ကွာရှင်းခဲ့တဲ့ဇနီးဟောင်းကို ပြန်လက်ခံသင့်သလား?

Depressed man

Dear Shwemom …

တိုင်ပင်ရမယ့်လူ မရှိဘူးဖြစ်နေတယ်ဗျာ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့က လူကြီးတွေသဘောမတူနိုင်မှန်း သိလို့ တရားရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်ထားကြတာကြာပါပြီ။ နောက်(၂) နှစ်နေရင် အတူတူနေကြဖို့ လည်း သဘောတူထားခဲ့ကြပါတယ်။ ညတိုင်း ဖုန်းလေးနဲ့စကားပြောနေရတာပေါ့။ အမြဲလိုလိုလည်း တွေ့ဖြစ်ပါတယ်။  လက်ထပ်ပြီးလို့ (၁) နှစ်ခွဲကျော်ကျော်မှာ ပြဿနာလေးတွေဖြစ်လာတယ်ဗျာ။ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ သူ့ဘက်က ဖြတ်ဖို့စကားပဲ ပြောနေတော့တာပါ။  ငါ့ဘက်က ဘာအမှားလုပ်မိလို့လဲ ပြောပါ ငါပြင်ပေးပါ့မယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။
ဒါပေမယ့် နောက်ပိုင်းကျမှ သူက နောက်ကောင်လေး ရနေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်ကို ကွာရှင်းပေးဖို့
တရားရုံးကနေ တရားစွဲတောင်းပါတယ်။ စိတ်ဓာတ်တော်တော်ကျသွားခဲ့တာ နောက် သူ့ကောင်လေးနဲ့ပြတ်သွားတော့
ကျွန်တော့်ကို ပြန်ဆက်သွယ်ပါတယ်။ ကျွန်တော် သိလိုတာက အိမ်ထောင်အတွက် ဆက်ပြီး မျှော်လင့်သင့်သေးလား
အကြံလေးပေးပါလို့။  သူနဲ့ကျွန်တော်နဲ့ ကွာရှင်းခဲ့ပေမယ့် အခုထိ တည်မြဲနေသေးတယ်လို့ စိတ်ထဲစွဲနေတယ်။ သူ့
ကို ဘယ်လိုမှ မေ့လို့မရဘူး။ လက်လျှော့လိုက်ရတော့မလား .. ? အိမ်ထောင်ကို ဆက်ထိန်းသိမ်းသင့်သေးသလား …? ဆိုတာ အကြံလေး ပေးပါဦးဗျာ။

READ
အရွေးရခက်နေလို့ဘယ်သူ့ကို ရွေးရမလဲ?

Shwemom မှန် အကြံပြုချက် …

အစ်ကို ကြုံခဲ့ရတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ တစ်ခါတလေ ယောက်ျားလေးက အသစ်တွေ့လို့ တိတ်တိတ်
ပုန်းလက်ထပ်ထားတာကို ကွားရှင်းခိုင်းတာတို့ တစ်ခါတလေ မိန်းမက အသစ်တွေ့လို့ ထိုနည်း၎င်းကိစ္စမျိုးတွေ ပေါ်
လာတာပါဘဲ။ ဒါပေမယ့် အစ်ကို့ကို တစ်ခု သိစေချင်တာက အချစ်နဲ့ သစ္စာဟာ ခွဲလို့မရပါဘူး။ တကယ်ချစ်ရင် သစ္စာ
မဖောက်ပါဘူး။ ဒါက ပုံသေနည်းပါ။ တကယ်ချစ်ရင် ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် စွဲစွဲမြဲမြဲချစ်နိုင်တာ သစ္စာပါ။ ဒါ
ကိုကောင်းကောင်း နားလည် ထားစေချင်ပါတယ်။ နောက်ပြီး တရားဝင် ကွာရှင်းပြီးသားဖြစ်တဲ့အတွက် အစ်ကိုစိတ်ထဲ
မှာအိမ်ထောင်ရေး တည်မြဲနေသေးတယ်လို့ ထင်မိနေခြင်းဟာ အရှိကို အရှိအတိုင်း လက်မခံခြင်း ဖြစ်တယ်လို့ မြင်မိ
ပါတယ်။ Shwemom ရဲ့ အလိုအရတော့ သူ့ဘာသာ ကွာရှင်းခွင့်တောင်း၊ သူ့ဘာသာ အသစ်တွေ့၊ အသစ်နဲ့ အဆင်
မပြေမှ ပြန်လာမယ့် အမျိုးသမီးတစ်ယောက်ကို လက်မခံသင့်ဘူးလို့ မြင်ပါတယ်။ ဒီလူ လူမျိုးဟာ နောက်ထပ် အသစ်
တွေ့ရင် နောက်ထပ် ကွာရှင်းခိုင်းဖို့ ၀န်လေးမှာ မဟုတ်ပါဘူး။ ဒါက Shwemom က Personal အမြင်အရ သုံးသပ်တာ
ဖြစ်ပါတယ်။ ဆက်ပြီး လက်တွဲသင့်မသင့်ကိုတော့ အစ်ကို ကိုယ်တိုင် အသိဉာဏ်ရှိရှိနဲ့ ဆုံးဖြတ်နိုင်မယ်လို့ ယူဆပါ
ကြောင်း။

READ
သနားလို့အိမ်ပေါ်ခေါ်တင်မိတဲ့ညီမဖြစ်သူနဲ့ ကျွန်မယောက်ျားဖောက်ပြန်နေတယ်။

Shwemom

shwemom post photo (1)

(ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကို မေးလို့ရပါပြီ။ မေးသူရဲ့ နာမည်ကို
ဘယ်တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက [email protected] သို့ အီးမေးလ် ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။ အီးမေးလ်မှတဆင့် တစ်ယောက်ချင်းဆီကိုတော့ ပြန်ကြားပေးမှာ မဟုတ်ပါဘူး။ ဒီဝက်ဘ်ဆိုဒ်ပေါ်က တစ်ဆင့်ပဲ ပြန်လည်ဖြေကြားပေးသွားမှာပါ။)

SHARE