ခရီးဆောင်အိတ် စနစ်တကျ ထုပ်ပိုးပြင်ဆင်နိုင်ဖို့ သိထားသင့်တဲ့ အချက်များ

အားလပ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်ထားပြီဆိုရင် ခရီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြင်ဆင်ရတော့မှာပါ။သယ်စရာပစ္စည်းတွေ အရမ်းများနေ တာ၊ဘာကို သယ်လို့သယ်ရမှန်းမသိဖြစ်နေပြီး စိတ်ရှုပ်နေရပြီလား.? မပါမဖြစ် ထည့်သယ်သွားရမယ့် ပစ္စည်းတွေ ရှိသလို လိုတယ်ထင်ပေမယ့် မလိုတဲ့ ပစ္စည်းတွေလည်းရှိပါတယ်။ခရီးသွားမယ်ဆိုရင်တော့ အရင်ဆုံး ဘာတွေပြင်ဆင် ရမလဲဆိုတာနဲ့ဘာတွေ ကို သယ်သွားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁)ပစ္စည်းစာရင်းအရင်လုပ်
ပါးစပ်နဲ့ထိုင်ပြီး ဘာသယ်မယ်၊ခေါင်းထဲမှာ ဘာသယ်မယ်ဆိုပြီး စဉ်းစားမနေပါနဲ့။ စာရွက်ထဲမှာ စာရင်းချရေးပါ။ချရေးရမှာ ပျင်းတဲ့သူတွေအတွက် နည်းနည်းတော့ အဆင်မပြေဖြစ်နိုင်ပေမယ့် ချရေးတာကတော့ အကောင်းဆုံးပါ။ဘာတွေ က အဓိကလိုတယ်ဆိုပြီးချရေးပါ။ဘာတွေကို သယ်မယ်ဆိုပြီး စာရင်းပြုစုပါ။ အဲ့ဒါဆိုရင်တော့ ပစ္စည်းကျန်ခဲ့တာမျိုးနဲ့ လုံးဝကြုံရမှာမဟုတ်ပါဘူး။
(၂)လိုအပ်တဲ့ ဆေးဝါးယူပါ

ဆေးသေတ္တာအကြီးကြီးကို သယ်သွားဖို့ ပြောတာမဟုတ်ပါဘူး။လိုအပ်တဲ့ဆေး ၀ါးတွေကို ဆောင်သွားဖို့ပါ။တစ်ခါတစ်လေမှာ ကိုယ်သွားတဲ့နေရာက ကိုယ်ေ သာက်နေကျဆေးတွေရှာရခက်တဲ့ နေရာမျိုးဖြစ်နေနိုင်ပါတယ်။ဘယ် သူက မှတော့ ခရီးထွက်နေတဲ့အချိန်လေးမှာ ရောဂါထဖြစ်မယ်လို့ မျှော်လင့်ထား မှာ မဟုတ်ပါဘူး။ဒါပေမယ့် ကြိုမသိနိုင်တာကြောင့် အချိန်မရွေးဖြစ်နိုင်ပါတယ်။ေ သာက်နေကျဆေးတွေကို၊ခေါင်းကိုက်ပျောက်ဆေး၊အစာကြေဆေးတို့ကို ဆော င်သွားပါ။

(၃)Name tag ဆွဲပေးပါ

READ
အာဂျင်တီးနားနိုင်ငံ၏ အထင်ကရနေရာများ

ပြည်တွင်း၊ပြည်ပ ဘယ်ခရီးပဲသွားသွား ကိုယ့်ရဲ့ ခရီးဆောင်အိတ်မှာ Name tag ဆွဲပေးတာကတော့ အကောင်းဆုံးပါ။ဖြစ်ခဲတယ်ဆိုပေမယ့် အထုပ်မှား တာ၊အိတ်မှားတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ထားရာရောက်ပါတယ် ။နောက်တစ်ချက်ကတော့ အိတ်ကို အပြည့်ထည့်သယ်တာမျိုးမလုပ်ပါနဲ့။ဟို ကနေ ပစ္စည်းတွေ ပြန်ဝယ်လာတဲ့ အခါ အဲ့ဒီပစ္စည်းတွေ ထည့်ဖို့ နေရာ ချန်ထားပါ။အသွားကတည်းက အိတ်ထဲမှာ ပစ္စည်းတွေ ပြည့်နေရင် အဆင် မပြေဖြစ်နိုင်ပါတယ်။

(၄)ဖိနပ်တွေ အများကြီးသယ်တာ

အိတ်ထဲမှာ အရမ်းနေရာယူတဲ့ ပစ္စည်းပါ။ရှူးဖိနပ်တွေကို နှစ်ရံ၊သုံးရံလောက် ထည့်လိုက်ပြီဆိုတာနဲ့ ခရီးဆောင်အိတ်ထဲမှာ အရမ်းနေရာယူသွားပါလိမ့်မယ်။
ခရီးကဘယ်နှစ်ရက်ကြာမှာလဲ.ဆိုတဲ့ အပေါ်မှာ မူတည်ပြီး သယ်မယ်ဆို ရင်တောင် အတတ်နိုင်ဆုံးလျော့သယ်ပါ။ခရီးကခြေလျင်တောင်တက်မှာလား အဲ့ဒါဆိုရင်တော့ သူနဲ့လိုက်ဖက်တဲ့ဖိနပ်ကို သယ်ပါ။အဲ့လိုမှ မဟုတ်ပဲ သွားမ ယ့်ခရီးနဲ့မဆိုင်တဲ့ ဖိနပ်တွေကို လျှောက်မသယ်ပါနဲ့။သယ်ရမယ် ဆိုရင်လည်း အများကြီးမသယ်ပါနဲ့။
(၅)အလှကုန်ပစ္စည်းကိုလျော့
အလှကုန်ပစ္စည်းတွေကို သယ်မယ်ဆိုရင်လည်း အိမ်က ရှိတာတွေ အကုန် သိမ်းကြုံးမသယ်ပါနဲ့။တကယ်လိုအပ်တဲ့ ပစ္စည်းေ လာက်ပဲသယ်ပါ။တကယ်လို့ ကိုယ်သွားမယ့်နေရာက ဝေးလံခေါင်ဖျားတဲ့ နေရာ မဟုတ်ဘူးဆိုရင်၊ကိုယ်သုံးတဲ့ အလှကုန်ပစ္စည်းတွေက အဲ့နေရာမှာလည်း အလွ ယ်တကူရနိုင်ရင်တော့ ဟိုရောက်မှ ဗူးသေး၊ဆိုဒ်သေးတွေကို ၀ယ်တာအေ ကာင်းဆုံးပါ။ မရနိုင် ဘူးဆိုရင်လည်း ခရီးထွက်တဲ့ အခါသယ်ရလွယ်အောင် ဆိုဒ်သေးနဲ့ ထုတ်ထား တာတွေရှိပါတယ်။ဗူးကြီးတွေကို မ၀ယ်ပဲ အဲ့ဒါတွေကို ၀ယ်ပါ။

(၆)တန်ဖိုးကြီးပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲထည့်

တစ်ချို့က တန်ဖိုးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာထားမယ်ဆိုပြီး အိတ်အပို တစ်ခုထဲမှာ ထည့်ထားတတ်ကြပါတယ်။ဒါတကယ်တော့ မှားပါတယ်။ ခရီးေ ဆာင်အိတ်ပျောက်တယ်ဆိုတာမျိုးက အင်မတန်ရှားပါတယ်။ဒါကြောင့် ကင်မ ရာ၊laptop ၊လက်ဝတ်ရတနာအစရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ခရီးဆောင် အိတ်ထဲ ထည့်တာ အကောင်းဆုံးပါ။

READ
မက္ကဆီကိုမှာ လည်ပတ်စရာနေရာများ

(၇)အားသွင်းကြိုး၊Power Bank

မမေ့သင့်တဲ့ ပစ္စည်းတွေထဲမှာ အဲ့ဒါတွေက ထိပ်ဆုံးကပါ။ဖုန်းက အမြဲသုံးနေ တာဆိုတော့ အားကုန်လွယ်မှာပါ။ဒါကြောင့် အားသွင်းကြိုး၊ကင်မရာ ဆိုရင် လည်း ကင်မရာအားသွင်းကြိုး ယူသွားပါ။

(၈)ပစ္စည်းတွေကို ခွဲထည့်၊သေချာစစ်

အ၀တ်အစားဆို အ၀တ်အစားသပ်သပ်ထည့်ပါ။အ၀တ်အစားထဲမှာမှ အကျိင်္ ဆိုအကျီင်္၊ဘောင်းဘီ၊အတွင်းခံ သပ်သပ်ခွဲထည့်ပါ။လျှပ်စစ်ပ စ္စည်း ဆိုရင်လည်း သူ့အကန့်နဲ့သူ သပ်သပ်ခွဲပါ။ရာသီဥတုကို စိတ်ချမထားပါနဲ့။နေသာမယ်လို့ တစ်ထစ်ချတွက်လို့မရပါဘူး။မိုးရွာရင်လည်း ရွာနိုင်တာမို့ ထီးဆောင်ပါ။အားလုံး ပြင်ဆင်ပြီးပြီဆိုရင်တော့ ခရီးသွားဖို့အသင့်ဖြစ်နေပါပြီ။ဒါပေမယ့် အိမ်ကနေ မထွက်ခင် အရေးကြီးတဲ့ပစ္စည်းတွေပါ၊မပါသေချာစစ်ပြီးမှာ ထွက်ပါ။

Ref;momondo

SHARE