ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေ ဘယ်တော့မှ မလုပ်တဲ့ အပြုအမူ(၆)မျိုး

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့လူတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတိုင်းမှာ ယုံကြည်မှုနဲ့တာဝန်ယူမှုအပြည့်အ၀ရှိနေတတ်ပါတယ်။အဲ့ဒီလိုလူမျိုးတွေမှာ လုံးဝမတွေ့ရတဲ့ လုံးဝမလုပ်တတ်တဲ့ အပြုအမူတွေကတော့..

(၁)ဆင်ခြေ

မိမိကိုယ်ကိုယုံကြည်မှုရှိသူတွေဟာ သူတို့ရဲ့အတွေးတွေနဲ့အပြုအမူတွေအပေါ် တာဝန်ယူကြပါတယ်။ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုခုနဲ့ပတ်သက်ပြီး အကြောင်းအရာတစ်ခုခု၊လူတစ်ယောက်ယောက်အပေါ် ပုံချပြီး ဆင်ခြေပေး တာမျိုးကိုသူတို့ဆီမှာ လုံးဝမတွေ့ရတတ်ပါဘူး။(ဥပမာ-အလုပ်နောက် ကျတာကို ယာဉ်ကြောပိတ်နေလို့ နောက်ကျရတာပါဆိုပြီး ဆင်ခြေပေးတာမျိုးပါ)

guidelines-on-increasing-ones-self-confidence_2

(၂)ကြောက်တဲ့အရာတွေကို ရှောင်တာ

အဲ့ဒီလိုလူမျိုးတွေဟာ ဘ၀ကို ဘယ်တော့မှ အကြောက်တရားနဲ့ရှင်သန်ကြမယ့် လူမျိုးတွေမဟုတ်ပါဘူး။သူတို့ကြောက်တဲ့အရာတွေရှိရင်တောင်မှ ဒီလိုအရာတွေကို ရှောင်သွားတာမျိုးမလုပ်ပဲ အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်ဖြေရှင်းတတ်ပါတယ်။

(၃)အချိန်ဆွဲ

ဒီနေ့မှာအကြံကောင်းဥာဏ်ကောင်းတစ်ခုရလိုက်ရင် ဒီနေ့ပဲချက်ချင်းအကောင် အထည်ဖော်တတ်သူတွေပါ။အချိန်ကောင်းအခါကောင်းစောင့်အုံးမယ်၊အခြေအနေကောင်းကိုစောင့်အုံးမယ်ဆိုတဲ့ အချိန်ရွှေ့ချင်တဲ့ စိတ်မျိုး သူတို့မှာ လုံးဝမရှိပါဘူး။

16-woman_4

(၄)လူတွေကို လိုက်ပြီး ရှုံ့ချ၊ဝေဖန်

ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သူကတော့ဘယ်လို၊ဟိုလူကတော့ ဘယ်လို ဆိုပြီး လိုက်ပြီးဝေဖန်နေတာမျိုးပါ။ဒီလိုအလုပ်မျိုးကို မိမိကိုယ် ကိုယုံကြည်မှုရှိ သူတွေကတော့ ဘယ်တော့မှမလုပ်တတ်ကြပါဘူး။ သူတို့အတွက် ဒါဟာအ ချိန်ဖြုန်းတီးတာ၊မလိုတာတွေမှာဝင်ပါနေတာမျိုးပါ။

READ
စာညံ့သူတွေက ဘဝမှာအောင်မြင်သူတွေဖြစ်ဖို့အလားအလာပိုများ

(၅)မျက်စိမှိတ်လက်ခံ/ယုံကြည်တာ

ဒီလိုလူမျိုးတွေဟာ ဘယ်တော့မှ သူများပြောစကားတွေ၊ အင်တာနက်ပေါ် မှာတွေတဲ့သတင်းတွေကို မျက်စိစုံမှိတ်မယုံတတ်ပါဘူး။သူတို့ဟာ အမြဲတမ်း စဉ်းစားချင့်ချိန်ပြီးမှသာ ယုံကြည်တတ်ကြပါတယ်။ကိစ္စတစ်ခု၊အကြောင်းအရာ တစ်ခုရဲ့ အမှန်၊အမှား ဆုံးဖြတ်နိုင်စွမ်းဟာ သူတို့အပေါ်မှာသာမူတည်တည်လို့ ယုံကြည်တတ်ကြလို့ပါ။

confidenthabits

(၆)သူများနဲ့နှိုင်းယှဉ်

တခြားလူတစ်ယောက်နဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်တဲ့ အလုပ်မျိုးကိုလည်း ဘယ်တော့မှ မလုပ်ကြပါဘူး။မနေ့ကနဲ့ဒီနေ့ ဘာတွေတိုးတက်လာပြီလဲဆိုပြီး  သူတို့ကိုယ်သူတို့သာ နှိုင်းယှဉ်တတ်ကြပါတယ်။

Ref;lifehack

SHARE