အထက်တန်းကျောင်းသူအရွယ်မှာ ရည်းစားထားသင့်သလား … ?

Dear Shwemom …

ကျွန်မကတော့ မိုးကုတ်မြို့မှာ ဘော်ဒါနေရင်း ကျောင်းတက်နေတဲ့ န၀မတန်းကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မကို အတန်းထဲကရော အတန်းပြင်ပကရော စိတ်ဝင်စားမှုရှိနေတဲ့ ကောင်လေးတွေ တော်တော်များပါတယ်။ ကျွန်မကို အချိန်ပြည့် ဇွဲကောင်းကောင်းနဲ့ ပိုးပန်းနေတဲ့ ကောင်လေးတောင်မှ သုံးလေးယောက်လောက် ရှိပါတယ်။ ကြွားတယ်လို့ မ
ထင်စေချင်ပါ။ အဲဒီ ကောင်လေးသုံးယောက်ထဲမှာ ကျွန်မကိုယ်တိုင် နည်းနည်း သဘောကျမိတဲ့ ကောင်လေးတစ်ယောက်လည်း ပါပါတယ်။ ဒါပေမယ့် နယ်မှာနေတဲ့ မိဘတွေကိုတော့ ဒီအကြောင်းကို မသိစေချင်ပါ။ ကျွန်မ သိချင်တာက အထက်တန်းကျောင်းသူအရွယ်မှာ ရည်းစားထားသင့်သလား … ? ဆိုတာပါ။ တစ်ခြား အထက်တန်းကျောင်းသူတစ်ချို့
လည်း ရည်းစားတွေ ထားနေကြတယ် (တစ်ချို့ဆို သုံးယောက်လေးယောက်လောက်တောင် အပြောင်းအလဲ လုပ်ပြီးတဲ့အချိန်မှာ) ကျွန်မလည်း ရည်စားထားရင် ကောင်မလားလို့ စဉ်းစားမိပါတယ်။ အဲဒီလို စဉ်းစားမိတဲ့အခါတိုင်း ကျွန်မ သိချင်
တာက ဒီအရွယ်မှာ ရည်းစားထားသင့်သလား … ? ဆိုတာပဲ ဖြစ်ပါတယ်။ နည်းလမ်းကျကျ ဖြေပေးပါဦးရှင့်။

Shwemom မှ အကြံပြုချက် …

READ
ရည်းစားဟောင်းနဲ့ ဇာတ်လမ်းပြန်စပြီးနောက် ၊ ခင်ပွန်းကိုထားခဲ့ဖို့ သင့်မသင့် ဆုံးဖြတ်ပေးပါ

များသောအားဖြင့် ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ အသက် (၁၄-၁၅)အရွယ်တွေဟာ ဆန့်ကျင်ဘက် လိင်အပေါ်ကို စ
တင် စိတ်ဝင်စားကြတဲ့ အရွယ်ဖြစ်ပါတယ်။ အခုခေတ်မှာ တစ်ချို့ (၇-၈) တန်းအရွယ်ကလေးတွေတောင် ရည်းစားတွေ ဘာတွေ တရားဝင် အပြိုင်အဆိုင်ထားနေကြတာမျိုးတောင် ရှိပါတယ်။ ကျောင်းတော်တော်များများမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး မအုပ်ချုပ်ကြတော့တာလား … ခေတ်ရေစီးပဲဆိုပြီး လွှတ်ထားလိုက်ကြတာလား … ဆိုတာတော့ မသဲကွဲပါဘူး။ ကိုယ်တွေ ငယ်စဉ် State ကျောင်းမှာတော့ ဒီကိစ္စမျိုးကို အတန်းပိုင်ဆရာမ သိမှာကို အလွန်ကြောက်ခဲ့ရပါ
တယ်။ ကျောင်းအုပ်ဆရာမကြီးသာ သိသွားရင် မိုးမီးလောင်ပြီမှတ်-ဆိုတဲ့ အကြောက်တရားနဲ့ ပညာကို အနှောက်
အယှက် ကင်းကင်းနဲ့ သင်ယူနိုင်ခဲ့ကြပါတယ်။ ဒီတော့ ဒီနေရာမှာ Shwemom က လူငယ်တစ်ယောက်ရဲ့ ပညာရေးကဏ္ဍ နှောင့်နှေးမသွားဖို့ကိုပဲ ဦးစားပေး အကြံပေးချင်ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာ ရည်းစားကိစ္စ
မထားသင့်ပါ၊ မလုပ်သင့်ပါ၊ မဖြစ်သင့်ပါ-လို့ မြင်ပါတယ်။ အဓိကကတော့ တစ်အချက်-ပညာရေးအပေါ်မှာ စိတ်ဝင်စားမှု
နည်းသွားမယ်၊ နှစ်အချက်- မဆင်မခြင် မစူးမစမ်းအရွယ်မို့ လိင်ကိစ္စကို စောစီးစွာ လွန်ကြူးမိနိုင်တယ်၊ (အခန့်မသင့်ရင် ကိုယ်ဝန်ပါ ရနိုင်ပါတယ်။)၊ သုံးအချက်- မိဘမောင်ဖွားတို့ရဲ့ ယုံကြည်ခံရမှု
ပျောက်ဆုံးမယ် ( ကျောင်းကနေတောင် နှုတ်
နိုင်ပါတယ်)၊ လေးအချက်- မလိုအပ်တဲ့ ကုန်ကျစာရိတ်
တွေ များလာမယ်၊ ငါးအချက်ကတော့ – အဲဒီတစ်ယောက်နဲ့
ပြတ်ဆဲတဲ့အခါ အရွဲ့တိုက်ပြီး နောက်တစ်
ယောက်ထားချင် ထားမိမယ် … ဒီလိုနဲ့ မျက်နှာများသူတစ်ယောက် ဖြစ်သွားနိုင်
ပြီး လူပုံအလယ်မှာ
သိက္ခာငယ်ရမယ်။ ခြောက်အချက်ကတော့ – ရည်းစားနဲ့ အခန့်မသင့်လို့ ပြတ်သွားရင် စားမေးပွဲတွေ
အပေါ်မှာ ထိခိုက်မှုတွေ အများကြီး ရှိနိုင်တယ် …
ဒီအချက်တွေကြောင့် အထက်တန်းကျောင်းသူ ကျောင်းသား
အရွယ်ဟာ ရည်းစား မထားသင့်သေးပါဘူး။ ဖြစ်နိုင်ရင် အထက်တန်းကျောင်းသား/သူ အရွယ်မှ မဟုတ်ပါဘူး …
ပညာသင်ချိန်မှာ ပညာကိုသာလျှင် ဦးတည်သင်ကြားခြင်းဟာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်သလို၊ ဘ၀အတွက်
အထောက်ပံ့ကောင်းတွေကိုလည်း ရသွားနိုင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

READ
အချစ်ဆုံးသူငယ်ချင်းရဲ့ရည်းစားနဲ့ဖောက်ပြန်မိနေတယ်။ ဘယ်လိုလုပ်ရမလဲ?

လေးစားစွာဖြင့် …

Shwemom

sm

SHARE