အခက်အခဲအမျိုးမျိုးကြားကဈေးရောင်းပြီး တက္ကသိုလ်ပြီးဆုံးအောင်တက်ခဲ့သည့်ကျောင်းသား

ဖိလစ်ပိုင်နိုင်ငံ မန်ဒလူယန်မြို့ ဂျိုးဆေးရီဇယ် တက္ကသိုလ် (José Rizal University)မှ လတ်တလောမှာ ဘွဲ့ရခဲ့တဲ့ ကျောင်းသားဟာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ပြီး တက္ကသိုလ်ပညာရေးကို ပြီးဆုံးအောင် သင်ကြားခဲ့တဲ့ အကြောင်းဟာ အင်တာနက်ပေါ်မှာ ခေတ်စားနေပါတယ်။

ခရစ်စ္စတီယန် လိုပဇ် ( Christian Lopez )အမည်ရှိသူ ကျောင်းသားဟာ ဂျိုးဆေးရီဇယ် တက္ကသိုလ် မှာ စီမံခန့်ခွဲရေး ပညာရပ်ကို သင်ကြားခဲ့သူဖြစ်ပြီး လိုပဇ်ရဲ့ မိခင်ဟာ သူကလေးဘ၀ကတည်းက ကွယ်လွန် သွားခဲ့ပြီး အစ်မ တစ်ဦးနဲ့ နေထိုင်သူဖြစ်ပါတယ်။လိုပဇ်ရဲ့ ဖခင်ကတော့ ဆော်ဒီ အာရေဗျမှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမား တစ်ဦး ဖြစ်ပါတယ်။မိခင်ဖြစ်သူလည်း မရှိတော့တဲ့အတွက် လိုပဇ်တို့ မောင်နှမ နှစ်ယောက်ဟာ အစစအရာရာခက်ခဲခဲ့ပါတယ်။ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေပေမဲ့ တစ်ခါတတစ်ရံ ငွေမပို့တဲ့အခါမှာ စားရေး သောက်ရေးကအစ ဒုက္ခရောက်ခဲ့ကြတယ် လို့သိရပါတယ်။

READ
ရည်မှန်းချက်ပျောက်နေလား လူငယ်?

တစ်ခါက ဖခင်ဖြစ်သူ ဆော်ဒီနိုင်ငံမှာ အဆင်မပြေတဲ့အတွက် သားသမီးများကို ၆ လခန့် ငွေမပို့နိုင်ခဲ့တဲ့အခါ လိုပဇ် တို့ မောင်နှမ နှစ်ယောက်က ပညာသင်ယူရေး ကိစ္စများသာမက စားဖို့ သောက်ဖို့ပါ လှည့်ပါတ် ချေးငှားခဲ့ရပါတယ်။

အထူးသဖြင့် လိုပဇ်ဟာ အတန်းဖော်တွေ၊သူငယ်ချင်းတွေ၊အမျိုးတွေ၊နဲ့ ဆရာမ တွေဆီက ပါ ငွေကြေးကို ရသလောက်ချေးငှားခဲ့ရပြီး ပညာရေး ကိစ္စတွေရယ် စားဖို့သောက်ဖို့ကိစ္စများကို ပါ ဖြေရှင်းခဲ့ရပါတယ်။စာမေးပွဲဖြေဆိုတဲ့ကာလတွေမှာဆို စာသင်ကြားရေး ကိစ္စများသာမက ကျုရှင်ကြေးတွေ၊စားဖို့သောက်ဖို့ ကိစ္စတွေအတွက် ဈေးလည်းရောင်းခဲ့ရပါတယ်။နောက်ဆုံး စာမေးပွဲမှာဆို ချေးငှားကြတဲ့ သူတွေလည်းမရှိတော့တဲ့ အတွက် စာမေးပွဲကျခဲ့ပေမဲ့ စိတ်ဓာတ်မကျဘဲ ထပ်မံဖြေဆိုခဲ့ရာမှာ တက္ကသိုလ် ပညာရေးကို ပြီးဆုံးခဲ့ပါတယ်။

” ကျွန်တော်အမနဲ့ ကျွန်တော်တို့ဟာ မရှက်မကြောက် အသိများဆီက ငွေလိုက်ချေးငှားခဲ့ရပါတယ်။ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းက မှမရှက်ခဲ့ပါဘူး။သင်အနေနဲ့ သင်လုပ်နေတဲ့ အရာကို သိပြီး မရှက်မကြောက်တတ်ဖို့လိုအပ်ပါတယ်။တစ်ခါတစ်ရံဘ၀မှာ အသက်ရှင်ရပ်တည်ဖို့အတွက် မျက်နှာအောက်ချရပါတဲ့ အချိန်တွေရှိပါတယ်။ကျွန်တော် ဟင်းချက်ပစ္စည်းများကို ကျွန်တော် အိမ်ကနေ ဝေးတဲ့ ဈေးတစ်ခုသို့ သွားရောင်းခဲ့ရတာ ဖြစ်ပါတယ်။အပူဒဏ်၊အချမ်းဒဏ်နဲ့ လက်ပေါက်ကပ်တဲ့ ဖောက်သည်တွေကို သည်းခံရင်း ငွေကြေးအနည်းငယ်အတွက် အလုပ်လုပ်ခဲ့ပါတယ်။”  လို့ လိုပဇ် ကရေးသားခဲ့ပါတယ်။

READ
အဖွားဖြစ်သူကို စောင့်ရှောက်ပေးရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ မြေးမလေး

လိုပဇ်ကျောင်းပြီးတဲ့ အခါမှာ သူ့ရဲ့ အဖေဖြစ်သူဟာ ဆော်ဒီမှာ အဆင်ပြေတဲ့အတွက် ငွေပြန်ပို့ခဲ့ပြီး လိုပဇ်လည်း အလုပ်ခွင်ဝင်ရင်း အကြွေးများကို ပြန်ဆပ်နေပါတယ်။လိုပဇ်ဟာ သူကိုထောက်ပံ့ပေးခဲ့တဲ့ အဖေ၊အစ်မနဲ့ ခက်ခဲတဲ့ အချိန်တစ်လျှောက်လုံး ငွေချေးငှားပေးခဲ့တဲ့ သူ အယောက်စီတိုင်းကို ကျေးဇူးတင်တဲ့ အကြောင်း တက္ကသိုလ်မှ ဘွဲ့ယူတဲ့နေ့မှာ Facebook ပေါ်ရေးသားခဲ့ပါတယ်။

Shwemom

Ref : Rach Feed

SHARE