သားသမီးတွေထဲမှာ ရုပ်အဆိုးဆုံးသားကို ချိန်းကြိုးနဲ့ချည်ပြီး ဓာတ်ပုံရိုက်ယူတဲ့ မိဘနှစ်ပါး

မြန်မာရှေးဟောင်းစကားပုံမှာ ” တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိမယ်၊ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ “ဆိုပြီး ရှိပါတယ်။ မိဘတိုင်းဟာ သားသမီးတွေအပေါ်မှာ တူညီတဲ့ မေတ္တာ ထားကြပြီး၊ ဘယ်လောက်ပင် လူဆိုးလူမိုက်ကြီး ဖြစ်နေသည် ဆိုဦးတော့ ချစ်မြဲချစ်နေကြတာ မိဘမေတ္တာရဲ့ သဘောပါဘဲ။

ဒါပမယ့် Matalinong Matsing အမည်ရတဲ့ Facebook အကောင့်မှာတော့ မိဘနှစ်ပါးစလုံးရဲ့ ရက်စက်မှုကို အထင်သားပေါ်လွှင်စေခဲ့ပါတယ်။ အဲဒီအကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံကလည်း မိဘတွေကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ သူတို့မှာ သားသမီးတွေ ရှိသည့်အနက် ပုံထဲမှာ ချိန်းကြိုးအချည်ခံထားရတဲ့ ကောင်လေးက ရုပ်အဆိုးဆုံးလို့ ဆိုပါတယ်။

အဆိုပါ ကောင်လေးဟာ သူခိုးလို့ ခဏခဏအစွပ်စွဲခံရပြီး ရိုက်ပုတ်ကန်ကျောက်တာကိုလည်း ခဏခဏ ခံခဲ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ အမည်ဖော်ပြထားခြင်း မရှိတဲ့ ကာယကံရှင်တွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့ငယ်တစ်ခုကလို့ သိရပါတယ်။ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး လူတွေရဲ့ ဝေဖန်ဆဲဆိုမှုတွေကလည်း များစွာခံခဲ့ရပါတယ်။

READ
လက်ထပ်ပွဲနေ့မှာ ဂိမ်းဆိုင်ထဲကမနည်းဆွဲထုတ်ခဲ့ရတဲ့ သတို့သမီးလောင်း

အချို့ကတော့ ကလေးက ခိုးလို့ ဒဏ်ခပ်တဲ့အနေနဲ့ ဒီလို ချုပ်နှောင်ထားခြင်းလို့ အတည်ပြုကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီလုပ်ရပ်ဟာ မိဘနဲ့သားသမီးကြားမှာတောင် မဟုတ်၊ အခြား သူစိမ်းတို့ရဲ့ ကလေးတွေကိုတောင် ပြုမူဖို့ မသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအတွက် ကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အလွန်ကြီးမားသွားနိုင်ပြီး၊ အန္တရာယ်လည်း ရှိသွားနိုင်ပါတယ်။

ညီလင်းထက် (Shwemom)

source : viral4real.com

SHARE