ယူရိုပါလိဂ်ဖလားရရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ မန်ယူအသင်း

ပရီမီယားလိဂ်ရဲ့ အောင်မြင်မှုအမြင့်ဆုံးအသင်းအဖြစ် စံချိန်သစ်တင်ထားနိုင်ခဲ့တဲ့ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပရီမီယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် 65 မှတ်နဲ့ အဆင့် 5 နေရာမှာ ရပ်တည်နေပါတယ်။ မကြာသေးခင်ကမှ ကျင်း
ပခဲ့တဲ့ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ဆီမီဖိုင်နယ် ပထမအကျော့မှာ လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲ ဆက်ခဲ့ပါတယ်။ ဒီအခြေအနေဟာ ဖိုင်နယ်ကိုတက်ဖို့အတွက် အလားအလာကောင်းတစ်ခုလို့ ဆိုရမှာပါ။

ဒါပေမယ့် မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့်က မသေချာသေးပါဘူး။ အကြောင်းက တော့ မန်ယူအသင်းဟာ EPL အမှတ်ပေးဇယားမှာ အဆင့် 4 နဲ့ ရာသီသိမ်းနိုင်ခဲ့ရင်တောင်မှ Play Off ကစားရမယ့် အတားအဆီးက ရှိနေလို့ ဖြစ်ပါတယ်။ တော်တော်များများက မန်ယူသာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ရင် အလိုအလျှောက် ချန်ပီယံလိဂ် ကစားခွင့်ရမယ်လို့ ထင်နေကြပါတယ်။

READ
ပရီးမီယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာအသင်း

အမှန်တော့ ပရီမီယားလိဂ်မှာ အဆင့် 1 မှ 3 အထိ ရာသီသိမ်းနိုင်ကြသူတွေသာ ချန်ပီယံလိဂ်တိုက်ရိုက် ၀င်ခွင့် ရကြပြီး၊ အဆင့် 4 မှာ Play Off ကစားရပါတယ်။ အဆင့် 5 ကတော့ ယူရိုပါလိဂ်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ယမန်နှစ်ကတော့ ဆီဗီလာအသင်းဟာ အမှတ်ပေးဇယား 2 နဲ့ ရာသီသိမ်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရခဲ့ပေမယ့်၊ ယခုနှစ် မန်ယူ အဖြစ်နဲ့ မတူပါဘူး။

မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်ဆွဲခဲ့ရင်တောင် ယင်းပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ အတွက် နေရာတစ်ခုသာ သေချာတဲ့အနေအထားပါ။ ဒီလိုအခြေအနေဟာ ပရီမီယားလိဂ်မှာ အဆင့် 5 နေရာနဲ့ ရာသီသိမ်းရတဲ့ ပုံစံနဲ့ ခြားနားမှုမရှိဘဲ၊ အကယ်၍ အဆင့် 4 ရရင်တောင်မှ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ၀င်ရောက်ဖို့ ဖြတ်ကျော်ရမယ့် အတားအဆီးကြီးက လည်း ရှိနေပါသေးတယ်။

READ
ရွန်းနီကို ချီးကျူးစကားဆိုခဲ့တဲ့ မက်ဆီ

ဒီအခြေအနေဟာ မန်ယူအသင်းအတွက် ကျဉ်းထဲကြပ်ထဲ အခြေအနေဖြစ်နေပြီး၊ ပရီမီယားလိဂ်မှာ အဆင့်ကောင်းအောင် ရုန်းကန်ရမလား၊ ယူရိုပါလိဂ်မှာ ဗိုလ်ဆွဲဖို့ ကြိုးစားရမလားဆိုတဲ့ အခက်အခဲနှစ်ခုက ဗျာများစေပါတယ်။ အခုဆိုရင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ မန်ယူမှာ ဆယ်လ်တာဗီဂိုဘက်ကို အနိုင်ဂိုးသွင်းပေးတဲ့ ရပ်ရှ်ဖို့လည်း အဆိုပါ ပွဲမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေအတွက် မန်ယူကို အခက်တွေ့စေမှာပါ။

ညီလင်းထက် (Shwemom)

source : mirror.co.uk

SHARE