လူတိုင်းမှာ အရည်အချင်း အားသာချက်တစ်ခုစီ ရှိကြပါတယ်။ တချို့ကတော့ ကိုယ့်အားသာချက်က ဘာဆိုတာ တန်းသိပြီး အသုံးချနိုင်ကြပေမယ့် တချို့တွေကတော့ ကိုယ့်မှာ အားသာချက်တစ်ခုခု ရှိနေတာတောင် သတိမထားမိတတ်ကြတာမျိုး ရှိကြပါတယ်။ ဒါကြောင့် အဲဒီ့ပုန်းလျှိုးနေတဲ့ အရည်အချင်းကို ဖော်ထုတ်ပေးမယ့် စိတ်ပညာစမ်းသပ်မှု မေးခွန်းလေးတွေ ပေါ်ပေါက်လာပါတယ်။ ဒီမေးခွန်းလေးတွေကို ဖြေပြီး ရလာတဲ့အမှတ်တွေကို ရေးထားနော်။ အကုန်ပြန်ပေါင်းကြည့်ပြီးရင် သင့်ရဲ့ အရည်အချင်းက ဘာလဲဆိုတာ ထွက်ပေါ်လာမှာပါ။
