ဗြိတိန်မှာ နာမည်ကြီးနေတဲ့ Selfie coffee

ဟိုနေရာရောက်လည်း Selfie၊ဒီနေရာရောက်လည်း Selfie ဖြစ်နေတဲ့ SELFIE fans တွေအတွက် သတင်းတောင်းတစ်ခုပြောပြချင်ပါတယ်။အဲ့ဒါ ကတော့  Selfie coffee ဖြစ်ပြီး၊ဗြိတိန်မှာ လက်တလောအရမ်းရေပန်း စားနေပါတယ်။ ကော်ဖီခွက်ရဲ့ မျက်နှာပြင်ပေါ်မှာကိုယ်ရဲ့ မျက်နှာပုံ(ဒါမှမဟုတ်) တခြားဆယ်လီတွေရဲ့ ပုံတွေကိုprintထုတ်ပေးတာပါ။

အဲ့ဒီလိုလုပ်ဖို့အတွက် Ripple Maker ဆိုတဲ့စက်လိုအပ်ပြီး၊တန်ဖိုး ပေါင် ( £1,100 )ပါ။ cappuccino နဲ့ lattes တို့ကို ဖော်ျပေးနိုင်ပါတယ်။Ripple Maker ဆိုတဲ့ ဒီစက်မှာတော့  3D printing technology နဲ့  ink-jet စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ဗြိတိန်မှာရှိတဲ့ ကော်ဖီဆိုင်တွေမှာေ တာ့ သိပ်မကြာသေးခင်အချိန်ကမှ ရေပန်းစားလာခဲ့တာပါ။ဒီစက်ကို Lufth ansa လေကြောင်းရဲ့ ခရီးစဉ်တွေမှာ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

READ
iPhone 7နဲ့ပက်သက်ပြီးထွက်ရှိလာတဲ့ သတင်းများ


‘selfies’ ဆိုတဲ့ အသုံးအနှုန်းကို အခုနောက်ပိုင်းမှာ အတော်လေး ရေပန်း စားနေတာကြောင့်ရယ်၊ကိုယ့်ပုံကိုယ် ကော်ဖီမှာ ပေါ်အောင်လုပ်လို့ရတာရမယ်၊ ‘drink your own face’ ဆိုတာကြောင့် Selfie coffee လို့နာမည်ကြီးေ နတာပါ။အမေရိက၊တောင်ကိုရီးယား၊တရုတ်၊စင်ကာပူ၊အစ္စရေး အစရှိတဲ့ နိုင်ငံေ တွကိုပါ ဒီစက်တွေရောင်းချခဲ့ပြီးပါပြီ။အသုံးပြုပုံကတော့ Customers တွေ အနေနဲ့ Google Play or iTunes မှ App ကို download လုပ်ယူပြီး စက်ထဲကို ဓါတ်ပုံတွေ ပို့ရမှာပါ။အဲ့ဒီစက်က ဒီပုံတွေကို snap  အဖြစ် ပြန်ရိုက်ယူပြီး၊ကော်ဖီခွက်ထဲမှာ ၀င်ဆံ့နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ပြန်လည် ဖန်တီးမှာဖြစ်ပါတယ်။

liquid coffee တွေမှာတော့ အမြှုပ်ပေါ်မှာပေါ်နေမှာဖြစ်ပြီး၊(၁၀) စက္ကန့်အော က် လောက်သာပေါ်နေနိုင်မှာဖြစ်ပါတယ်။ကော်ဖီပေါ်မှာ ဖန်တီးတဲ့ အနုပညာလို့ ဆိုနိုင်တဲ့Selfie coffee တွေရဲ့ ပုံရိပ်တွေဟာ မကြာခင်မှာပဲ Instagram ပေါ်မှာ ရေပန်းစားလာအုံးမယ်လို့ မျှော်လင့်ရပါတယ်။Ripple Maker ကိုဖန် တီးခဲ့တဲ့ Steam CC ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အဖွဲ့ အကြီးအကဲ ဖြစ်သူ Yossi Meshulam ကတော့  “ကော်ဖီနဲ့အလွန်တန်ဖိုးရှိတဲ့ quotes တွေကို ကော်ဖီရဲ့ အပေါ်မှာ မြင်တွေ့ခွင့်ရတာဟာ တကယ့်ကို ချီးကျူးထိုက် တယ်တဲ့ လုပ်ဆောင်ချက်လို့ ဆိုပါတယ်။

READ
အိမ်နီးနားချင်းရဲ့ရေချိုးခန်းနဲ့အိပ်ခန်းတွေကို ဒရုန်းနဲ့ခိုးကြည့်တဲ့စုံတွဲ အဖမ်းခံရ

Nilar(Shwemom)

Ref;thesun

SHARE