အသက်(၄၄)နှစ်အရွယ် ထိုင်ဝမ် Gym Queen

မြင်လိုက်တာနဲ့(၂၀)ကျော်အရွယ်လောက်လို့ ထင်ရတဲ့ သူမရဲ့ တကယ့်အသက် ကတော့ (၄၄)နှစ်ဖြစ်ပြီး၊ကလေးနှစ်ယောက် အမေဖြစ်ကာ ထိုင်ဝမ် Gym Queen လို့တင်စားခံထားရသူဖြစ်ပါ တယ်။သူမနာမည်ကတော့ Zhang Tingxuan ပါ။ရှိရင်းစွဲအသက်ထက် အရမ်းကို နုပျိုလှပလွန်းနေတဲ့ သူမရဲ့ ရုပ်ရည်၊အသားအရေနဲ့ခန္ဓာကိုယ်အချိုးအစားတို့ကြောင့် တရုတ်မီဒီ ယာတွေ မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

sdsffgnhm,.

သူမမှာအသက်(၁၃)နှစ်အရွယ်သားတစ်ယောက်နဲ့အသက်(၉)နှစ်အရွယ်သမီးတစ်ယောက်ရှိပါတယ်။Zhang Tingxuan ဟာထိုင်ဝမ်မှာသာမက တရုတ်ပြ ည်မကြီးမှာပါ နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။Weibo နဲ့ Twitter တို့မှာကိုယ်ပိုင်အကောင့်ဖွင့်ထားပါတယ်။သူမဟာ (၂၀၁၂)ခုနှစ် သူမအသက် (၄၂)နှစ်မှာ တရုတ်မီဒီယာက သူမကို သတိထားမိခဲ့ပါတယ်။သူမရဲ့ Gym ကဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာကနေ မီဒီယာတွေက စတင်သတိ ထားမိခဲ့တာပါ။အဆိုပါဓါတ်ပုံတွေမှာတော့ မိတ်ကပ်လိမ်းမထားတဲ့ Zhang ရဲ့ပင်ကိုယ်အလှကိုတွေ့ရမှာပါ။နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနာ မည်ကြီးလာပြီး အင်တာနက်ဆယ်လီ၊TV personality  နဲ့စာရေးဆရာမ တစ်ယောက်အထိ အောင်မြင်ခဲ့ပါတယ်။

READ
ကြိုက်နေပေမယ့်ဝန်မခံရဲသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့အမူအယာများ

Zhang-Tingxuan-from-Taiwan-01

ကလေးနှစ်ယောက်အမေဆိုပေမယ့်လည်း သူမရဲ့လှပတဲ့ ခန္ဓာကိုယ် အချိုးအ စားကြောင့် အတွင်းခံ Underwear model တစ်ယောက်ပါဖြစ်လာ ခဲ့ပါ တယ်။သူမကိုယ်တိုင်ဖန်တီးတီထွင်ထားတဲ့ (aerobic body-building exercises)တွေကြောင့် (၄၉)ပေါင်ကို အောင်မြင်စွာချနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ဒီလေ့ကျင့်ခန်းတွေဟာ နေရာမရွေးမှာ လုပ်လို့ရပြီး (၆)မိ နစ်လောက်ေ တာင်ကြာချိန်မရှိဖူးလို့လည်း ပြောပါတယ်။ဒီအကြောင်းတွေကိုရေးထားတဲ့’Get slim in six minutes’ ဆိုတဲ့ သူမကိုယ်တိုင်ရေးထားတဲ့ စာအုပ်ကို(၂၀၁၅) ခုနှစ်က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

21

Ref;Daily Mail

SHARE