ဆယ်ကျော်သက်တစ်ဦး တီထွင်လိုက်တဲ့ ရင်သားကင်ဆာ ရှာဖွေစောင့်ကြည့်ပေးနိုင်တဲ့ဘရာ

မက္ကဆီကိုနိုင်ငံသား ဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ ရက်သားကင်ဆာ ရှာဖွေစောင့်ကြည့်ပေးနိုင်တဲ့ ဘရာကို တီထွင်လိုက်ပါတယ်။မိခင်ဖြစ် သူဟာ  ရင်သားကင်ဆာနဲ့တိုက်ပွဲဝင်နေရတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် ဒီဘ ရာ ကို တီထွင်ခဲ့တာပါ။ သူ့ရဲ့နာမည်ကတော့ Julian Rios Cantu ၊အ သက်ကတော့ (၁၈)နှစ်သာရှိ ပါသေးတယ်။

သူ့ရဲ့ကုမ္ပဏီ Higia Tech nolog ies ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူငယ် စွန့်ဦးတီ ထွင်သူတွေ အများကြီးကို ကျော်ဖြတ်အောင်နိုင်ကာ (£15, 000) ကျော်တန်ကြေးရှိတဲ့ ဒီစိတ်ကူး အောင်မြင်လာဖို့ မျှော်လင့်နေတာပါ။ေ အာ င်မြင်သွားခဲ့ရင်တော့ Eva bra မှာပါရှိတဲ့ ရင်သားကင်ဆာသတိပေးစနစ်က ၀တ်ဆင်ထားသူမှာ ရင်သား ကင်ဆာရောဂါလက္ခဏာတွေ စပေါ်လာပြီဆိုတ ည်းက အချိန်မီ သတိပေး သွားမှာပါ။Julian ဟာ Higia Technologies ကုမ္ပဏီကို သူ့ရဲ့ သူငယ်ချင်း သုံးယော က်နဲ့ အတူဖွင့်ထားတာဖြစ်ပြီး ဒီဘရာကို ဈေးကွက်ထဲမှာ ဖြန့်ဖြူး ရောင်းချနိုင်တဲ့ အ ထိအောင်မြင်လာဖို့ ကြိုးစားနေခဲ့ကြ တာပါ။

READ
ပုရိသတွေလိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အရည်အချင်းများ

Julian  ရဲ့အမေဟာ ရင်သား ကင် ဆာဖြစ်နေကြောင်း နောက်ကျမှ သိလိုက် ရတဲ့ အတွက်  သေလုနီးပါးအခြေ အနေထိ ရောဂါခံစားခဲ့ရပါတယ်။ရင်သားနှ စ်ဖက်လုံးကိ ဖယ်ထုတ်ပစ် ခဲ့ရပါ တယ်။ မိခင်ဖြစ်သူတွေ့ကြုံခံစားခဲ့ရတဲ့ ဝေဒ နာတွေကို အနီးကပ်မြင်လိုက်ရတဲ့ Julian က ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုတွေခံစားရတယ်၊ဘယ် လိုတွေဖြစ်တတ်တယ်ဆိုတာကို အနီးကပ်ေ လ့လာခဲ့ခွင့်ရခဲ့ပါတယ်။Eva bra  မှာ biosensers နဲ့ပြုလုပ်ထားပြီး၊ အပူချိ န်ကိုတိုင်း တာပေးနိုင် ကာ ၊ပြောင်းလဲမှု တစ်စုံတစ်ရာရှိခဲ့ရင်လည်း အချိန်မီ သတိပေးနိုင်ပါတယ်။ဝတ်ဆင် အသုံးပြုမယ့် အမျိုးသမီးအနေနဲ့ ဒီဘရာကို တစ်ပတ်မှာ မိနစ်(၆၀)မှ(၉၀) အထိ ၀တ်ထားပေးဖို့ လိုပါတယ်။

ဗြိတိန်ကင်ဆာသုတေသနအဖွဲ့မှ Anna Perman ဆိုသူကတော့ ဒီဘရာဟာ တကယ်ပဲ ရင်သားကင်ဆာအကျိတ်တွေကို စစ်ဆေး ရှာဖွေပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ နည်းလမ်းဟုတ်၊မဟုတ်ဆိုတာကိုတော့ သက်သေအတိ အကျ မရှိသေးကြောင်း၊တကယ်ပဲ အရည်အသွေးကောင်း ပစ္စည်းဟုတ်၊မဟုတ်ကို သိပ္ပံပညာရပ်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေတော့ မလုပ်ရသေးဘူးလို့ ဆိုပါ တယ်။ဒါပေမယ့် လူငယ်လေးတစ်ယောက် အနေနဲ့ ကင်ဆာကို သိပ္ပံပညာနဲ့ ရှာတွေ့အောင် ကြိုးစားချင်တာကို မြင်ရတာကတော့ တကယ့်ကို ချီးကျူးေ လာက်စရာပါလို့ ပြောခဲ့ပါတယ်။

READ
သင့်ချစ်သူကောင်လေး အချိုးတွေပြောင်းနေရင် ဒီအကြောင်းတွေကြောင့်ဖြစ်နိုင်တယ်။

Nilar(Shwemom)

Ref;thesun

SHARE