အသည်းကွဲနေချိန်မှာ နားထောင်သင့်တဲ့ သီချင်းများ

လူတိုင်း ဘ၀မှာတစ်ခါလောက်တော့ အသည်းကွဲဖူးမှာပါ။ ခံစားရဘယ်လောက် ခက် တယ်ဆိုတာကို ခံစားဖူးသူတိုင်း သိပါတယ်။ အသည်းကွဲနေရင် တစ်ယော က်တည်းတိတ်တိတ်လေးကြိတ်ငို၊ကြိတ်ခံစားကြသူတွေရှိသလို သူငယ်ချင်း မိတ်ဆွေသူငယ်ချင်းတွေကို ရင်ဖွင့် ငိုကြတာတွေလည်း ရှိပါတယ်။သီချင်းတွေ နဲ့လည်း အသည်းကွဲတာကို ကုစားလို့ရ ပါတယ်။ဒီလိုအချိန်မှာ အလွမ်းသီချင်းေ တွကို လုံးဝနားမထောင်ပါနဲ့။စိတ်ဓါတ်တက်ကြွစေမယ့် သီချင်းတွေ၊ရည်းစားေ ဟာင်းကို ပြန်ချေထားတဲ့ သီချင်းတွေကို နားထောင်သင့်ပါတယ်။ Shwemom စာဖတ်ပရိသတ်ကြီးထဲမှာ အသည်းကွဲနေ တဲ့ သူတွေရှိရင်တော့ ဒီသီချင်းလေးေ တွကို နားထောင်ကြည့်ပါ။

(1)Take a Bow (Rihanna)

ပြတ်သွားတဲ့ ရည်းစားဟောင်းကို ခပ်ရွဲ့ရွဲ့လေးပြောထားတဲ့ သီချင်းလေးပါ။ ကိုယ့်အပေါ်မှာ Show သက်သက်လာလုပ်ခဲ့တဲ့ ရည်းစားဟောင်းက ပြန်တော င်းပန်ဖို့ကြိုးစားပေမယ့် နင့်ရဲ့ Show ကတော့ အရမ်းမိုက်တယ်၊ဒါပေမယ့် ကန့်လန့်ကာလည်း ချလိုက်ပြီ၊ပွဲပြီးပြီလို့ ပြန်ပြောထားတာပါ။ခုမှလာငိုပြဖို့ လုပ်ေ နတာကိုလည်း You’re so ugly when you cry လို့ ပြောထားပါတယ်။ အမိုက်ဆုံးစာသားဆိုရင်တော့ Chorus တစ်ပိုဒ်လုံးပါ။(၂၀၀၇)တည်းက ထွက် ထားတာဆိုတော့ ဒီသီချင်းက ကြာနေပြီလို့ ပြောလို့ရပါတယ်။ဒါပေမယ့် ဘယ် အ ချိန်ပဲနားထောင်၊နားထောင် အရမ်းမိုက်တဲ့ သီချင်းပါ။

 (2) We Are Never Ever Getting Back Together

Taylor Swift ရဲ့ ပရိသတ်ဆိုရင်တော့ ဒီသီချင်းကို သိကြမှာပါ။ဒီသီ ချင်းကေ တာ့ ခုမှလာချစ်ပြပြီး၊ လွမ်းလွန်း လို့ပါ။ တောင်းပန်ပါတယ်။ပြောင်းလဲပါေ တာ့မယ်၊ငါ့ကိုယုံပါဆိုပြီး ကလေးအကွက်တွေသုံးပြီး ပြန်ကပ်ချင်နေတဲ့ သူကို ပြတ်ပြတ်သားသားကို ပြန်ပြောထားတဲ့ သီချင်းလေးပါ။အမိုက်ဆုံးစာသားေ လးကတော့.သီချင်းခေါင်းစဉ်၊သီချင်းရဲ့ Chorus အပိုဒ်စာသား” We are never, ever, ever getting back together “ ပါပဲ။

READ
Relationship တစ်ခုမှာ ယောက်ျားလေးတွေကို နာကျင်စေတဲ့အပြုအမူများ

(3)Sit still, Look Pretty (Daya )

ဒီသီချင်းလေးကတော့ အသဲကွဲနေတဲ့ ကောင်မလေးတွေရော Single ဘ၀ကို ဂုဏ်ယူဝံ့ကြွားစွာခံယူနေတဲ့ မိန်းကလေးတွေ ပါ လုံးဝကို မဖြစ်မနေနားထော င်သင့်တဲ့ သီချင်းပါ။သီချင်းထဲမှာ ပါတဲ့ ကောင်မလေးက သာမန်မိန်းကလေးတွေ နဲ့လုံးဝမတူတဲ့ မိန်းကလေးပါ။သေချာတာတော့ သူမဟာ စင်ဒရဲလားပုံပြင်၊ စနိုးဝှို က်ပုံပြင်တွေကိုဖတ်ပြီး Mr. Right ကို ထိုင်မျှော်နေတဲ့ အားနွဲ့တဲ့ ကောင်မေ လးမဟုတ်ပါဘူး။စာသားတွေအကုန်လုံးက တကယ့်ကို အရမ်းမိုက်ပြီး နားထောင်လိုက်တာနဲ့ ခွန်အားတတ်စေမှာပါ။အဲ့ဒီထဲကမှ အကြိုက်ဆုံး၊ အမို က်ဆုံးကို ရွေးပြရရင်တော့ “I know the other girls wanna wear expensive things Like diamond rings.But I don’t wanna be the puppet that you’re playing on a string. This queen don’t need a king “ နားမထောင်ဖူးသေးရင် နားထောင်ကြည့်ပါ။

(4) Fighter( Christina Aguilera )

လုံးဝအလန်းစား Rock ပုံစံမျိုးနဲ့ ခံစားချက်တွေကို ပေါက်ကွဲ ပစ်လို့ ကောင်းတဲ့ သီချင်းပါ။(၂၀၀၂) ကထွက်ခဲ့တာပါ။ နားမေ ထာင်ဘူးသေးရင် နားထောင်ကြည့်ပါ။တကယ်အရမ်းအရမ်းကို မိုက်ပါတယ်။သူလှည့်စားလိုက်လို့ ဒီမှာ မကျေမချမ်းဖြစ်ပြီး ကျန်နေမယ်ထင်လား ဝေးပါသေးတယ်။စိတ်ဓါတ်ကို ပိုပြီး Strong ဖြစ်အောင် လုပ်ပေးလို့ ကျေးဇူးတောင် တင်သေးတယ်ဆိုပြီး ပြောထားတာပါ။အကြိုက်ဆုံးစာသားကတော့ “’Cause it makes me that much stronger. Makes me work a little bit harder. It makes me that much wiser. So thanks for making me a fighter”

READ
ချစ်သူကောင်မလေးကို ပေးထားသင့်တဲ့ကတိ(၈)ခု

 (5)You Don’t Own Me (Grace – ft. G-Eazy)

အရုပ်လေးတစ်ရုပ်လို သဘောထားပြီး ကစားချင်တိုင်း ကစားလို့ မရဘူးလို့ ပြောထားတာပါ။နေရာတကာမှာ ချုပ်ကိုင်ချင်လွန်းတဲ့ သူကို နင်ငါ့ကို မပိုင်ဘူးလို့ ပြန်ပြောထားတာပါ။ငါ့ကိုလာမချုပ်ချယ်နဲ့။ပြောင်းလဲဖို့မကြိုးစားပါနဲ့ လို့ ပြောထားတာပါ။အကြိုက်ဆုံးစာသားကတော့ “You don’t own me .Don’t say I can’t go with other boys. Don’t tell me what to do And don’t tell me what to say “

(6) “Irreplaceable” (Beyoncé)

ပြတ်သွားတာနဲ့ ငါ့လိုလူ နောက်ထပ်ရနိုင်တော့ဘူးဆိုပြီး မာန်တတ်ချင်နေတဲ့ Ex တွေရှိပါတယ်။အဲ့လိုex ကို ပြန်ချေထားတာပါ။ဘီယွန်းဆေးရဲ့ သီချင်းေ ကာင်းတွေအများကြီး ထဲကမှ သီချင်းကောင်းတစ်ပုဒ်ပါ။ဘီယွန်းဆေးရဲ့ MTV ဖြစ်တတာကြောင့် ပြော စရာမလိုအောင်ကို လန်းပါတယ်။အကြိုက်ဆုံး စာသား ကတော့ “I can have another you by tomorrow.Don’t you ever for a second get to thinking .You’re irreplaceable”။ အသည်း ကွဲရောဂါကနေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။

Nilar(Shwemom)

SHARE