အဖွားဖြစ်သူကို စောင့်ရှောက်ပေးရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ မြေးမလေး

ဖခင်ဖြစ်သူကလည်း ကွယ်လွန်၊မိခင်ဖြစ်သူကလည်း နာမကျန်းဖြစ်နေ တာကြောင့် စောင့်ရှောက်သူမဲ့နေတဲ့ အဖွားဖြစ်သူကို Liu Lin ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးက သူမကျောင်းတက်နေတဲ့ မြို့ကိုခေါ် ၊ကျောင်းနားမှာငှားနေတဲ့ အခန်းလေးထဲမှာ အတူနေထိုင်ရင်း စောင့်ရှောက်ေ ပးနေပါတယ်။

66b1929c06ae48ff8df5302008e8cd5d

Liu Lin ဆိုတဲ့ Chengdu  တက္ကသိုလ်ကျောင်းသူလေးဟာ ပြီးခဲ့တဲ့ သြဂုတ် လမှာတော့ ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။အဲ့ဒါကတော့ အသက် (၉၃)နှစ်အ ရွယ်အဖွားဖြစ်သူကို မွေးရပ်မြေကနေ သူမကျောင်းလာတတ်တဲ့ မြို့ကိုခေါ်ဖို့ပါ။ (၂၀၁၆) ခုနှစ်ဟာ Liu ရဲ့မိသားစုအတွက် ကံဆိုးတဲ့နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ အဖွားဖြစ်သူက မတ်လမှာ ခြေကျိုး၊ဖခင်ဖြစ်သူက ဧပြီမှာကွယ်လွန်၊ အမေဖြစ်သူ ကနာမကျန်းဖြစ်ခဲ့ပါတယ်။

4bd4df966dcc421384ec022ed25f8501

Liu ဟာ Chengdu တက္ကသိုလ်မှာ စီးပွားရေးနဲ့ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာနေသူပါ။စောင့်ရှောက်သူမဲ့နေတဲ့ အဖွားကို သူမကျောင်း တက်ရင်း ငှားနေတဲ့ အခန်းလေးကို ခေါ်ပြီး စောင့်ရှောက်ပေးနေတာပါ။ “ဒါကျမရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပါ။အဖွားကို တခြားစောင့်ရှောက်ပေး မယ့် သူမရှိပါဘူး။”လို့ သူမကပြောပါတယ်။သားသုံးယောက်စလုံး ကွယ်လွန် သွားကြတဲ့ သနားစရာအဖွားအိုအတွက်တော့ သူမကတစ်ခု တည်းသော မျှော် လင့်ချက်၊တစ်ဦးတည်းသော စောင့်ရှောက်ပေးမယ့်သူပါ။

READ
သင့်ဘ၀ကိုပြောင်းလဲသင့်နေပြီဆိုတာကို သတိပေးနေတဲ့အချက်များ

chengdugrandma-2

အိပ်ယာနှစ်ခု၊ဘီဒိုတစ်ခု၊စာရေးခုံနဲ့စားပွဲခုံတစ်ခုသာရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အဖွားဖြစ်သူနဲ့အတူနေထိုင်ခဲ့ပါတယ်။အခန်းခကတော့ တစ်လမှာ600 RMB ပါ။Liu ရဲ့အစ်ကိုဖြစ်သူကလည်း အဲ့ဒီမြို့မှာပဲ နေထိုင်ရင်း အလုပ်လုပ်နေ သူဖြစ်ကာ၊သူ့ရဲ့လုပ်အားခနဲ့ မိသားစုကို ထောက်ပံ့ပေးနေသူပါ။”အဖွားကို ကျမကျောင်းတက်နေတဲ့ မြို့ဆီခေါ်လာတယ်။အခုအချိန်က ကျမက တစ်လှည့် ပြန်စောင့်ရှောက်ပေးရမယ့်အချိန်လို့” သူမကဆိုပါတယ်။

chengdugrandma-1

“အဖွားက နာရီမကြည့်တတ်ပေမယ့် ကျမငယ်ငယ်ကဆိုရင် အဖွားက ကျမတို့အ တွက် နေ့လယ်စာပုံမှန်ပြင်ကျွေးနေကြ” လို့သူမကဆိုပါတယ်။ စံပြကျောင်းသူ တစ်ယောက်ဖြစ်နေခဲ့တဲ့သူမ ဟာ work-study  ပရိုဂရမ် ကို လျှောက်ခဲ့ပါ တယ်။အဖွားကို စောင့်ရှောက်နေရပေမယ့်လည်း သူမရဲ့ အတန်းပညာဘက်မှာ လစ်ဟင်းမှုမရှိပဲ ထိပ်ဆုံးမှာရှိနေပါတယ်။စိတ်ဓါတ်ပြင်း ထန်တဲ့ ခေါင်းမာ သူလေးဖြစ်တာကြောင့် ငွေကြေးကူညီပေးချင် သူတွေရှိပေ မယ့် သူမကတော့မယူပဲ၊ငြင်းခဲ့ပါတယ်။

Ref;.dailymail

SHARE