ချမ်းသာဖို့အတွက် အခြေခံအကျဆုံးလျှို့ဝှက်ချက်

Top secret

ကမ္ဘာပေါ်မှာလူသားတွေ အများကြီးရှိရက်နဲ့ ဘာလို့လူအနည်းငယ်ကပဲ ချမ်းသာတာလဲ သင်တွေးဖူးလား။ တကယ့်
အကြောင်းအရင်းက ထိုလူအနည်းငယ်ကပဲ ချမ်းသာဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပြီး ကျန်
တဲ့ လူအများစုကတော့ အခြေခံအကျဆုံး အချက်ကိုတောင် မလုပ်ဆောင်နိုင်လို့ပါ။

တကယ်တော့ ချမ်းသာလာတဲ့ လူတွေကလည်း အစကသာမန်လူတွေပါပဲ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့လို
မဟုတ်ပါဘူး။ သူတို့ချမ်းသာဖို့ ဘာလုပ်ရမယ့် ဆိုတဲ့အခြခံအကျဆုံးအချက်ကိုသိပြီး ထိုအချက်ကို တသွေမတိမ်း
လိုက်နာပါတယ်။ ထိုအခြေခံအကျဆုံးအချက်ကလေးက လွယ်မလိုနဲ့ လူတိုင်းလုပ်ရခက်တဲ့ ကိစ္စပါ။

ထိုအခြေခံအကျဆုံးအချက်က စိတ်ဆန္ဒလိုအပ်ချက်တွေကိုမချမ်းသာခင်မှာ ထိန်းချုပ်နိုင်ခြင်းပါ။ ဒါလေးပါပဲ။
လူအများစုက နည်းနည်းလေး ဝင်ငွေကောင်းလာတာနဲ့ အရင်ကထက်ပိုဖြုန်းလာကြပါတယ်။ တကယ့် ဘဝ
အတွက် အရေးတကြီးမရှိမဖြစ်မလိုအပ်တဲ့ အရာတွေကို စတင်ဝယ်ယူလာကြပါတယ်။ ဥပမာ လစာ၂သိန်း
လောက်ပဲရှိတုန်းက ဖုန်းဈေးပေါပေါလေးဝယ်ကိုင်ပေမယ့် ၅သိန်းလောက်ဖြစ်သွားတဲ့အချိန်ကျရင်တော့ ပိုပြီး
ကောင်းတဲ့ ဖုန်းလေးကို ကိုင်ချင်လာကြပါတယ်။ ဒါပေမယ့် ချမ်းသာတဲ့သူတွေကတော့ မချမ်းသာခင်မှာလို
အပ်တာထက်ပိုပြီးဘယ်တော့မှ မဖြုန်းပါဘူး။

READ
အလုပ်ကြိုးစားရုံနဲ့မအောင်မြင်ဘူး။

အိမ်ကြီးနဲ့နေ ကားနဲ့နေပြီး ကြွေးတွေပတ်လည်ဝိုင်းနေတဲ့သူတွေလည်းရှိပါတယ်။ သူတို့က ရှိတက်ထက်ပိုပြီး
ဖြုန်းမိလို့ပါ။ အချိန်မတန်သေးပဲ မဖြုန်းသင့်တာကို ဖြုန်းမိတဲ့အတွက် မချမ်းသာကြတာများပါတယ်။ ကျွန်တော်
တို့သာမန်လူအများစုလည်း ဒီလိုပါပဲ။ မလိုအပ်တာတွေကို စိတ်ကလိုချင်လာရင် စိတ်ကိုမထိန်းနိုင်ပဲ ဝယ်လိုက်
မိတာများပါတယ်။ ဒီအချက်က ချမ်းသာခြင်းဆီကိုသွားမယ့် အခြေခံအကျဆုံးအချက်ကို ချိုးဖောက်နေခြင်းပါပဲ။

တကယ်ချမ်းသာချင်ရင် ဝင်ငွေထက်ထွက်ငွေပိုမများမိပါစေနဲ့။ ပစ္စည်းတစ်ခုဝယ်ခါနီးတိုင်း တကယ်သင်လိုရဲ့လား
ပြန်မေးပါ။ အထပ်ထပ်အခါခါမေးပြီး သင်တကယ်လိုတယ်ဆိုမှ ဝယ်ယူပါ။ ဒီလိုလုပ်ရင်ချမ်းသာပြီလားဆိုတော့
မချမ်းသာသေးပါဘူး။ ဒါဟာအခြေခံအကျဆုံးလိုအပ်ချက်တစ်ခုသာဖြစ်ပါတယ်။ ဒီအချက်မရှိရင် ကျန်တာတွေ
ဆက်ကြိုးစားလည်း ချမ်းသာလာမှာ မဟုတ်ပါဘူး။

shwemom post photo (1)

Source: time.com

SHARE