ကာယဗလ အလှပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ခဲ့တဲ့ ရောဂါသည် လူငယ်လေး

အမေရိကန်နိုင်ငံ ကင်တက်ကီ ပြည်နယ် လူးဝစ်ဗီလီ မြို့တွင် နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုလင် ကာလာခ် (Collin Clarke) ဆိုသူ ဒေါင်း ရောဂါ ဝေဒနာကို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။( Down Syndrome ရောဂါဟာ ပုံမှန် မဟုတ်တဲ့ ခရိုမိုဆုမ်းများကြောင့် ဥာဏ်ရည်ပုံမှန် မဖွံဖြိုးတဲ့ ရောဂါ ဖြစ်ပါတယ်။)ဥာဏ်ရည် မဖွံဖြိုးပေမဲ့ ပိုလင်ဟာ သူ့ရဲ့ အိပ်မက်တွေကို အားမလျှော့ပဲ ပုံဖော်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ကိုလင်ဟာ ကင်တပ်ကီပြည်နယ် ကာယဗလ ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမှာ ပဉ္စမ အဆင့်ရရှိခဲ့ပါတယ်။

ကိုလင်ရဲ့ အိမ်နီးချင်းဖြစ်သူ တန်မီ ဟာဂတ်ကတော့ “ကျွန်တော် ကိုလင်ကို ငယ်စဉ်ကတည်းက သိခဲ့တာ ဖြစ်ပါတယ်။သူဟာတော်တော်ကြိုးစားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူရဲ့ ကြွက်သွားများကြီးထွားအောင်လုပ်တာဟာ သူ့ရဲ့ ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ကိုလင်ဟာ ကာယဗလ ကြီးထွားဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။” လို့ပြောခဲ့ပါတယ်။

READ
လက်ဖက်ရည်ခွက်လေးများကပြောတဲ့ ဘဝဒသန

ကိုလင်ရဲ့ ကာယဗလဆိုင်ရာ နည်းပြဖြစ်သူ ဂလင် အူဘယ်ဟော် ကတော့ ” ကိုလင်တစ်ယောက် ကာယဗလ လေ့ကျင်တဲ့အတွက် သူ့ရဲ့ဥာဏ်ရည်၊ပေါင်းသင်းဆက်ဆံခြင်း၊နဲ့သူ့ရဲ့ စကားပြောတဲ့ လေယူလေသိမ်းကအစတိုးတက်လာခဲ့ပါတယ်။”  လို့ပြောဆိုခဲ့ပါတယ်။

ကိုလင်ကတော့ ” ကျွန်တော် ကိုယ်ကာယလေ့ကျင့်ရေးကို ကျွန်တော်ဆက်လုပ်သွားမှာပါ။ကျွန်တော် အိပ်မက်က အာနိုးတို့ ခန္ဓာကိုယ်အထိ ကြီးထွားလာစေဖို့ပါပဲ ” လို့ပြောဆိုခဲ့ပါတယ်။

Shwemom

Ref : Rach Feed

SHARE