မန်ယူအသင်းလေ့ကျင့်ရေးစခန်းသို့ဖာဂူဆန်ကိုဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို

မန်ယူအသင်းနည်းပြ ဂျိုးစ်မော်ရင်ဟိုဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ဂန္တ၀င်နည်းပြဖာဂူဆန်ကိုဖိတ်ခေါ်လိုက်တယ်လို့သိရပါတယ်။ဖာဂူဆန်ဟာ၂၀၁၃ ခုနှစ် အိုးထရတ်ဖို့ကနေ ထွက်ခွာခဲ့ချိန်မှစ၍ ကာရင်တန်လေ့ကျင့်ရေးစခန်းကိုမရောက်ရှိခဲ့တာဖြစ်ပြီး  ယခုမော်ရင်ဟိုကဖိတ်ကြားတဲ့အတွက် ကာရင်တန်လေ့ကျင့်ရေးစခန်းကို ပြန်လည်သွားရောက်မှာဖြစ်ပါတယ်။Manchester-United-Training-Session27A1C6A500000578-3041839-image-a-14_1429191993608” သူဟာ အသင်းမှ ထွက်ခွာချိန်ပြီးကတည်းက ဒီကို မရောက်ဖြစ်တော့တာပါ။ယခုတော့ သူနဲ့နှစ်တွေအကြာကြီး လက်တွဲလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တွေ့ဖို့နဲ့လေ့ကျင့်ရေး အစီအစဉ်တွေကိုကြည့်ရူဖို့အတွက် ကျွန်တော်ဖိတ်ခေါ်လိုက်တာပါ။ကစားသမားတွေကိုလည်း သူတို့ရဲ့ ဂန္တ၀င်နည်းပြကြီးနဲ့ ပြန်လည်တွေ့စေချင်ပါတယ်။ကျွန်တော်နဲ့ သူနဲ့လည်းနေ့လည်စာ အတူစားကြပြီး စကားပြောဖြစ်ဦးမှာဖြစ်ပါတယ်။ကျွန်တော်ဟာ အတိတ်ကိုတမ်းတတ်တဲ့သူတော့ မဟုတ်ပါဘူး။ဒါပေမဲ့ သမိုင်းကြောင်းကိုလေးစားပြီးတော့ သူလည်း မန်ယူအသင်းကို ချစ်မြတ်နိုးတယ်ဆိုတာကိုသိပါတယ်။ကျွန်တော်နဲ့ သူနဲ့ဟာကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီးတော့ အ၀တ်လဲခန်းတွေ၊ကစားသမားလေ့ကျင့်ရေး ဆင်းနေတာကို သူကြည့်ဖို့ ကျွန်တော်တို့ ကြိုဆိုနေပါတယ်။ ” လို့ United We Stand မဂ္ဂဇင်းကိုမော်ရင်ဟိုက ပြောပါတယ်။

Lumos(Shwemom)

READ
ကျွန်တော်ကကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါလို့ပြောခဲ့တဲ့လူကာကူ

Ref : Mirror

SHARE