ကမ္ဘာ့အလှဆုံးလို့ဆိုနိုင်တဲ့ ရေကန်၊ရေတံခွန်များ

ရေကူးတာသာမက အပမ်းဖြေခြေငလျင်ခရီး (ဒါမှမဟုတ်)အိမ်မက်ဆန်တဲ့ ဟို တယ် နေရာတွေကိုပါ ခံစားချင်သူတွေအတွက် လုံးဝအရောက်သွား သင့်တဲ့ နေရာတစ်ချို့ ကို ဖော်ပြပေးချင်ပါတယ်။

53a3b3d05e20059a27e53e9fddbce368

(၁)Sua တွင်း
Samoa နိုင်ငံဟာ Samoan ကျွန်းစုရဲ့အနောက်အစွန်းပိုင်းမှာတည်ရှိပါတယ်။ အဲ့ဒီမှာရှိတဲ့ Sua ဆိုတဲ့ သမုဒ္ဒရာကတွင်း(သို့)ကျင်းကြီးဟာ ရေကူးရတာကို ကြိုက်သူတွေနဲ့ သဘာဝအလှတရားကို ချစ်မြတ်နိုးသူတိုင်း အကြိုက်တွေ့စေ မယ့် နေရာဖြစ်ပါတယ်။တွင်းရဲ့အနက်ကတော့ (၉၈)ပေရှိပါတယ်။ဥယျာဉ်တွေ နဲ့ကျောက်ရေအိုင်တွေရဲ့ အလှကို တစ်ပြိုင်နက်တည်းခံစားနိုင်မှာဖြစ်ပါတယ်။

Silfra Iceland 2015

(၂)Silfra

ဒိုင်ဗင်ထားမလား၊ရေငုပ်မလား အားလုံးရနိုင်တဲ့ နေရာကတော့ Silfra ပါ။ Iceland နိုင်ငံ Þingvellir အမျိုးသားဥယျဉ်ရှိ Þingvallavatn ကန်မှာ ရှိတာပါ။ ရေခဲမြစ်ကြောင့်ဖြစ်ပေါ်တဲ့ရေတွေက ပေ(၃၀၀)ကျော်အထိအံ့သြလောက်စရာ မှန်လို ကြည်လင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

118601

(၃)Krka

Krka  အမျိုးသားဥယျာဉ်ဟာ ခရိုအေးရှားနိုင်ငံ တောင်ပိုင်း Krka မြစ်တစ်ေ လျာက်မှာ တည်ရှိတာပါ။ဘုံ(၇)ဆင့်ရေတံခွန်ကြောင့် အလွန်နာမည်ကြီး တဲ့ နေရာ တစ်ခုဖြစ်ပါတယ်။အစိမ်းရောင်သန်းနေတဲ့ ရေတွေကြောင့်  ဓါတ်ပုံ ရိုက်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

READ
ကမ္ဘာ့ရေကြည်လင်မှုအရှိဆုံး နေရာများ

Aerial of Blue Hole.

(၄)Belize မှာရှိတဲ့ အပြာရောင် အပေါက်ကြီး

အပြာရောင်အပေါက်ကြီးဟာ Belize နိုင်ငံ Belize City ကမ်းလွန်မှာ တည်ရှိ ပါတယ်။ရေငုပ်ရတာကို ကြိုက်သူတွေကို အထူးနှစ်သက်မယ့် နေရာတစ်ခုပါ။

The amazing view of Havasu Falls from above the falls after a hot, long, hike through the desert.

(၅)Havasu ရေတံခွန်

အမေရိကန် Arizona ပြည်နယ်မှာတည်ရှိပါတယ်။(၁၀)မိုင်လောက် ခြေလျင် ခရီးသွားပြီးမှ ရေတံခွန်ဆီကို ရောက်မှာဖြစ်ပါတယ်။ရေတံခွန်ဆီကို ရောက်ပြီ ဆိုရင်တော့ စိမ်းပြာရောင် ရေတံခွန်ကြီးနဲ့သဘာဝအလှတွေကိုခံစားနိုင် မှာဖြစ် ပါတယ်။

Kuang Si waterfall is an idyllic waterfall located in Luang Prabang, Laos

(၆)Kuang Si ရေတံခွန်

လာအိုနိုင်ငံ Luang Prabang မြို့မှာတည်ရှိပါတယ်။ခြေလျင်ခရီးကြမ်း ကို နှင်ပြီးမှ ရေတံခွန် ဆီကို ရောက်နိုင်မှာဖြစ်ပါတယ်။

Mexico, Oaxaca, Hierve el Agua, Tourists beside limestone pools and looking out over surrounding countryside. (Photo by: Eye Ubiquitous/UIG via Getty Images)

(၇)Hierve El Agua

မက္ကဆီကို နိုင်ငံ Oaxaca ပြည်နယ်မှာ တည်ရှိပါတယ်။သဘာဝတရား ကေ ပးတဲ့ လက်ဆောင်လို့ ပြောလို့ရပါတယ်။ရေတွေဟာ ချောက်ကမ်း ပါးပေါ် အ စွန်းပိုင်းကနေ စီးဆင်းတာဖြစ်ပါတယ်။Oaxaca ကနေ တစ်နာရီလောက်ေ တာင်တန်းတွေအကြား တစ်နာရီလောက် မောင်းသွား မယ်ဆိုရင်တော့ ရင်သ က်ရှုမောစရာ သဘာဝမြင်ကွင်းတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

READ
တရုတ်ပြည်မှာ လည်ပတ်စရာနေရာတွေ

Ref;huffingtonpost

SHARE