ထွင်းဖောက်မြင်ရတဲ့ ဘောင်းဘီရှည်ကို အ၀တ်အစားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခဲ့

အင်္ဂလန် နိုင်ငံတကာ အ၀တ်အစား ဖက်ရှင် ပစ္စည်းထုတ်လုပ်ရောင်းချရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Topshop ဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ ဘောင်းဘီရှည်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

Topshop  က ဖောက်ထွင်းမြင်ရတဲ့ ဘောင်းဘီကို ၅၅ ပေါင် ( မြန်မာငွေ ၉ သောင်းခွဲ) ခန့်နဲ့ ရောင်းချသွားမှာ ဖြစ်တယ် လို့ဆိုခဲ့ပြီး ဒီဘောင်းဘီကို လူအများ စိတ်ဝင်စားကြမှာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။

ဒါအပြင် ဒီဖောက်ထွင်းမြင်ရတဲ့ ဘောင်းဘီများဟာ ပွဲတော်သွားလိုသူများ၊အခမ်းအနားဝတ်စုံ ၀တ်ဆင်လိုသူများအတွက် အသင့်တော်ဆုံး အ၀တ်အစားတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။Topshop ဟာ ဖောက်ထွင်းမြင်ရတဲ့ ဘောင်းဘီကို သူတို့ Websites မှာ စတင်ရောင်းချနေပြီး ဘောင်းဘီရဲ့ ထူးဆန်းတဲ့ ဒီဇိုင်းကြောင့် သုံးစွဲသူများအကြားဂယက်ထနေတယ် လို့သိရပါတယ်။ပြီးခဲ့တဲ့ လကလည်း Topshop ဟာ ဒူးခေါင်းဖော်ထားတဲ့ ဘောင်းဘီဒီဇိုင်း အသစ်ကို ဖြန့်ချီရောင်းချခဲ့ပါသေးတယ်။

READ
၂၀၁၆ခုနစ်နွေဦးတွင် ရွေးချယ်ဆင်မြန်းရမည့်အရောင်(၅)မျိုး

ဖောက်ထွင်းမြင်ရတဲ့ ဂျင်းဘောင်းဘီကို ခြေကျင်းဝတ်အထက်မှ စတင်လုံးထားပြီး အောက်ခံဘောင်းဘီတစ်ထည်တော့ ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။

Topshop ကတော့ ” ဒီဘောင်းဘီကို ဘီကီနီများ၊အင်္ကျီများ နဲ့ တွဲဖက် ၀တ်ဆင်ကြည့်ပါက လုံးဝ အမြင်ထူးခြားနေမယ်ဆိုတာကို အာမခံ ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE