အောင်မြင်သောဧည့်လမ်းညွှန်တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ

Shwemom ရဲ့ ပရိသတ်ထဲမှာ ဧည့်လမ်းညွှန်လုပ်လိုသူတွေပါနိုင်ကောင်းပါတယ်။ ဒီတော့ ဧည့်လမ်းညွှန်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒေသခံများဆီက ပြန်လည်သင်ယူပါ

ဧည့်လမ်းညွှန်တစ်ယောက်ဟာ ဒေသခံတွေဆီက ဘာတွေ သင်ယူဖို့လိုအပ်သလဲဆိုတော့ အများကြီးရှိပါတယ်။ နေရာဒေ
သအကြောင်း၊ အစားအသောက်တွေအကြောင်း၊ ဒေသရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေ၊ သယ်ယူ/ပို့ဆောင်/
တည်းခိုစားရိတ်တွေအကြောင်းကို သိထားရပါမယ်။

(၂) စီမံခန့်ခွဲမှုလည်း ကျွမ်းကျင်ပါစေ

စီမံခန့်ခွဲမှုအပိုင်းကို မြင်သာအောင် ဥပမာပြရရင် ဒေသတစ်ခုကို Tour အဖွဲ့တစ်ခုကို ဦးဆောင်ပြီးသွားဖို့ စီစဉ်ထားတယ်၊
အဲဒီမှ နယ်မြေအခြေအနေတစ်ခုခုကြောင့် ခရီးစဉ်ပယ်ဖြတ်ဖို့ ဖြစ်လာတဲ့အခါ အခြားခရီးစဉ်တစ်ခုကို အစားထိုးစီစဉ်ပေး
တတ်ဖို့ လိုပါတယ်။ ဒါက လိုအပ်ချက်အရပေါ့။ များသောအားဖြင့် ကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့တစ်တွေအတွက်
တစ်ရက်ဆိုတစ်ရက် စာရိတ်ပိုအကုန်မခံလိုကြပါဘူး။

(၃) ဘာသာစကားတစ်မျိုးထက်တတ်လေ ပိုကောင်းလေ

ဧည့်လမ်းညွှန်လုပ်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် အလုပ်ခွင်မ၀င်ခင်ကတည်းက ဘာသာစကားတွေကို လေ့လာထား
သင့်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို နိုင်နင်းကျွမ်းကျင်ဖို့လိုသလို၊ အခြား လူသုံးများတဲ့
ဘာသာစကားတွေကိုလည်း သိထားနိုင်လေ ပိုကောင်းလေပါဘဲ။

READ
Social Media Managerတစ်ယောက်ရှာနေတဲ့ အင်္ဂလန်ဘုရင်မကြီးအယ်လီဇဘက်

(၄) အသိအမှတ်ပြုလက်မှတ်တွေလည်း လိုအပ်ပါတယ်

နောက်တစ်ခုက နယ်မြေကျွမ်းကျင်တယ်၊ ဗဟုသုလည်းရှိတယ်၊ ဘာသာစကားလည်း ပြောတတ်ရုံနဲ့ ဧည့်လမ်းညွှန်လုပ်
လို့ မရပါဘူး။ နိုင်ငံတိုင်းမှာ ဟိုတယ်နဲ့ခရီးသွားလာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တွေ လိုအပ်သ
လို၊ အဆင့်အတန်းတစ်ခုကို ညွှန်ပြနိုင်တဲ့ ဘွဲ့တွေ၊ ဒီကရီတွေ၊ ဒီပလိုမာလက်မှတ်တွေလည်း လိုအပ်ပါတယ်။

(၅) ဒေသဟင်းလျှာတွေကိုလည်း ရင်းနီးဖို့လိုပါတယ်

ခရီးသည်တွေက ဒေသတစ်ခုကို ရောက်သွားတဲ့အခါ သူတို့နိုင်ငံရဲ့ ရိုးရာစားစရာထက် ဒေသခံတွေရဲ့စားဖွယ်သောက်
ဖွယ်တွေကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။ ဒီတော့ နယ်မြေတစ်ခုကိုရောက်လို့ အစားအသောက် ဘာစားသင့်သလဲ မေး
တဲ့အခါတိုင်း ဒီဒေသထွက်ရဲ့ ဘယ်အစားအစာကို စားသင့်တယ်ဆိုတာ လမ်းညွှန်နိုင်ရပါမယ်။

(၆) နေရာထိုင်ခင်း စီစဉ်ပေးမှု

အချို့ခရီးသွားများဟာ အေဂျင်စီအစရှိတဲ့ ခရီးသွားကုမ္မဏီတွေနဲ့ ချိတ်ဆက်ထားခြင်း မရှိဘဲ အလွတ်သဘောနဲ့ လာ
ရောက်လည်ပတ်တာမျိုးလညှ်းရှိပါတယ်။ ဒီအတွက် ဟိုတယ် Booking မလုပ်ရသေးရင် သင့်တင့်တဲ့ဟိုတယ်တစ်ခုခု
မှာ သွားရောက်ပို့ပေးနိုင်ဖို့ ဟိုတယ်တွေ၊ တည်းခိုရိပ်သာတွေရဲ့ လိပ်စာတော်တော်များများကိုလည်း သိထားဖို့လိုပါတယ်။

READ
အလုပ်လက်မခံမီ မေးသင့်တဲ့ မေးခွန်း(၅)ခု

(၇) ဧည့်သည်တွေကို ဦးဆောင်နိုင်ရမယ်

နောက် အရေးကြီးတာက ခရီးတစ်ခုကို ထွက်တဲ့အခါမှာ ဧည့်သည်တွေကို တက်တက်ကြွကြွနဲ့ ဦးဆောင်နိုင်ဖို့ လိုပါတယ်။
ဒါမှလည်း ခရီးစဉ်ဟာ ညည်းငွေ့ဖွယ်မဖြစ်တော့ဘဲ ခရီးသွားတွေရဲ့ ပါးစပ်ဖျားမှာ သင့်နာမည် ကျန်ရစ်မှာပါ။

(၈) ဒေသန္တရဗဟုသုတစုံလင်ပါစေ

အရေးကြီးဆုံးကတော့ ဧည့်လမ်းညွှန်လုပ်မယ့်သူဟာ ဒေသန္တရဗဟုသုတစုံလင်နေရပါမယ်။ တစ်ခုမေးလိုက် No၊ တစ်ခု
မေးလိုက် I am not sure … ဆိုရင် ဘယ်ခရီးသွားကမှ ခေါ်ချင်မှာ မဟုတ်ပါဘူး။ ဒီတော့  ဒေသန္တရဗဟုသုတစုံလင်နေ
ဖို့လည်း လိုအပ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : top10for.com

SHARE