လည်ပတ်လို့ အကောင်းဆုံးနိုင်ငံစာရင်းရဲ့ နံပါတ်(၃)နေရာတွင် မြန်မာနိုင်ငံရှိနေ

ပျော်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေ။ခရီးသွားရတာကို နှစ်သက်ကြသူတွေအနေနဲ့ (၂၀၁၇)ရဲ့အားလပ်ရက်တွေမှာ ဘယ်ကိုသွားရမလဲ စဉ်းစားရခက်နေရင် အံ့အားသင့်စရာရှုခင်းအလှတွေနဲ့ ခရီးသွားလို့အကောင်းဆုံးနိုင်ငံ(၁၀)နိုင်ငံ ကို ဖော်ပြပေးချင်ပါတယ်

PROD-Sri-Lanka-Weligama-Stilt-fishermen-on-the-coast

(၁)သီရိလင်္ကာ

ဘုရားကျောင်းတွေ၊လိပ်တွေ၊ငှက်တွေ၊ကမ်းခြေတွေ၊မဆလာဟင်းနဲ့ယဉ်ကျေးမှုတွေရှိနေသလို၊ကမ္ဘာ့အကောင်းဆုံးလက်ဖက်ရည်တစ်ချို့ကိုပါ မြည်းစမ်းခွင့်ရ မယ့်နေရာတစ်ခုပါ။အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံဖြစ်ပြီး၊ယူနက်စကိုရဲ့ အမွေအနှစ် စာရင်းဝင်နေရာ(၈)ခု၊ဆင်၊ကျားသစ်၊မိကျောင်းနဲ့ကျွဲရိုင်းတွေကိုလည်း တွေ့မြင်လည်ပတ်နိုင်မှာပါ။ Uda Walawe အမျိုးသားဥယျာဉ်မှာတော့ ဆင်တွေအများ ကြီး တွေ့မြင်ရမှာဖြစ်ပြီး၊ကမ်းရိုးတန်းအလှနဲ့ရှေးဟောင်းအဆောက်အအုံတွေကိုတော့ ကမ်းရိုးတန်းခံတပ်မြို့ Galle မြို့မှာခံစားနိုင်မှာဖြစ်ပါတယ်။

PROD-View-of-Sveti-Stefan-resort-island-Montenegro

(၂)မွန်တီနီဂရို

မွန်တီနီဂရိုနိုင်ငံဟာ Balkan(အရှေ့တောင်ဥရောပရဲ့ ယဉ်ကျေးမှုနယ်မြေ၊ Balkan ကျွန်းဆွယ်)နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။တောင်တန်းတွေ၊ အလယ်ေ ခတ်လာက်ကကျေးရွာတွေနဲ့ကမ်းခြေတွေတည်ရှိရာ နိုင်ငံဖြစ်ပါ တယ်။နိုင်ငံေ သးပေမယ့် (၇၂)မိုင်အရှည်ရှိတဲ့ကမ်းခြေတွေရှိသလို၊ ယူနက်စကိုအမွေအနှစ် စာရင်းဝင် Budva မြို့၊ Kotor မြို့နဲ့Durmitor လို အမျိုးသားဥယျဉ်တွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ရွက်လှေ၊အပျော်စီးသင်္ဘောတွေကိုနှစ်ခြိုက်တယ်ဆိုရင်တော့ Kotor မြို့သို့ သွားရောက်လည်ပတ်သင့်ပါတယ်။

PROD-Golden-Shwezigon-pagoda-in-Bagan-Myanmar

(၃)မြန်မာနိုင်ငံ

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းခရီးသွားလာပြီး၊ပုဂံမြို့မှာရှိတဲ့ရွှေရောင်တောက်ပနေတဲ့ဘုရားကျောင်းကန်တွေနဲ့ဘုန်းကြီးကျောင်းတွေကို တွေ့မြင်ဖူးမြော်နိုင်မှာဖြစ်ပါတယ်။နိုင်ငံတောင်ပိုင်းမှာဆိုရင်လည်း Andaman ပင်လယ်ရဲ့ ကမ်းခြေတွေကို တွေ့မြင်နိုင်မှာဖြစ်သလို၊ဗြိတိလျှ ကိုလိုနီမြို့ဟောင်း   သမိုင်းဝင်မော်လမြိုင်မြို့ ကိုလည်း လည်ပတ်နိုင်မှာဖြစ်ပါတယ်။လှေကိုခြေနဲ့ လှော်တဲ့ အင်းလေးကန်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

READ
ချီလီနိုင်ငံကိုချက်ချင်းသွားလည်ချင်စိတ်ပေါက်သွားမယ့်ဓာတ်ပုံများ

PROD-Helsinki-tramway-at-Kauppatori-Finland

(၄)ဖင်လန်

Lonely Planet မီဒီယာကုမ္ပဏီနဲ့ National Geographic Traveler’s ရဲ့ (၂၀၁၇)ရဲ့ခရီးသွားလို့အကောင်းဆုံး(၂၁)နိုင်ငံမှာ TOP 3 အဖြစ်သတ်မှတ် ခံခဲ့ရပါတယ်။(၂၀၁၇)ဟာ ဖင်လန်နိုင်ငံလွတ်လပ်ရေးရတာ နှစ်တစ် ရာပြ ည့်မြောက်တဲ့နှစ်ဖြစ်ပါတယ်။နှစ်သစ်ကူးမတိုင်ခင် တစ်ရက်အလိုမှစကာ Helsinki မြို့ရဲ့ Töölönlahti ပင်လယ်အော်နဲ့ Kansalaistori ရင်ပြင်တို့မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  မီးရှူးမီးပန်းပစ်ဖောက် ပွဲတွေအပါအ၀င် တခြားပွဲအခမ်းအနားတွေ တစ်နှစ်ပတ်လုံး ကျင်းပပြုလုပ်မှာဖြစ်ပါ တယ်။

view-from-snowdon

(၅)North Wales

ဒီနေရာကတော့ စွန့်စားမှုတွေကို ကြိုက်သူတွေအတွက် အကြိုက်တွေ့စေ မယ့်နေရာဖြစ်ပါတယ်။ကြိုးတန်းနဲ့တွယ်ပြီးဖြတ်ရတဲ့ မြေအောက်လိုဏ်ဂူကြီးတွေ၊ကြိုးတန်းတံတားနဲ့ဥရောပရဲ့အကြီးဆုံးကြိုးတန်းဇုန် (Zip World Titan) ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ဘောလုံးကွင်း(၆)ကွင်းစာကျယ်ဝန်းတဲ့ ကုန်းတွင်းရေလွှာလျှောစီးရာနေရာနဲ့ခမ်းနားထည်ဝါတဲ့ Snowdon တောင် တို့ကို မြင်တွေ့ရမှာပါ။

PROD-An-elevated-view-of-the-Table-Mountain-Cable-Car-descending-from-the-top-of-Table-Mountain-Cape-Tow

(၆)တောင်အာဖရိက

READ
သင် မရောက်ဖူးသေးတဲ့ ကမ္ဘာပေါ်က အိပ်မက်ဆန်ဆန်နေရာများ

ရွှေရောင်ကမ်းခြေတွေ၊စပျစ်ခြံတွေရှိနေတဲ့ တောင်အာဖရိကရဲ့ မြို့တော် Cape Town သို့Thomas Cook  လေကြောင်းလိုင်းက တိုက်ရိုက်ခရီးစဉ်ပြေး ဆွဲလိုက်တာကြောင့် သွားလာရတာလည်း ပိုမိုအဆင်ပြေချောမွေ့နေပါပြီ။ ကမ်းရိုးတန်းအစားအစာနဲ့သောက်စရာတွေကို ရရှိခံစားနိုင်မှာဖြစ်ပြီး၊ Hermanus မြို့မှာတော့ ကမ်းခြေက ဝေလငါးတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။

PROD-UK-Scotland-Edinburgh-Fireworks-exploding-above-illuminated-Edinburgh-Castle-during-Edinburgh-Fri
(၇)စကော်တလန်

မြို့တော် Edinburghဟာ ပွဲတော်တွေနဲ့နာမည်ကျော်ကြားပြီး၊(၁၉၄၇)ခုနှစ်က တည်းက Edinburgh International Festival ဂီတပွဲတော်ကို စတင်ခဲ့တာပါ။အခုဆိုရင်တော့ နှစ်စဉ်နှစ်တိုင်းပွဲတော်(၁၂)ပွဲ ကျင်းပပြု လုပ်နေပါတယ်။

PROD-Snowy-mountains-overlooking-glacial-lake

(၈)ကနေဒါ

နှင်းဖုံးတောင်တန်းတွေ၊တောအုပ်ကြီးတွေ၊သမုဒ္ဒရာကမ်းရိုးတန်း၊သမိုင်းဝင်မြို့တွေနဲ့ နာမည်ကြီးတဲ့ ကနေဒါက ကနံပါတ်(၈)နေရာမှာရှိနေပါတယ်။

PROD-Mutrah-harbour-in-Oman

(၉)အိုမန်

အာရေဘီယံစွန့်စားခန်းတွေကို တွေ့မြင်ရမယ့် အပြင် သဲကန္တရ၊အိုအေစစ် ၊တောင်တန်းတွေကို ခံစားနိုင်မှာဖြစ်သလို ကမ်းခြေတွေမှာ scuba diving  နဲ့ snorkelling လုပ်နိုင်မှာဖြစ်ပါတယ်။

PROD-Ascensor-Artilleria-funicular-ascension-elevator

(၁၀)ချီလီ

(2653)မိုင်ရှည်လျားတဲ့ ကမ်းရိုးတန်း၊ကမ္ဘာ့အဆင့်မီ ၀ိုင်ထုတ်လုပ်ရာနေရာနဲ့ Atacama သဲကန္တရတို့ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Ref; mirror

SHARE