ခေါင်းချင်းထပ်ပြီး လှေကားပေါ်တတ်ပြကာ ဂင်းနစ်မှတ်တမ်းတင်ခဲ့တဲ့ ဗီယက်နမ်နှစ်ဦး

ဗီယက်နမ်ညီနောင်နှစ်ဦးဟာ လှေကားပေါ်ကို ဦးခေါင်းချင်းထပ် ဟန်ချက် ညီအောင်ထိန်းပြီး တတ်ပြနိုင်ခဲ့သူတွေအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်း တင်ခဲ့ ကြ ပါတယ်။စံချိန်တင်တဲ့ ကြိုးပမ်းမှုကိုတော့ စပိန်နိုင်ငံ Girona မြို့မှာ ပြုလုပ်ခဲ့ တာပါ။Giang Quoc Nghiep နဲ့ Giang Quoc Co တို့ ညီအစ်ကိုနှစ်ယော က်လုံးဟာ ဆပ်ကပ်အဖွဲ့သားတွေဖြစ်ပါတယ်။Saint Mary ခရစ်ယာန် ဘုရားရှိခိုးကျောင်းရဲ့ လှေကားထစ်(၉၀)ကို ခေါင်းချင်းထပ်ပြီး ဟန်ချက်ထိန်းကာ တတ်ပြခဲ့တာပါ။
Most-consecutive-stairs-climbed-while-balancing-a-person-on-the-head-celebrating_tcm25-457858

ဒီကြိုးပမ်းမှုဟာ ကြံ့ခိုင်မှု၊တည်ငြိမ်မှုတို့ကို အံ့မခန်းပြသခဲ့တဲ့ ပြကွက်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်က တခြားလူတစ်တစ်ယောက်ကို ခေါင်းချင်းထပ် ရွက် ထားပြီး လမ်းလျှောက်ပြရတာဖြစ်ပါတယ်။ဗီယက်နမ်ဆပ်ကပ် ညီနောင် ဟာ လှေကားထိပ်ကိုရောက်ဖို့ (၁၅)စက္ကန့်သာအချိန်ကြာခဲ့ပါတယ်။အရင်စံ ချိန်ဟောင်းကိုတော့  တရုတ်နိုင်ငံမှ Tang Tao နဲ့ Su Zengxian တို့ က လှေကားထစ်(၂၅)ထစ်နဲ့ (၂၀၁၄)ခုနှစ်က စံချိန် တင်ထားခဲ့တာဖြစ်ပါတယ်။

READ
မိခင်မေတ္တာစိတ်အပြည့်ရှိတဲ့ ကြွက်မကြီး

Most-consecutive-stairs-climbed-while-balancing-a-person-on-the-head-Girona_tcm25-457859

စံချိန်သစ်တင်ရန် ကြိုးပမ်းတဲ့ ပွဲသို့ Girona မြို့တော်ဝန်လည်းတက်ရောက် ခဲ့ကာ၊အောင်မြင်သွားတဲ့ ဗီယက်နမ်ညီနောင် နှစ်ဦးကို ဂုဏ်ပြုပေး ခဲ့ပါတယ်။ အခုလိုစံချိန်သစ်တင်နိုင်ဖို့ (၁၅)နှစ်လောက် လေ့ကျင့်ခဲ့ရကြောင်း၊လေ့ကျင့်တဲ့ ကာလမှာ အကြိမ်များစွာ ပြုတ်ကျ၊ဒဏ်ရာရတာတွေရှိခဲ့ကြောင်း၊ လူသားတွေ ရဲ့ဖြစ်နိုင်စွမ်း၊လုပ်နိုင်စွမ်းဟာ အဆုံးမရှိဘူးဆိုတာကို သက်သေပြချင်ခဲ့တာပါလို့ Giang Quoc Nghiep ကပြောခဲ့ပါတယ်။

Ref;guinnessworldrecords
SHARE