လူတိုင်းမှာတော့ ကြောက်စိတ်ကိုယ်စီရှိတတ်ကြပါတယ်။ တချို့က ဟိုးအတွင်းထဲက ကြောက်ရတဲ့အရာဟာ ဘာလဲဆိုတာ သိထားကြပေမယ့်လို့ အပြင်ကိုထွက်လာပြီး သိစိတ်ကိုမလွှမ်းမိုးအောင်လို့ မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ကိုယ့်ကြောက်စိတ်အစစ်အမှန်က ဘာလဲဆိုတာ ရေရေရာရာမသိကြပါဘူး။ ဒါဆို ကျွန်တော်တို့တွေ စိတ်ပညာဆိုင်ရာမေးခွန်းတွေကို ဖြေပြီး ဟိုးအတွင်းစိတ်အနက်ထဲက ကြောက်စိတ်အစစ်အမှန်ဆိုတာ ဘာလဲ ရှာဖွေကြည့်ကြရအောင်လား။ မေးခွန်းတိုင်းအတွက် အဖြေတစ်ခုကို ရွေးပေးရမှာဖြစ်ပြီး အဲဒီအဖြေရဲ့သက်ဆိုင်ရာ အမှတ်လေးတွေကို ပေါင်းပေါင်းပေးသွားရင်း နောက်ဆုံးထွက်လာတဲ့ ရမှတ်အလိုက် ရလဒ်တွေကို တိုက်ကြည့်ရမှာပါ။ စလိုက်ကြရအောင်..
(က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ် နဲ့ (ဂ) ဆိုရင် ၃ မှတ်ပါ။
