အင်္ဂလန်ယော့ခ်ရှိုင်းယားပြည်မှာ ဘုရားသခင်မျက်လုံးပုံစံ တိမ်မည်းကြီးပေါ်ခဲ့ဟု ယုံကြည်နေကြ

အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားပြည်နယ်၊ လိဒ်မြို့ရဲ့ ကောင်းကင်ရံမှာ မျက်လုံးပုံစံ တိမ်မည်းကြီးပေါ်ထွန်းလာခဲ့ပြီး ဒေသခံအမြောက်အများက ကောလဟလတွေကြားမှာ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ Graham Telford အသက် 46 နှစ်ကတော့ ဒါဟာ ဘုရားသခင်ရဲ့ မျက်လုံးတော်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။

အချို့ကလည်း ဘုရားသခင် မျက်လုံးတော်လို့ ယူဆကြပေမယ့် အချို့ကတော့ မျက်လုံးရဲ့ပုံစံဟာ ကြောက်စရာအသွင် ဖြစ်နေလို့ စိုးရိမ်ပူပန်နေကြပါတယ်။ Graham ဟာ ကုန်ပစ္စည်းအရည်သွေးစစ်ဆေးတဲ့ မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်နေပြီး ဒီတိမ်တိုက်ကြီးက ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ပေါ်ထွက်ခဲ့တာ ဖြစ်ကြောင်းပြောပြပါတယ်။

Graham က ” အရင်ကတော့ တစ်ခါမှ မတွေ့ဖူးဘူးဗျ … တကယ့်ကို မျက်လုံးတစ်လုံး ပုံစံအတိုင်းကို ထင်ရှားပါတယ် … မျက်ခုံးတောင် ပါလိုက်သေးတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” ကျနော်ပုဂ္ဂိုလ်ရေးအမြင်တော့ တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ အစက မထင်မိပါဘူး … ဒါပေမယ့် သေသေချာချာ ကြည့်တဲ့အခါမှာတော့ ကျနော်တို့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားမိတယ် “လို့ ဆိုပါတယ်။

READ
ကမ္ဘာ့လျှာအရှည်ဆုံးလူသားဖြစ်လာဖို့သေချာနေတဲ့ ကောင်မလေး

ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာလည်း ဘုရားသခင်ရဲ့ မျက်လုံးတော်လို့ အများက ယုံကြည်ကြပြီး၊ ထင်မြင်ချက် အမျိုးမျိုးလည်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လကလည်း မုန်တိုင်းထဲ ခံခဲ့ရတဲ့ ကိုလံဘီယာနိုင်ငံ မိန့်ဇာလက်စ်မြို့ ကောင်းကင်မှာ ဘုရားသခင်ပုံစံ အလင်းတန်းကြီး ထွက်ပေါ်ခဲ့လို့ လူထုအကြားမှာ စိတ်ဝင်စားမှု များပြားခဲ့ပါသေး
တယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE