀)နဲ့တစ်ချို့ဆိုရင် နာရီ(၇၀)လောက်အ ထိရှိတတ်ပါတယ်။အ လုပ်ချိန်တွေအရမ်းများတာကြောင့် နောက်ဆုံးမှာတော့ အလုပ်က စားပွဲခံဟာ ဒုတိယအိမ်လို ဖြစ်လာခဲ့ပါတယ်။

အလုပ်နဲ့ပတ်သက်တဲ့ စိတ်ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ K. Anders Ericsson ရဲ့အပြောအရ လူတစ်ယောက်ဟာ တစ်နေ့မှာ (၄)နာရီမှ(၅)နာရီ အထိသာ အလုပ်ကို စိတ်ပါတက်ကြွစွာ အလုပ် လုပ်နိုင်တယ်လို့ ပြောခဲ့ပါ တယ်။”၀န်ထမ်းတွေကို အဲ့ဒီအချိန်လောက်သာ အလုပ်လုပ်ခိုင်းရင် သူတို့ရဲ့ အာရုံ စူးစိုက်နိုင်စွမ်းက အစွမ်းကုန်ဆောင်ရွက်ထားတဲ့ ရလဒ်ကို ရရှိနိုင်လိမ့် မယ်လို့” Ericsson ကပြောပါတယ်။အလုပ်လုပ်တဲ့ အချိန်ကို လျှော့ချလိုက် ရင် (output)၊အာရုံစူးစိုက်မှု၊၀န်ထမ်းတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့လုပ်ငန်းခွင်ပျော် ရွှင်မှုတွေ ဟာလည်း ပိုကောင်းလာမှာပါ။Treehouse ရဲ့ စီအီးအိုဖြစ်သူ Ryan Carson ကတော့ (၂၀၀၆)ခုနှစ်မှာ တစ်ပတ်အလုပ်ချိန်ကို (၃၂)နာရီသတ်မှတ် ခဲ့ပါ တယ်။ အဲ့ဒီလို အလုပ်ချိန်ေ လျှာ့ ချပေးလိုက်ခြင်းရဲ့ ရလဒ်အနေနဲ့ ၀န်ထမ်းေ တွဟာ ပိုေ ပျာ်လာသလို လုပ်င န်းလုပ်ကိုင်မှုရဲ့ ရလဒ်တွေလည်း ပိုကောင်း လာခဲ့တာ ကို တွေ့ရပါတယ်။

READ
ချမ်းသာဖို့အတွက် အခြေခံအကျဆုံးလျှို့ဝှက်ချက်

ပုံမှန်အမြတ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ရနေတဲ့ Carson ကုမ္ပဏီမှာလည်း အ လားတူ အလုပ်ချိန်လျှော့ချမှုတွေလုပ်လိုက်တဲ့ အခါ ရလဒ်ပို ကောင်းလာ တာ ကို တွေ့ခဲ့ပါတယ်။Reusser Design ဆိုတဲ့ web development ကုမ္ပဏီ မှာလည်း အလားတူသီအိုရီကို အသုံးချကြည့်တဲ့ အခါမှာတော့ေ သာကြာနေ့ လို နေ့မျိုးမှာ အချိန်ပိုဆင်းရရင်တောင်မှ ၀န်ထမ်းတွေဟာ ပျော်ရွှင်နေကြတာ ကို တွေ့ခဲ့ရပါတယ်။ အမေရိကန် Colorado ပြည်နယ်မှာဆို ရင်လည်း ဒီသီ အိုရီကို အသုံးချတဲ့ အနေနဲ့ Grade(4)နဲ့(5)ကို  တစ်ပတ်မှာ (၄)ရက်ပဲ ကျော င်းတတ်စေတဲ့ လက်တွေ့စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ဖတ် စာနဲ့သင်္ချာ ရလ ဒ်တွေကို ကြည့်လိုက်တဲ့ အခါမှာတော့ (၆)ရာခိုင်နှုန်းကနေ(၁၂) ရာခိုင်နှုန်းအ ထိ တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။

READ
လူအများနှင့်မဆက်ဆံလိုသူများအတွက် သင့်တော်သောအလုပ်များ

 

ဒါပေမယ့် ဒီသီအိုရီဟာ အတန်းငယ်ေ လာက်အတွက်သာ သင့်တော်နိုင်ပြီး တခြားအတန်းတွေအတွက် ဆိုရင်တော့ မသင့်တော်နိုင်ဘူးလို့ Ericsson ကပြောပါတယ်။ကုမ္ပဏီဝန် ထမ်းတွေ နဲ့ စမ်းသပ်ကြည့်တဲ့ အခါမှာတော့ ရလဒ်ကောင်းတာ ကို တွေ့ခဲ့ရပါတယ်။

Ref;brightside

SHARE